နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်

သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက် ကြောင်း ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် စနေနေ့က ဖော်ပြခဲ့သည်။

နှစ်ဖက်စလုံးသည် တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ရန်နှင့် နယ်စပ်ဒေသတွင် နေထိုင်သည့် အရပ်သားများကို နေရပ်ပြန်ခွင့်ပြုရန် သဘောတူညီခဲ့ကြသည်။ အဆိုပါ သီတင်းပတ်များအတွင်း ဖြစ်ပွားခဲ့သော ပြင်းထန်သည့် နယ်စပ်တိုက်ပွဲများကြောင့် အနည်းဆုံး လူပေါင်း ၄၁ ဦး သေဆုံးခဲ့ပြီး လူဦးရေ တစ်သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည်။

အပစ်အခတ်ရပ်စဲရေးသည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၅:၀၀) တွင် စတင်အသက်ဝင်ခဲ့သည်။ အကယ်၍ အပစ်ရပ်မှုသည် ၇၂ နာရီကြာ တည်ငြိမ် နေမည် ဆိုပါက ထိုင်းနိုင်ငံဘက်မှ ဖမ်းဆီးထားသည့် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကိုလည်း ပြန်လွှတ် ပေးသွားမည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

နှစ်နိုင်ငံအကြား ဖြစ်ပွားနေသော တိုက်ပွဲသစ်များကို အဆုံးသတ်ရန် ထိုင်းနှင့် ကမ္ဘောဒီးယား တာဝန်ရှိသူများ ရက်အတော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

ပူးတွဲထုတ်ပြန်ချက်တွင် “ ပဋိပက္ခလျှော့ချရေး” စည်းကမ်းချက်များကို အကျဉ်းချုပ် ဖော်ပြထားပြီး၊ ယင်းတွင် “ အရပ်သားများ၊ အရပ်ဘက်အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံများအပြင် တစ်ဖက်နှင့်တစ်ဖက် စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရပ်တန့်ရန်” တို့ ပါဝင်သည်။

“ နှစ်ဖက်စလုံးအနေဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ တစ်ဖက်တပ်ဖွဲ့များ၏ အခြေစိုက် စခန်းများ ဆီသို့ တိုးချဲ့ခြင်း သို့မဟုတ် တပ်ရွှေ့ပြောင်းခြင်းများကို ရှောင်ကြဉ်ရမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံက ဖမ်းဆီးထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးအား ပြန်လွှတ် ပေးရာတွင် အောက်တိုဘာလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တက်ရောက် ခဲ့သည့် အခမ်းအနား၌ လက်မှတ်ရေးထိုးခဲ့သော “ ကွာလာလမ်ပူ ကြေညာစာတမ်း” ၏ စိတ်ဓာတ်နှင့်အညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ယခုလအစောပိုင်းတွင် တိုက်ပွဲသစ် များ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ပျက်ပြားသွားခဲ့ရသည်။ ထိုစဉ်က အပစ်ရပ်မှု ပျက်ပြား ရခြင်းအတွက် နှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦး အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

ထိုင်းစစ်တပ်ကမူ ထိုင်းနိုင်ငံ စီစကက်ခရိုင် (Si Sa Ket) အတွင်းသို့ ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ ပရာဝိဟီယာခရိုင် (Preah Vihear) တွင် ထိုင်းတပ်ဖွဲ့များက အရင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားအနေဖြင့် တုံ့ပြန်ခြင်းမပြုခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

တိုက်ပွဲများသည် ဒီဇင်ဘာတစ်လလုံး ဆက်လက်ဖြစ်ပွားခဲ့သည်။ သောကြာနေ့ကလည်း ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားရှိ အငြင်းပွားနယ်စပ်ဒေသသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်းလေတပ်ကမူ အရပ်သားများ ထိုဒေသမှ ထွက်ခွာသွားပြီးနောက် ကမ္ဘောဒီးယား၏ “ စစ်ရေးအခြေစိုက်စခန်း” ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်း၊ ကမ္ဘောဒီးယား ဘက်ကမူ အရပ်သားနေအိမ်များကို “ ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခြင်း” ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်အငြင်းပွားမှုများသည် ရာစုနှစ်တစ်ခုထက်မက ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ ယခုနှစ် မေလအတွင်းက ကမ္ဘောဒီးယားစစ်သားတစ်ဦး တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

နှစ်လအကြာ ဇူလိုင်လတွင် နယ်စပ်တစ်လျှောက် ငါးရက်ကြာ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သားနှင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကာ အရပ်သား ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရသည်။

မလေးရှားနိုင်ငံနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အောက်တိုဘာလနှောင်းပိုင်းတွင် နှစ်နိုင်ငံအကြား မရေရာသော အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းလက်မှတ်ရေးထိုးနိုင်ခဲ့သည်။

သမ္မတထရန့်က ယင်းသဘောတူညီချက်ကို “ ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူစာချုပ်” ဟု အမည်ပေးခဲ့သည်။ ၎င်းစာချုပ်အရ နှစ်ဖက်စလုံးသည် အငြင်းပွားဒေသမှ လေးလံသော လက်နက်များကို ရုပ်သိမ်းရန်နှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းရန် သတ်မှတ်ထား သည်။

သို့သော်လည်း နိုဝင်ဘာလတွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ်က လုံခြုံရေး ခြိမ်းခြောက်မှုမှာ “ အမှန်တကယ် လျော့နည်းသွားခြင်းမရှိသေး” ဟု ဆိုကာ အဆိုပါ သဘောတူညီချက်ကို ခေတ္တရပ်ဆိုင်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ