နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်အမြစ်ပြတ်အောင် အတူလက်တွဲဆောင်ရွက်ဖို့ NUG နဲ့ KNU သဘောတူ

စက်တင်ဘာလ (၂၆)ရက်။

NUG ယာယီသမ္မတ ဒူးဝါလရှိလနဲ့ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တွေ့ဆုံချိန်မှာ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်စေဖို့ တော်လှန်ရေးအင်အားစုတွေအကြား ပူးပေါင်းသွားမယ့် ကဏ္ဍတွေကို အကျယ်တဝံ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးအင်အားစုတွေအကြား အခုထက် ပိုမိုစည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်အောင် လက်တွဲဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ဖို့၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ လူထုသာယာဝပြောမှု‌တို့ကို ဖော်ဆောင်နိုင်ဖို့အတွက် ခိုင်မာစွာ ဆက်လက်ဆောင်ရွက်ဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြတယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

KNU ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး တော်လှန်လူငယ်တွေကို သင်တန်းပေးတာတွေရှိကာ စစ်တပ်ကျင်းကမယ့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ တမျိုးသားလုံးတာဝန်နဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းထားပါတယ်။

အခုအခါမှာလဲ KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသလို စစ်တပ်ဘက်က အထိနာနေပြီး တပ်စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့
မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာတွေမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာ၊ အတတ်ပညာ
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 23 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ကာ
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး