ဇန်နဝါရီလ (၂၇) ရက်။
အိမ်ဖြူတော်က တောင်အမေရိကနိုင်ငံဖြစ်တဲ့ ကိုလံဘီယာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ခွင့်ပြုဖို့ သဘောတူညီခဲ့တယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီလ ၂၆ ရက်နေ့နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နှင့် ကိုလံဘီယာတို့ဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးဖို့ အမေရိကန် စစ်လေယာဉ်နှစ်စင်းကို လက်ခံဖို့ ကိုလံဘီယာရဲ့ ငြင်းဆန်မှုအပေါ် သဘောထားကွဲလွဲနေကြတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကိုလံဘီယာသမ္မတ ပီထရိုတို့ နှစ်ဦးစလုံးဟာ နိုင်ငံအချင်းချင်း အခွန်စည်းကြပ်ဖို့ ခြိမ်းခြောက်ကြပါတယ်။
အမေရိကန်ဟာ ကိုလံဘီယာ ရွှေ့ပြောင်းနေထိုင်သူတွေကို ရာဇ၀တ်ကောင်တွေလို ဆက်ဆံတာမျိုးကို လက်မခံနိုင်ဘူးလို့ ပီထရိုက စစ်လေယာဉ်တွေ ဆင်းသက်ခွင့်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ ထရန့်က ကိုလံဘီယာသွင်းကုန်တွေအပေါ် အရေးပေါ်အကောက်ခွန် 25% နဲ့ ကိုလံဘီယာအရပ်သားတွေအတွက် ခရီးသွားလာခွင့်ပိတ်ပင်မှုအပါအဝင် ပိတ်ဆို့အရေးယူမှုတွေကို ကြေညာခဲ့ပါတယ်။
နာရီအနည်းငယ်အကြာတွင် ပီထရိုက ထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကို ဝေဖန်ခဲ့ပြီး အမေရိကန်အပေါ် 25% အခွန်စည်းကြပ်ခြင်းနဲ့ လက်တုံ့ပြန်မယ်လို့ ကြေငြာခဲ့ပါတယ်။ စစ်လေယာဉ်အသုံးပြုမှုနဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဆက်ဆံတာကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ရွှေ့ပြောင်းအခြေချသူတွေကို အရပ်ဘက်လေကြောင်းသုံးပြီး နေရပ်ပြန်ပို့ရင် လက်ခံဖို့ လမ်းဖွင့်ထားတယ်လို့ သူက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ် (Robert Leavitt) က ကိုလံဘီယာက ရွှေ့ပြောင်းနေထိုင်သူတွေကို အကန့်အသတ်မရှိ ၀င်ခွင့်ပြုဖို့ အမေရိကန်နဲ့ ကိုလံဘီယာတို့ သဘောတူညီခဲ့ကြောင်း ဇန်နဝါရီလ (၂၆) ရက်နေ့ ညနေပိုင်းတွင် ကြေညာခဲ့ပါတယ်။ အမေရိကန် စစ်လေယာဉ်တွေနဲ့ ပို့ဆောင်တာ အပါအဝင် ကန့်သတ်ချက်နဲ့ နှောင့်နှေးမှုမရှိဘဲ ကိုလံဘီယာကို ပြန်ခွင့်ပြုခဲ့ပါတယ်။
အကောက်ခွန်နဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ဆိုင်းငံ့ထားပေမယ့် ကိုလံဘီယာအရာရှိတွေအပေါ် ဗီဇာပိတ်ဆို့မှုတွေနဲ့နဲ့ ကိုလံဘီယာနိုင်ငံသားတွေနဲ့ ကုန်အတင်အပို့တွေအပေါ် တင်းကျပ်တဲ့ အကောက်ခွန်စစ်ဆေးတာကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းနဲ့ ကိုလံဘီယာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့တာရဲ့ ပထမခြေလှမ်းအဖြစ် ပထမလှိုင်းအဖြစ် ကိုလံဘီယာကို ဘေးကင်းစွာ ရောက်ရှိသွားတဲ့အထိ အကျုံးဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီး မူရီလိုကလည်း အမေရိကန်က ပြည်နှင်ဒဏ်ပေးမှုတွေ ပြန်လည်စတင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
သတင်းရင်းမြစ်။ CNN ဂျပန်