နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

ဖေဖော်ဝါရီလ (၂၆)ရက်။

စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

“စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ (သို့) နိုင်ငံတခုခုက တရားစွဲ ဖမ်းဝရမ်းထုတ်ဖို့ဆိုတာ တော်လှန်ရေးလုပ်သူအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်ကြိုးပမ်းခဲ့တဲ့ အလုပ်တခုပါ။ ဒါ့ကြောင့် စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဆိုလို့ရအောင် လုပ်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဖို့လိုမယ်လို့ ယူဆပါတယ်”လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ကိစ္စကို TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က တော်လှန်ရေးဗျူဟာလွဲချော်တာနဲ့ တာဝန်ခံမှု ကင်းမဲ့တာဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ဖော်ပြထားတာပါ။

“မအလစစ်ကောင်စီကို စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေအတွက် တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ပြီး လက်တွေ့ကော နိုင်ငံရေးအရပါ ပုံစံအမျိုးမျိုး အရေးယူနိုင်ဖို့လိုပါတယ်။ အာဂျင်တီးနားက တရားစွဲဆိုတဲ့ ၂၀၁၇-၂၀၁၈ ကာလ ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်ပြီး လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ လက်ရှိ အာဏာသိမ်းထားတဲ့ကာလအတွင်းမှာ စစ်အုပ်စု အများကြီး ကျူးလွန်ထားပါတယ်”လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး မကွေး၊ စစ်ကိုင်း အညာဒေသအပြင် တအာင်းဒေသမှာနဲ့ ကချင်ဒေသတို့အပါအဝင် မြန်မာပြည်အနှံ့မှာ စစ်အုပ်စုက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေရဲ့ သက်သေအများအပြားလဲ အခိုင်အမာရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းကာလထဲ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အာဂျင်တီးနားတရားရုံးမှာ စွဲဆိုတဲ့ အမှုနဲ့ ‌ပေါင်းစပ်ကာ ဖမ်းဝရမ်းမှာပါတဲ့အတိုင်း ဥပဒေအကြောင်းအရ လုပ်ဆောင်ဖို့ကို စဉ်းစားသင့်တယ်လို့လဲ ထည့်သွင်းပြောဆိုထားပါတယ်။

“အာဂျင်တီးနားက တရားစွဲဆိုတဲ့ ၂၀၁၇-၂၀၁၈ ကာလ ဟာ NLD အစိုးရဖြစ်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရနဲ့ မြန်မာစစ်တပ်က သူ့ဟာသူလုပ်ချင်တာလုပ်နေတယ်လို့ ဘယ်လိုပြောပြော အဲ့ကာလ အစိုးရတာဝန်ယူထားတဲ့ အစုအဖွဲ့က တာဝန်ခံမှုရှိရပါမယ်။ ICJ အတွက် ဂမ်ဘီယာနိုင်ငံကိုတောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးခေါင်းစဉ်နဲ့ ဒီအမှုအတွက် ထိပ်တိုက်ရင်ဆိုင်ခဲ့သေးတာပါပဲ။ အစိုးရတာဝန်ရှိတဲ့ကာလမှာ ဖြစ်သွားတဲ့ ပြစ်မှုကြီးတွေအတွက် တရားစွဲခံရမယ်ဆိုရင် တာဝန်ရှိမှုအနေနဲ့ အမှုကိုရင်ဆိုင်သင့်ပါတယ်”လို့ သူက ဆိုပါတယ်။

၂၀၁၆-၂၀၂၀ကာလထဲ မြန်မာစစ်တပ်က တိုင်းရင်းသားပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပေါ် NLD အစိုးရအနေနဲ့ တာဝန်ခံမှုအပါအဝင် ဘယ်လိုအကြောင်းပြချက်နဲ့ တော်လှန်ရေးနဲ့ ပြည်သူကို ရင်ဆိုင်မှာလဲဆိုပြီး ဗိုလ်ချုပ် တားဘုန်းကျော်က မေးခွန်းထုတ်ထားပါတယ်။

၂၀၁၇ခုနှစ်ထဲ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင်တွေအပြင် သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက တရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 119 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို