နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

ထိုင်း

ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ

Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက်

သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း သတင်းပေးပို့ချက်အရ ဒရုန်းထိန်းချုပ်စခန်းအဖြစ် သံသယရှိရသော ဟိုတယ်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့် ၎င်းတို့ထံမှ ဒရုန်း ၁၀ စီး သိမ်းဆည်းရမိကြောင်း လတ်ခရဘန်း (Lat Krabang) ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများ၏ ပြောကြားချက်အရ ၎င်းတို့အား အမည်မဖော်လိုသူ မြန်မာနိုင်ငံသား တစ်ဦးက ထိုင်းနိုင်ငံသို့လာရောက်၍ ဒရုန်းများ လာယူရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဇေထက်အောင် (၃၂ နှစ်)၊ စနေလင်းထက် (၂၄ နှစ်)၊ ကျော်ဇင်ဟိန်း (၂၁ နှစ်) နှင့် သိန်းဇော် (၃၄ နှစ်) တို့ဖြစ်ကြသည်။ လေဆိပ်နှင့် ၃ ကီလိုမီတာခန့်အကွာရှိ လတ်ခရဘန်း လမ်းသွယ် ၃၀/၄ ရှိ Grand BS Airport Hotel Suvarnabhumi ဟိုတယ် ခန်းအတွင်း ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် ၎င်းတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အဆိုပါ ၄ ဦးသည် တနင်္ဂနွေနေ့က ဟိုတယ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ‘ဒေးဗစ်’ (David) အမည်ဖြင့် အွန်လိုင်းမှ ကြိုတင်ဘိုကင် ပြုလုပ် ကာ တည်းခိုခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံထုတ် DJI အမျိုးအစား ဒရုန်း ၁၀ စီးကို အဆိုပါအခန်းအတွင်း သိမ်းဆည်းရမိခဲ့သည်။ သံသယရှိသူများ၏ ထွက်ဆိုချက်အရ ယင်းဒရုန်းများကို မြန်မာနိုင်ငံရှိ ‘ကီဗင်ဇို’ (Kevin Zo) ဟုခေါ်သော အကြီးအကဲထံ ပို့ဆောင်ရန် ညွှန်ကြားခံရခြင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် မြန်မာစစ်တပ်ထံ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

တနင်္ဂနွေနေ့က လေဆိပ်အနီးတွင် ဒရုန်းအများအပြား ပျံသန်းနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်၊ အရေးကြီးသည့် နေရာများတွင် ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်ရန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) က တနင်္လာနေ့တွင် အစီအမံများ အတည်ပြု လိုက်ပြီးနောက် ယခုကဲ့သို့ ဝင်ရောက်ရှာဖွေမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ၎င်းတို့ဝင်ရောက်စီးနင်းခဲ့သည့်နေရာမှာ ဒရုန်းထိန်းချုပ်ရာနေရာ ဖြစ်နိုင်ခြေ ရှိကြောင်း ပြောကြားထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

လက်ရှိတွင် သံသယရှိသူများ၏ ဗီဇာများကို ပယ်ဖျက်လိုက်ပြီး နောက်ထပ်စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

ဖမ်းဆီးရမိတဲ့ ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ် DJI FlyCart 30 အမျိုးအစားတွေဖြစ်ပြီး ဒါတွေဟာ သာမန်ဒရုန်းတွေမဟုတ်ဘဲ အလေးချိန် ၃၀ ကီလိုဂရမ်ကနေ ၄၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တဲ့ အဆင့်မြင့် ကုန်တင်ဒရုန်း (Heavy-duty drones) အမျိုးအစားတွေ ဖြစ်ပါတယ်။

ဒီဒရုန်းတစ်စီးရဲ့ တန်ဖိုးဟာ ဘတ် ၅ သိန်းခန့် ရှိပြီး စုစုပေါင်း ဒရုန်း ၁၀ စီးအတွက် အခွန်အပါအဝင် ဘတ် ၇.၅ သန်း (မြန်မာကျပ်ငွေ သိန်းပေါင်းများစွာ) တန်ဖိုးရှိပါတယ်။

အဆိုပါဒရုန်းတွေကို နွန်သဘူရီ (Nonthaburi) ရှိ ကုမ္ပဏီတစ်ခုကနေ အိုမန်နိုင်ငံ မှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသား တစ်ဦးကတစ်ဆင့် ဝယ်ယူခဲ့တာလို့ သိရပါတယ်။ အဆိုပါ ထိုင်းနိုင်ငံသားဟာ မြန်မာနိုင်ငံက ကီဗင်ချို (Kevin Zo/Kevin Cho) ဆိုသူရဲ့ သူငယ်ချင်းဖြစ်ပြီး အရင်ကလည်း အခုလိုမျိုး ၂ ကြိမ်၊ ၃ ကြိမ်ခန့် ဝယ်ယူပေးခဲ့ဖူးတယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။

ဒရုန်းတွေကို အစိတ်အပိုင်းတွေ ဖြုတ်ပြီး သေတ္တာအသေးတွေနဲ့ ထုပ်ပိုးကာ ကုန်တင်ကား တွေနဲ့ မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆို ချက်အရ ဒီဒရုန်းတွေကို မြန်မာစစ်တပ်ထံ ပြန်လည်ရောင်းချဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသောမြန်မာနိုင်ငံသားများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ