နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

ဖေဖော်ဝါရီလ (၂၆)ရက်။

စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

“ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ (သို့) နိုင်ငံတခုခုက တရားစွဲ ဖမ်းဝရမ်းထုတ်ဖို့ဆိုတာ တော်လှန်ရေးလုပ်သူအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်ကြိုးပမ်းခဲ့တဲ့ အလုပ်တခုပါ။ ဒါ့ကြောင့် စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဆိုလို့ရအောင် လုပ်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဖို့လိုမယ်လို့ ယူဆပါတယ်” လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ကိစ္စကို TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က တော်လှန်ရေးဗျူဟာလွဲချော်တာနဲ့ တာဝန်ခံမှု ကင်းမဲ့တာဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ဖော်ပြထားတာပါ။

“ မအလစစ်ကောင်စီကို စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေအတွက် တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ပြီး လက်တွေ့ကော နိုင်ငံရေးအရပါ ပုံစံအမျိုးမျိုး အရေးယူနိုင်ဖို့လိုပါတယ်။ အာဂျင်တီးနားက တရားစွဲဆိုတဲ့ ၂၀၁၇-၂၀၁၈ ကာလ ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်ပြီး လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ လက်ရှိ အာဏာသိမ်းထားတဲ့ကာလအတွင်းမှာ စစ်အုပ်စု အများကြီး ကျူးလွန်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး မကွေး၊ စစ်ကိုင်း အညာဒေသအပြင် တအာင်းဒေသမှာနဲ့ ကချင်ဒေသတို့အပါအဝင် မြန်မာပြည်အနှံ့မှာ စစ်အုပ်စုက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေရဲ့ သက်သေအများအပြားလဲ အခိုင်အမာရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းကာလထဲ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အာဂျင်တီးနားတရားရုံးမှာ စွဲဆိုတဲ့ အမှုနဲ့ ‌ပေါင်းစပ်ကာ ဖမ်းဝရမ်းမှာပါတဲ့အတိုင်း ဥပဒေအကြောင်းအရ လုပ်ဆောင်ဖို့ကို စဉ်းစားသင့်တယ်လို့လဲ ထည့်သွင်းပြောဆိုထားပါတယ်။

“ အာဂျင်တီးနားက တရားစွဲဆိုတဲ့ ၂၀၁၇-၂၀၁၈ ကာလ ဟာ NLD အစိုးရဖြစ်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရနဲ့ မြန်မာစစ်တပ်က သူ့ဟာသူလုပ်ချင်တာလုပ်နေတယ်လို့ ဘယ်လိုပြောပြော အဲ့ကာလ အစိုးရတာဝန်ယူထားတဲ့ အစုအဖွဲ့က တာဝန်ခံမှုရှိရပါမယ်။ ICJ အတွက် ဂမ်ဘီယာနိုင်ငံကိုတောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးခေါင်းစဉ်နဲ့ ဒီအမှုအတွက် ထိပ်တိုက်ရင်ဆိုင်ခဲ့သေးတာပါပဲ။ အစိုးရတာဝန်ရှိတဲ့ကာလမှာ ဖြစ်သွားတဲ့ ပြစ်မှုကြီးတွေအတွက် တရားစွဲခံရမယ်ဆိုရင် တာဝန်ရှိမှုအနေနဲ့ အမှုကိုရင်ဆိုင်သင့်ပါတယ်” လို့ သူက ဆိုပါတယ်။

၂၀၁၆-၂၀၂၀ကာလထဲ မြန်မာစစ်တပ်က တိုင်းရင်းသားပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပေါ် NLD အစိုးရအနေနဲ့ တာဝန်ခံမှုအပါအဝင် ဘယ်လိုအကြောင်းပြချက်နဲ့ တော်လှန်ရေးနဲ့ ပြည်သူကို ရင်ဆိုင်မှာလဲဆိုပြီး ဗိုလ်ချုပ် တားဘုန်းကျော်က မေးခွန်းထုတ်ထားပါတယ်။

၂၀၁၇ခုနှစ်ထဲ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင်တွေအပြင် သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက တရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 39 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 17 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 30 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ