နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲများ ဒုတိယမြောက်နေ့တွင်စစ်ရှောင် လာသူ တစ်သိန်းကျော်ရှိလာခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၅ရက်

ဘန်ကောက်၊ ထိုင်း / ဖနွမ်းပင်၊ ကမ္ဘောဒီးယား -ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အငြင်းပွားနေသော နယ်စပ်တလျှောက်တွင် သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် သေဆုံးပြီး အရပ်သား တစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ကိုလိုနီခေတ်ဟောင်း ပြင်သစ်က တစ်စိတ်တစ်ပိုင်း ပိုင်းခြားထားသော ၎င်းတို့၏ မိုင် ၅၀၀ (၈၀၀ ကီလိုမီတာ) နယ်နိမိတ်မျဉ်းရှိ အငြင်းပွားနေသည့် အပိုင်းများ အတွက် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကြား တင်းမာမှုများ လပေါင်းများစွာ ဆူပွက်ရှိနေခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှ လက်နက်ငယ်များနှင့် လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၄း၃၀ တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ထိုင်းစစ်တပ်၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရီချာ ဆိုခ်ဆူဝနွန်က CNN သို့ ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်က အမြောက်များဖြင့် တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

ဥဘွန်ရတ်ချတ်ဌာနီ (Ubon Ratchathani) ခရိုင်တွင် နေရာနှစ်နေရာနှင့် ဆူရင်(Surin) ခရိုင်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထိုင်းစစ်တပ်က ပြောကြားပြီး နယ်မြေမှ စစ်ရှောင်ရန် ပြည်သူများအား သတိပေးထားသည်။ ကမ္ဘောဒီးယားမှ ပြင်းထန်သော လက်နက်ကြီးနှင့် ဒုံးပျံ များဖြင့်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

.

ကြာသပတေးနေ့တွင် ကမ္ဘောဒီးယားဒုံးကျည်များ၏ ထိမှန်ခံခဲ့ရသော ကန်သာရာလတ် (Kantharalak) ခရိုင်မှ အလောင်းများကောက်ယူခြင်း နှင့်ဗုံးအပိုင်းအစများရှင်းလင်းရေး လုပ်ငန်းများ ကို၎င်း၏တပ်ဖွဲ့ဝင်များက လုပ်ဆောင်နေကြောင်းလည်း သတိပေးထားသည်။

သောကြာနေ့က Reuters သတင်းဌာနမှ မျှဝေသည့် ဗီဒီယိုများတွင် ထိုင်းအမြောက်ဖြင့် ပစ်ခတ်မှုတစ်ခုချင်းစီသည် ကျယ်လောင်သော ပေါက်ကွဲသံများနှင့် မီးခိုးငွေ့များ လေထဲသို့ ထွက်လာသည်ကို ပြသခဲ့သည်။

ကြာသပတေးနေ့ ထိပ်တိုက်တွေ့ဆုံမှုများတွင် အမေရိကန်နှင့်မဟာမိတ် သဘောတူစာချုပ် ချုပ်ဆိုထားသည့်-ထိုင်းနှင့် ၎င်း၏ အိမ်နီးချင်း ကမ္ဘောဒီးယားတို့ကြား လက်နက်ငယ်နှင့် ဒုံးပျံ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွင် ထိုင်းသည် F-16 ဂျက်လေယာဉ်များနှင့် မွှေနှောက်ပျံသန်းပြီး ကမ္ဘောဒီးယားအတွင်း စစ်ဘက်ဆိုင်ရာ ပစ်မှတ်များဟု ဆိုထားသည့်နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နှစ်နိုင်ငံစလုံးသည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး အမေရိကန်နှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိပြီး အမေရိကန်က တင်းမာမှုကို လျှော့ချရန် တောင်းဆို ထားသည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း စစ်ဘက်ဆိုင်ရာ ပစ်မှတ်အများအပြားကို ဒရုန်းများဖြင့် ဗုံးကြဲချသည့် ဗီဒီယိုဖိုင်ကို ထိုင်းစစ်တပ်မှ မျှဝေထားခြင်းကို ပြသခဲ့သည်။ သစ်တော ဧရိယာများအတွင်း ကျရောက်သည့်နေရာများ မီးလောင်ပြီးနောက် မီးခိုးများနှင့် မီးတောက်များ ထွက်ပေါ်လာသည်။ CNN သည် ဗီဒီယိုကို အတည်ပြု၍မရနိုင်ပါ။

ထိုင်းနိုင်ငံတွင် ယခုအချိန်အထိ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင်လည်း အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ဘူရီရမ်၊ ဆူရင်နှင့် စီစကက်ပြည်နယ်တို့ နယ်နိမိတ်ချင်းထိစပ်နေသည့် အောဒါ မင်းချေ (Oddar Meanchey) ပြည်နယ်မှ ပြောရေးဆိုခွင့်ရှိသူ မက်မီစပိ့ဒေး(Met Measpheakdey) က ပြောသည်။ သောကြာနေ့ နံနက်ပိုင်းအထိ တင်းမာမှုများသည် “အရှိန်ပြင်းနေဆဲဖြစ်သည်” ဟု ၎င်းက ဆက်လက်ပြောသည်။

“တိုက်ပွဲတွေနှစ်ဖက်ပစ်ခတ် ဖလှယ်နေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားအာဏာပိုင်များသည် သောကြာနေ့အစောပိုင်းက နေရာနှစ်ခုတွင် ကလပ်စတာခေါ် အစုလိုက်အပြုံလိုက် ဗုံးများကို ထိုင်းစစ်တပ်က အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့သည်။ မှတ်ချက်ပေးဖို့ ထိုင်းစစ်တပ်ကို CNN က ဆက်သွယ်မေးမြန်းထားပါတယ်။

ကမ္ဘောဒီးယားရှိ လူပေါင်း ၄၀၀၀ ကျော်သည် နယ်စပ်အနီးရှိ ၎င်းတို့၏ နေအိမ်များမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဩဂုတ်လမှ အခြားအရာရှိတစ်ဦးကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။

ကြာသပတေးနေ့ က အောဒါ မင်းချေ (Oddar Meanchey) မှ ဗီဒီယိုများ အရ ရွာသားများ သည် ညအမှောင်တွင် ထွက်ပြေး ကြပြီး ပစ္စည်းများ ကို ကားများ ထဲသို့ ထုပ်ပိုးကာ တာလပတ်အမိုးများ အောက်တွင် အိပ် ကြသည် ကို တွေ့ရသည်။

ကြာသပတေးနေ့ညအထိ ထိုင်းလူမျိုး တစ်သိန်းကျော် ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ဆူရင်ပြည်နယ်မှ ဗီဒီယိုဖိုင်တစ်ခုတွင် တက္ကသိုလ်တစ်ခုတွင် ခိုလှုံနေကြသော ရွေ့ပြောင်းပြေးလာသူများသည် ကြမ်းပြင်ပေါ်တွင် ဖျာများပေါ်တွင် လှဲလျောင်းနေပြီး ပလတ်စတစ်ခွက်များဖြင့် စားသောက် နေကြသည်ကို တွေ့ရသည်။

ပြည်နယ်၏အခြားအစိတ်အပိုင်းတစ်ခုတွင်၊ တိုက်ပွဲများကြောင့် တုန်လှုပ်ခြောက်ခြား ခဲ့ရကြောင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလာသူ အင်ဂန်ထရာ ပရာနိုရမ်(Ngerntra Pranoram) က ပြောကြားခဲ့သည်။ “ဒီလိုမဖြစ်စေချင်ပါဘူး။ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ အတွက် ခံစားရပါတယ်။ သူတို့အတွက် ဒီကိုရောက်ဖို့က အရမ်းခက်ခဲပါတယ်” ဟု Reuters ၏ ပြောကြားချက်အရ သိရသည်။ “တချို့လူတွေမှာ ကားတွေရှိတယ်၊ ဒါကောင်းပေမယ့် မသုံးနိုင်တဲ့သူတွေအတွက်တော့ ခက်တယ်။”

နယ်စပ်အငြင်းပွားမှု

ဗုဒ္ဓဟူးနေ့က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားငါးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် မကြာသေးမီအချိန်အတွင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့သော် ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုတို့ တွေ့ဆုံသည့် မြတြိဂံနယ်ခြားနယ်မြေတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များအကြား နှစ်ဖက်တဖက်နှင့်တဖက် ပစ်ခတ်ခဲ့သည့် တိုက်ပွဲတွင် ကမ္ဘောဒီးယားစစ်သားတစ်ဦး ကျဆုံးသည့် မေလကတည်းက တင်းမာမှုများ မြင့်တက်လာခဲ့ရခြင်းဖြစ်သည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြိုင်ဖက်များအဖြစ် ဆက်ဆံရေးရှိသည်။ ၎င်းတို့သည် ကမ္ဘောဒီးယားကို အုပ်စိုးစဉ် ပြင်သစ်က ပုံဖော်ထားသည့် ကုန်းမြေနယ်နိမိတ် မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) ကို မျှဝေထားရာ နယ်မြေအတွင်း စစ်ရေး ပဋိပက္ခများကို အခါအားလျော်စွာ မြင်တွေ့ခဲ့ရပြီးထိုအချက်သည် နိုင်ငံရေး တင်းမာမှုများ၏ ရင်းမြစ်ဖြစ်သည်။

ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ သစ်တီနမ် ပေါင်ဆုဒ်ဟီရတ်ခ်(Thitinan Pongsudhirak) က “နှစ်ဖက်စလုံး၊ ကမ္ဘောဒီးယားနဲ့ ထိုင်းလူမျိုးတွေဟာ သမိုင်းတလျှောက် မကျေမနပ်မှုတွေရှိနေကြပါတယ်” ဟု ပြောသည်။

“ပြင်သစ်က ထိုင်းကနေ သိမ်းယူပြီး ကမ္ဘောဒီးယားကို ပေးတယ်လို့ ထိုင်းတွေက ယူဆတယ်။ ကမ္ဘောဒီးယားက ဒါက သူတို့ရဲ့ ဟိုးရှေးရှေးတုန်းကထဲ သူတို့ ယဉ်ကျေးမှုအရ ပိုင်ဆိုင် ထားတဲ့မြေလို့ ယူဆတယ်၊ နောက်ဆုံးတော့ ဒါက သူတို့ရဲ့မြေပဲ”

သို့ရာတွင်လိုက်ဖက်ညီတဲ့ တိုက်ပွဲတစ်ခုတော့ မဟုတ်ပါ။ ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယား၏ စစ်သားဦးရေနှင့် လက်နက်နှစ်မျိုးလုံးမှာ ထိုင်းရဲ့လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သည် ဝန်ထမ်း ၃၆၁,၀၀၀ သည် ကမ္ဘောဒီးယားနိုင်ငံ၏ လူအင်အား ၏သုံးဆရှိ နေခဲ့သည်။

အမေရိကန်သည် ထိုင်းနိုင်ငံအား နေတိုးမဟုတ်သော အဓိကမဟာမိတ်နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ကာ ဘန်ကောက်တွင် ၎င်း၏လက်နက်အစီအစဉ်များအတွက် ဆယ်စုနှစ်များစွာ အမေရိကန်၏ ပံ့ပိုးကူညီမှုကို ခံစားနိုင်စေခဲ့သည်။

ထိုင်းနိုင်ငံသည် လက်ရှိတွင် မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ သြဇာကြီးသော ခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် တယ်လီဖုန်း ပြောကြားသည့်စကား ပေါက်ကြားမှုကြောင့် ၎င်း၏ ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာ (Paetongtarn Shinawatra )သည် ဇူလိုင်လတွင် တာဝန်မှ ရပ်ဆိုင်းခဲ့ပြီး အငြင်းပွားမှုတွင် မိမိ စစ်တပ်၏ လုပ်ရပ်များကို သူမကဝေဖန်မှုပေါ်ပေါက်လာခဲ့သည်။

ထိုင်းစစ်တပ်သည် နိုင်ငံတော်၏ နိုင်ငံရေးတွင် ကာလရှည်ကြာ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပတ်သက် စွက်ဖက်နေခဲ့ပြီး အာဏာသိမ်းမှု အများအပြားတွင် ရှိခဲ့ပြီး ဒီမိုကရေစီ အစိုးရများကို မကြာခဏ ဖြုတ်ချခဲ့သည်။ ၎င်းသည် ဘုရင်စနစ်၏ အဆုံးစွန်သော ကာကွယ်သူအဖြစ် သူ့ကိုယ်သူ ပုံဖော်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 12 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 17 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 21 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်