နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ကမ္ဘောဒီးယား၏ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” စွပ်စွဲချက်များမှာ အထောက်အထားမဲ့ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်

ကမ္ဘောဒီးယားဘက်မှ စွပ်စွဲချက်များဖြစ်သည့် “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” ကျူးလွန်သည်ဆိုသော အချက်အလက်များမှာ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အချက်အလက်ကို အခြေခံသည့် နှစ်နိုင်ငံဆွေးနွေးပွဲများသို့ ပြန်လည်ဦးတည်ရန် ထိုင်းတော်ဝင်စစ်တပ်က တိုက်တွန်းပြောကြားလိုက်သည်။

ထိုင်းစစ်တပ်၏ လုပ်ဆောင်ချက်များသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုများကိုသာ အစဉ်တစိုက် အလေးထားကြောင်း၊ ကမ္ဘောဒီးယားဘက်မှ ပြောကြားချက်များသည် “ အခြေအမြစ်မရှိ” သည့်အပြင် အမှန်တရား ကို လိမ်လည်လှည့်ဖြားထားခြင်းဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

အဆိုပါ တုံ့ပြန်မှုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က Fresh News သတင်းဌာနတွင် ဖော်ပြခဲ့သော ကမ္ဘောဒီးယား၏ ထုတ်ပြန်ချက်အပေါ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသည် နယ်စပ်အရေးနှင့် ပတ်သက်၍ “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုများ” ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း သုဝါရီ (Maj Gen Winthai Suvaree) က အဆိုပါ စွပ်စွဲချက်များသည် အချက်အလက်များကို ဆိုးရွားစွာ မှားယွင်းဖော်ပြထားခြင်း ဖြစ်ပြီး ကမ္ဘောဒီးယားဘက်မှ ဖန်တီးခဲ့သည့် တင်းမာမှုများအတွက် ထိုင်းနိုင်ငံအပေါ် မတရားသဖြင့် အပြစ်ပုံချရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်၏ စစ်ဆင်ရေးများသည် နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ရန် အတွက်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး လိုအပ်ချက်၊ အချိုးအစားညီမျှမှုနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက် နေခြင်း ဖြစ်ကြောင်း ဝင်းထိုင်းက ဆိုသည်။ ထို့အပြင် စွပ်စွဲထားသကဲ့သို့ အရပ်သားများကို တိုက်ခိုက်ခြင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးကို ပျက်ပြားစေခြင်း သို့မဟုတ် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများကို ဖျက်ဆီးခြင်း စသည့် မူဝါဒနှင့် လုပ်ဆောင်ချက်မျိုး ထိုင်းနိုင်ငံတွင် လုံးဝမရှိကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘောဒီးယားသည် ရန်စသည့် အပြုအမူများကို ထပ်တလဲလဲ ပြုလုပ်ခြင်း၊ စစ်အင်အား အသုံးပြုခြင်းနှင့် နိုင်ငံတကာက အသိအမှတ်မပြုထားသော ၎င်းတို့၏ တစ်ဖက်သတ် မြေပုံများကို ကိုးကား၍ သတင်းအမှားများ ဖြန့်ဝေနေခြင်းတို့ကို ပြုလုပ်နေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

စစ်ရာဇဝတ်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုများ သို့မဟုတ် ငြိမ်းချမ်းရေး သဘောတူညီ ချက်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များသည် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ပြောဆိုနေခြင်းဖြစ်ပြီး အခြေအနေကို ဖြေရှင်းရာတွင် အကျိုးမရှိစေသည့်အပြင် အချက်အလက်နှင့် နိုင်ငံတကာဥပဒေများထက် နိုင်ငံရေးအရ အပြောအဆိုသက်သက်ကိုသာ ထင်ဟပ်နေကြောင်း ဝင်းထိုင်းက ထပ်လောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ လူ့အခွင့်အရေးများနှင့် သဘာဝ သယံဇာတ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက် လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားအနေဖြင့် သတင်းအမှားများ ဖြန့်ဝေခြင်းကို ရပ်တန့်ရန်၊ ရန်စသော ပြောဆိုမှုများကို ရှောင်ကြဉ်ရန်နှင့် အချက်အလက်ပေါ် အခြေခံသည့် နှစ်နိုင်ငံ ဆွေးနွေးပွဲများသို့ ပြန်လည်လာရောက်ရန် တိုက်တွန်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ