စက်တင်ဘာလ (၂၆)ရက်။
NUG ယာယီသမ္မတ ဒူးဝါလရှိလနဲ့ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံချိန်မှာ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်စေဖို့ တော်လှန်ရေးအင်အားစုတွေအကြား ပူးပေါင်းသွားမယ့် ကဏ္ဍတွေကို အကျယ်တဝံ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် တော်လှန်ရေးအင်အားစုတွေအကြား အခုထက် ပိုမိုစည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်အောင် လက်တွဲဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ဖို့၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ဖို့အတွက် ခိုင်မာစွာ ဆက်လက်ဆောင်ရွက်ဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြတယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
KNU ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး တော်လှန်လူငယ်တွေကို သင်တန်းပေးတာတွေရှိကာ စစ်တပ်ကျင်းကမယ့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ တမျိုးသားလုံးတာဝန်နဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းထားပါတယ်။
အခုအခါမှာလဲ KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသလို စစ်တပ်ဘက်က အထိနာနေပြီး တပ်စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
