နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲက “ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီ ရွေးချယ်ပွဲ” လို့ KNU ပြော

ဩဂုတ်လ (၂၆)ရက်။

စစ်တပ်ကျင်းပမယ့် ‌အတုအယောင်ရွေးကောက်ပွဲကို “ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီ ရွေးချယ်ပွဲ” လို့ KNU က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲက ဥပဒေအရ တရားမဝင်တာ၊ ပြည်သူအားလုံး မပါဝင်နိုင်တာနဲ့ လိုသလို အဖြေထုတ်နိုင်တာတို့ကြောင့် လုံးဝ လက်မခံဘူးလို့ ဆိုပါတယ်။

အဲ့ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဖို့အတွက်သာဖြစ်ပြီး နိုင်ငံရေး အကြပ်အတည်းရဲ့ အဖြေမဟုတ်သလို နိုင်ငံထဲ ပဋိပက္ခကို ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားတာတွေကို ကိုင်တွယ်ဖို့ အသစ်ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကာကွယ်ရေးဥပဒေနဲ့ နိုင်/လွတ်/လုံဥပဒေကို ပြင်ဆင်လိုက်တာက ပြည်သူတွေဟာ အကြောက်တရားအောက်က ဆန္ဒမပါဘဲ ပါဝင်ပေးရမယ့် အခြေအနေလို့ ရေးသားထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားတာက အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို အကောင်အထည်ဖော်ဖို့ မျက်ကွယ်ပြုတာဖြစ်ပြီး နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ ပါဝင်တာက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီသစ် တည်ဆောက်ဖို့အတွက် အဟန့်အတားဖြစ်စေတယ်လို့ ပြောဆိုထားပါတယ်။

KNU အနေနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှုက ရရှိတဲ့ သဘောတူညီမှုနဲ့ ရေးဆွဲပြဋ္ဌာန်းအတည်ပြုမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကိုသာ နိုင်ငံရေးပဋိပက္ခတွေ အဆုံးသတ်နိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူနဲ့ နိုင်ငံရေးပါတီတွေက အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ပြီး “ အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ” ဖြစ်သွားနိုင်တဲ့အတွက် နည်လမ်းပေါင်းစုံနဲ့ ရှောင်ရှားနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့ “ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီ ရွေးချယ်ပွဲ” ကို ကရင်ပြည်သူတွေ၊ ကရင်လက်နက်ကိုင်အဖွဲ့တွေ၊ ကရင်နိုင်ငံရေးအင်အားစုတွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတရပ်လုံးက ပါဝင်တာမပြုဘဲ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့ KNU က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ