နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

၈၀ ခုနှစ် စစ်မြေပြင်နည်းပရိယာယ်သာ နားလည်သော မြောက်ကိုရီးယားစစ်သားများက ယူကရိန်း- ရုရှားစစ်ပွဲတွင် ပါဝင်နေခြင်း၊

ဇန်နဝါရီလ (၂၈) ရက်။

ဖမ်းမိခံရခြင်းထက် မေးစေ့အောက်တွင် လက်ပစ်ဗုံးကိုထား၍ ဖောက်ခွဲပစ်ခြင်း၊ တိုက်ခိုက်ရေး ဒရုန်းများကို ဆွဲဆောင်ရန် မိမိစစ်သားချင်းကို တည်ကြက်အဖြစ် အသုံးပြုခြင်း၊ ခြေလျင်တိုက်ခိုက်ခြင်းကို ပိုမိုမြန်ဆန်စေရန် ကိုယ်ထည်သံချပ်ကာပြားများနှင့် ခမောက်များကို ဖယ်ရှားခြင်း။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအပေါ် သစ္စာခံမည်ဟု ကတိပြုရေးသားထားခြင်း

ထိုအချက်တို့သည် ရုရှားနယ်စပ် Kursk ဒေသတွင် ယူကရိန်း၏ ကျုးကျော်မှုကို တန်ပြန်ချေမှုန်းရန် နိုဝင်ဘာလကတည်းက တပ်စွဲထားသည့် မြောက်ကိုရီးယားစစ်သားများ အသေခံလုပ်ဆောင်သော ရက်စက်ကြမ်းကြုတ်သည့် နည်းဗျူဟာများဖြစ်သည်။

ရုရှားနိုင်ငံသို့ မြောက်ကိုရီးယား စစ်သား ၁၂,၀၀၀ အထိ စေလွှတ်ထားပြီး တပ်ဖွဲ့ဝင် ၄,၀၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း အနောက်နိုင်ငံထောက်လှမ်းရေး သတင်းများအရ သိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မပြုမီတွင် ပိုမိုတိုးလာဖွယ် ရှိသည့်တိုက်ပွဲ အခြေအနေများကြောင့် မော်စကိုသည် လူအင်အား ပြတ်တောက်မှု ကြုံနေရပြီး ပြုံယမ်းထံမှ စစ်ကူများ ပေးလာရန် မျှော်လင့်ထားကြောင်း ယူကရိန်းကာကွယ်ရေး ထောက်လှမ်းရေးက ဆိုသည်။

CNN သည် ရုရှားအတွက် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားတပ်ဖွဲ့များ၏အခြေအနေကို ရှားရှားပါးပါး ထိုးထွင်း သိမြင်မှု အခွင့်အရေး ရရှိခဲ့သည်။ ယူကရိန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံမေးမြန်းခန်းတွင် CNN သတင်းဌာနက ပြင်းထန်သော တိုက်ပွဲများတွင် ရင်ဆိုင်ခဲ့ရသည့် မြောက်ကိုရီးယားနိုင်ငံသားများက လက်နက်မချဘဲ အသေခံခဲ့ကြကြောင်း သိရသည်။

CNN သတင်းဌာနသို့ မျှဝေထားသည့် ဗီဒီယိုတစ်ခုတွင် ယူကရိန်းစစ်သားတစ်ဦးသည် တိုက်ပွဲများအတွင်း မှောက်လျက်လဲလျောင်းနေသော ဒဏ်ရာရနေသော မြောက်ကိုရီးယားစစ်သားတစ်ဦးထံသို့ ယူကရိန်းစစ်သားက ချဉ်းကပ်လာခဲ့သည်။ ယူကရိန်းစစ်သားက မြောက်ကိုရီးယားစစ်သား အသက်ရှင်မရှင်သိရှိရန် သူ့ခြေထောက်ကို ဆွဲယူလိုက်ချိန်တွင် မြောက်ကိုရီးယားက သူ့ခေါင်းဘေးက လက်ပစ်ဗုံးကို မဖောက်ခွဲခင်မှာ ကိုရီးယားလို အော်ဟစ်ပြီး ဖောက်ခွဲလိုက်ပါသည်။

ယူကရိန်းစစ်သားများသည် လျင်မြန်စွာ ပစ်ခတ်ပြီးဝမ်းလျားထိုး၍ ရှောင်လိုက်ကြသည်။ ကိ့ဗ်ကို အကူအညီပေးသည့် တောင်ကိုရီးယားလွှတ်တော်အမတ်များက ဗီဒီယိုထဲက ကိုရီးယားစစ်သား နောက်ဆုံး အော်သွားသည့်စကားမှာ “ ဗိုလ်ချုပ်ကြီး ကင်ဂျုံအွန်း” ဖြစ်ကြောင်း ပြောပြခဲ့သည်။

“ သူတို့က လက်ပစ်ဗုံးတွေ သုံးတယ် အဓိပ္ပါယ်က သူတို့ကိုယ်သူတို့ သတ်သေဖို့ အဲ့ဒါနဲ့ဖောက်ခွဲ နိုင်တယ် ဆိုတာပဲ” ဟု အခြားသော ယူကရိန်းစစ်သားများ CNN နှင့် စကားပြောခဲ့သည့် အထူးစစ်ဆင်ရေး တပ်ဖွဲ့ ၆ မှ တပ်မှူးတစ်ဦးက လုံခြုံရေး အကြောင်းပြချက်အဖြစ် သူ့အမည်ရင်း ကို မပြောဘဲ အမည်လွှဲအဖြစ် ပိုကီမွန် (Pokémon) အမည်ကို သုံးပြီးပြောကြားခဲ့သည်။

ပိုကီမွန်က “သူတို့ကို လက်နက်ချဖို့ ခေါ်ယူဖို့ ကြိုးစားပေမယ့်လည်း သူတို့က နောက်ဆုံး သေတဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်သွားကြတယ်” ဟု ပြောကြားခဲ့သည်။

ယူကရိန်း၏ စစ်မြေပြင် လက်တွေ့ဖြစ်စဥ်များအပေါ် မြောက်ကိုရီးယားမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဟု ၎င်းက ပြောကြားခဲ့ပြီး ခေတ်သစ်ဒရုံးစစ်ဆင်ရေးနှင့် ရှေးကျသော ကတုတ်ကျင်းတို့အကြား စစ်ပွဲကွာခြားမှုကြောင့် သိသိသာသာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်စေခဲ့သည်။

မြောက်ကိုရီးယားစစ်သားများသည် “ ငယ်ရွယ်ပြီး လေ့ကျင့်ထားသော၊ မာကျောသော တိုက်ခိုက်ရေးသမားများ” ဖြစ်ကြသော်လည်း ၎င်းတို့သည် ယူကရိန်းစစ်ပွဲကို ပြောင်းလဲစေသည့် UAV (မောင်းသူမဲ့လေယာဉ်) ကို ယခင်က ရင်ဆိုင်ဖူးခဲ့ကြမည် မဟုတ်ကြောင်း ပိုကီမွန်က ပြောကြားခဲ့သည်။ “သူတို့က ၁၉၈၀ ခုနှစ် စစ်ပွဲတုံးကလို အခြေအနေအတွက်ကိုသာ အကောင်းဆုံး ပြင်ဆင်လာကြတာ” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံသား CNN နှင့် စကားပြောဆိုရာတွင် မြောက်ကိုးရီးယားများသည် ကြီးမားသော ဆုံးရှုံးမှုများအကြားမှ ရှေ့တန်းမှ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း‌ပြောပြကြသည်။

တပ်ခွဲမှူး အာမာ(Amur) က မြောက်ကိုရီးယားနိုင်ငံသားအချို့သည် ၎င်းတို့၏ခမောက်များနှင့် လေးလံသော အကာအကွယ်ပြားများကို ၎င်းတို့ကို ပေါ့ပါးစေရန်နှင့် ယူကရိန်းနေရာများကို လျင်မြန်စွာ ချီတက်ချေမှုန်းနိုင်စေရန်အတွက် ၎င်းတို့၏ခမောက်နှင့် ကိုယ်ထည် အကာအရံများ ကို ချွတ်ထားခဲ့ကြ ကြောင်း ပြောကြားခဲ့သည်။

“သူတို့က သွက်သွက်လက်လက်နဲ့ ပြေးတတ်ပြီး လှုပ်ရှားတာ အရမ်းမြန်တယ်” ဟု ၎င်းက ဆိုသည်။ “အထူးသဖြင့် ဒရုန်းတွေနဲ့ လိုက်ဖမ်းရခက်တယ်” ဟု အာမာ(Amur) ကဆိုသည်။ ယူကရိန်းကာကွယ်ရေးဆီသို့ သွယ်ဝိုက်လမ်းကြောင်းဖြင့် မျဉ်းဖြောင့်အတိုင်း မပြေးစေရန် လေ့ကျင့်ထားသကဲ့သို့ မကြာခဏ ထိုးဖောက်ရန် လုပ်ကြောင်းလည်း ရှင်းပြသည်။

မြောက်ကိုရီးယားနိုင်ငံသားများသည် သူတို့သွားရာလမ်းတွင် တင့်ကားဆန့်ကျင်ရေးမိုင်းများကို လမ်းများပေါ်တွင် ချထားခဲ့ကြသည်ဟု အာမာက ပြောသည်။ “ခိုလှုံရာအမိုးအကာတိုင်း၊ ကားတိုင်းကို တင့်ကားဖျက် လောင်ချာတွေနဲ့ သူတို့က ဖျက်ဆီးပစ်တယ်။ သူတို့က အရမ်းမြန်တယ်” ဟု ပြောသည်။

အာမာသည် ကျဆုံးသွားသော မြောက်ကိုရီးယားစစ်သားများထံမှ ရရှိသော အိတ်အသစ်တစ်ခု အပါအဝင် စစ်လက်နက်ပစ္စည်းများကို ပြသခဲ့ရာ အထဲတွင် အသက်ရှင်သန်ရန်အတွက် အစားအစာ အနည်းငယ်သာ ပါရှိသော်လည်း ခဲယမ်း မီးကျောက်များကိုမူ အပြည့် သယ်ဆောင်လာသည်ဟု အာမာက ပြောပြသည်။

“ သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေအနည်းဆုံး၊ တစ်လီတာပုလင်း သေးသေးလေးတွေပဲရှိတယ်” “ဦးထုပ်မရှိ၊ ပုဝါမရှိဘူး၊ ဘာနွေးထည် အပိုအ၀တ်အစားမှ မရှိဘူး” ဟု အာမာက ပြောသည်။

မြောက်ကိုရီးယားစစ်သား အများစုတွင် ခေတ်မီရုရှာလက်နက်ပစ္စည်းများကို ထုတ်ပေးထားသည်။ မဂ္ဂဇင်း ၁၀ ခု၊ လက်ပစ်ဗုံး ၅ လုံးမှ ၁၀ လုံး၊ စက်သေနတ်၊ ကျည်များနှင့် မိုင်းများပါရှိသည်ဟု အာမာမှ ပြောကြားခဲ့သည်။ မြောက်ကိုရီးယားစစ်သားသည် စံနှုန်းထုတ် AK-47 ၏ မော်ဒယ်အသစ်ဖြစ်သော AK-12 ချေမှုန်းရေးရိုင်ဖယ်ကို ကိုင်ဆောင်ထားကြောင်း အာမာက ပြောကြားခဲ့သည်။

ငွေစက္ကူ၊ စစ်ဘက်ဆိုင်ရာ အထောက်အထား ID အတုများ တွေ့ရှိခဲ့သည်။

ယခုလအစောပိုင်းတွင် ယူကရိန်းသည် ဒဏ်ရာရရှိထားသည့် မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့ကို ကိုရီးယားစကားပြောဆိုသည်ကို သိရှိရပြီး မော်စကိုအတွက် ပြုံယမ်း၏ ခိုင်မာသော စစ်ရေးထောက်ပံ့မှုကို သက်သေအဖြစ် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

ယူကရိန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့များသည် စစ်သားတစ်ဦးကို ဖမ်းမိသည့်အခြေအနေကို CNN သို့ မျှဝေခဲ့သည်။ ယင်းဗီဒီယိုတွင် ယူကရိန်းစစ်သားများက ၎င်းတို့၏ ကာရံထားသည့် ဘလိတ်ကြိုး သံဆူးကြိုးခွေ နှင့် မြေမြှုပ်မိုင်းများမှ ဘေးကင်းရာသို့ နာကျင်တုန်လှုပ်နေသော မြောက်ကိုရီးယား စစ်သားတစ်ဦးကို သယ်ဆောင်သွားသည့် ဗီဒီယိုကို ပြသထားသည်။

မြောက်ကိုရီးယား စစ်သားကို အသက်ရှင်လျှက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း မပြုနိုင်ရန် ရည်ရွယ်၍ ရုရှား၏ ပစ်ခတ်မှုမှာ ပိုမို ပြင်းထန်လာသည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် လူသေများထံမှ DNA နမူနာများဖြစ်သော တံတွေးနှင့် ဆံပင်များကိုစုဆောင်းယူဆောင်ခဲ့ပြီး ၎င်းတို့သည် အရှေ့အာရှမှ ဖြစ်ကြောင်း ပြသခဲ့ပြီး မြောက်ကိုရီးယား ပါဝင်ပတ်သက်မှု၏ နောက်ထပ်အထောက်အထားများကိုပေးခဲ့သည်။

ဗီဒီယိုထဲမှာကိုယ့်ကိုယ်ကို လက်ပစ်ဗုံး ဖောက်ခွဲအသေခံသွားသည့် မြောက်ကိုရီးယားစစ်သားသည်အသက် ၂၉ နှစ်အရွယ် မက်ချတ်ဟု အမည်ရသည့် ရုရှားစစ်တပ် မှတ်ပုံတင် ID အတုကို ကိုင်ဆောင်ထားကြောင်း တွေ့ရပြီး ထိုမှတ်ပုံတင်အရ သူသည် အောက်တိုဘာလတွင် ရုရှားစစ်တပ်၌ ပါဝင်ခဲ့ပြီး မွန်ဂိုလီးယားအနီးရှိ ရုရှားနယ်စပ်ရှိ တူဗာ (Tuva) ဒေသမှဖြစ်ကြောင်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

အခြားမြောက်ကိုရီးယားစစ်သားများ၏အလောင်းများတွင် အခြားမှတ်စုများနှင့် စာရွက်များကို ယူကရိန်းစစ်သားများထံတွင် CNN က တွေ့ရှိခဲ့ပါသည်။


စာရွက်တစ်ရွက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) ကို သစ္စာခံပြီး တိုက်ပွဲတွင် အောင်ပွဲခံမည်ဖြစ်ကြောင်း ကတိပြုထားပါသည်။ ကျန်ရစ်သူမိသားစုများကို ကာကွယ်ရန်အတွက် တိုက်ပွဲတွင် ကျဆုံးပါက စစ်သား၏ သစ္စာစောင့်သိမှုကို အလေးပေးဖော်ပြရန် ရည်ရွယ်ထားခြင်း ရှိမရှိ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားကို အမှန်တကယ် ထင်ဟပ်စေခြင်း ရှိမရှိ မရှင်းလင်းပါ။

အလောင်းများမှ ထုတ်ယူရရှိသည့် နောက်ထပ် အချက်အလက်သည် မြောက်ကိုရီးယား၏ တိုက်ခိုက်ရေးစွမ်းရည်ကို ချီးမွမ်းပြီး ၎င်းတို့၏ရန်သူ ယူကရိန်းကို လှောင်ပြောင်ထားခဲ့သည်။

“အမည်မသိသူတွေအတွက် သေမင်းရဲ့တူနဲ့ ရုပ်သေးအမှိုက်တွေကို ရှင်းလင်းဖို့က မဝေးတော့ပါဘူး။ ကျွန်ုပ်တို့ ကြီးမားသော အင်အားကို ကိုင်စွဲထားပြီး သူတို့ကို ကြောက်ရွံ့ တုန်လှုပ်စေမယ်။ ဘယ်သူမှကျွန်ုပ်တို့ကို မလွှမ်းမိုးနိုင်ဘဲ သေချာပေါက်အနိုင်ယူမယ့် တိုက်ပွဲ ဖြစ်တယ်” ဟု ရေးသားထားသည်။


နောက်ထပ်မှတ်စုတစ်ခုတွင် “ကျွန်တော်က ယှဉ်မနိုင်တဲ့ ရဲစွမ်းသတ္တိကို အပြည့်အဝ ပြသမယ်။ ကမ္ဘာကြီးရေ အနီးကပ်ကြည့်လိုက်ပါ ” ဟု ရေးသားထားသည်။

‘သစ္စာမဲ့ခြင်း’ လုပ်ရပ်များကို မှတ်တမ်းတင်ထားခြင်း

စာတမ်းများကို ပြန်လည်သုံးသပ်ခဲ့သော ယူကရိန်းအရာရှိများက မြောက်ကိုရီးယားတပ်များသည် ရုရှား၏စစ်ပွဲတွင် ၎င်းတို့၏ပါဝင်ပတ်သက်မှုကို သူတို့နိုင်ငံနားတွင်ရှိသော အနာဂတ်ပဋိပက္ခများတွင် သူတို့ခေါင်းဆောင်ကို ကူညီရန် တိုက်ပွဲအတွေ့အကြုံရရှိရန် အခွင့်အလမ်းအဖြစ် ယူဆကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် စစ်အင်အားအများဆုံး လူ့အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁.၂ သန်းနှင့် အသက် ၁၇ နှစ်မှစ၍ မဖြစ်မနေ စစ်မှုထမ်းနေရသော်လည်း ကိုရီးယားစစ်ပွဲနောက်ပိုင်း စစ်မြေပြင်သို့ အတွေ့အကြုံ အလွန်နည်းပါးခဲ့ပြီး၊ တောင်နှင့်‌ မြောက်ကိုရီးယားအဖြစ် ရန်လိုမှုများရှိလာခဲ့သော်လည်း ၁၉၅၃ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ကြောင့် ရပ်တန့်နေခဲ့သည်။

‌မြောက်ကိုရီးယား အရာရှိတစ်ဦးရေးသားသော နောက်ထပ်စာတမ်းတွင် မြောက်ကိုရီးယား လက်အောက်ခံငယ်သားများက သစ္စာမဲ့သည့်လုပ်ရပ်များကို မှတ်တမ်းတင်ထားသည့် စာတမ်းတစ်ခုဖြစ်သည်။ အာဏာရှင်နိုင်ငံတော်တွင် နိုင်ငံသားများ အချင်းချင်း သတင်းပေးရန် တိုက်တွန်းသည့် ဘုံအလေ့အထဖြစ်သည်ကို တွေ့ရသည်။

စစ်သားတစ်ဦးသည် “ရိက္ခာများကို ခိုးယူခြင်းဖြင့် မထင်မှတ်လောက်သော အရှက်ရဖွယ် လုပ်ရပ်တစ်ခုတွင် ပါဝင်ခဲ့သည်” ဟု မှတ်ချက်တစ်ခုတွင် ဖော်ပြထားသည်။ အခြားစစ်သားတစ်ဦးသည် “ စစ်သေနာပတိချုပ်ကြီး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ပြီး ၎င်း၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများက အားလုံးထက် ကျော်လွန်ခဲ့သည်” ဟု ဖော်ပြခဲ့သည်။


အခြားစာရွက်များတွင် မြောက်ကိုရီးယားတပ်ဖွဲ့၏ ရေဒီယိုကုဒ်များပါရှိပြီး ဒရုန်းတိုက်ခိုက်မှုများကို တန်ပြန်ရန် နည်းဗျူဟာသစ်များပါရှိသည့် မှတ်စုများပါရှိကြောင်း တွေ့ရှိရသည်။ အာမာက မြောက်ကိုရီးယားတို့သည် ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ကျနော့်တပ်ဖွဲ့က သူတို့ရဲ့ ခေါင်းပေါ် လက်ပစ်ဗုံးနဲ့ ပစ်ချရုံနဲ့ တစ်ရက်ကို ရန်သူစစ်သား အယောက် ၃၀ လောက်ကို သုတ်သင် နိုင်တယ်။ သူတို့က ဘယ်လိုတုံ့ပြန်ရမှန်း မသိဘူး” ဟု ပြောသည်။

“မောင်းသူမဲ့လေယာဉ်များကို မည်ကဲ့သို့ ဖျက်ဆီးနည်း” ဟု တံဆိပ်တပ်ထားသည့် လက်ရေးဖြင့်ရေးထားသော မြောက်ကိုရီးယားမှတ်စုတွင် စစ်သားများကို ငါးစာအဖြစ် အသုံးပြုရန် အကြံပြုထားသည်။

“ဒရုန်းတစ်စီးကို တွေ့လိုက်တဲ့အခါ ၁၀-၁၂ မီတာ အကွာအဝေးမှာ လူ ၃ ယောက်မှာ တစ်ယောက်က ခြွင်းချက်မရှိ အမြင်ခံဆွဲဆောင်ပြီး ကျန်နှစ်ယောက်က ချိန်ရွယ်ပြီးပစ်ပါ။

“နောက်နည်းလမ်းတစ်ခုကတော့ ဗုံးဆံတွေဟာ တူညီတဲ့ တွင်းထဲကို ထပ်မကျတဲ့အတွက် အဲဒီတွင်းထဲကို ဝင်နေတာဖြစ်တယ်…” ဟု ရေးသားထားပါသည်။
မီတာတစ်ရာခန့်အကွာအဝေးမှမောင်းသူမဲ့လေယာဉ်များကိုပစ်ချရာတွင် မြောက်ကိုရီးယားနိုင်ငံသားများသည် မီတာတစ်ရာခန့်အကွာအဝေးမှ ပစ်ချသည့် စွမ်းရည်ပြသခဲ့ပြီး မြောက်ကိုရီးယားတွင် အဆင့်မြင့်ရန် လေ့ကျင့်ရေး ပြုလုပ်ထားခဲ့သည်ဟု ယူကရိန်း စစ်သားတစ်ဦးမှ CNN သို့ပြောကြားခဲ့သည်။ “တယောက်က အမြင်ခံ (ငါးစာအဖြစ်) နေရတဲ့သူတစ်ယောက်ပါ။ သူ့ဘေးနားမှာ လူနှစ်ယောက် သုံးယောက်က မတ်တပ်ရပ်ပြီး ဒရုန်းကို တိုက်ရိုက်ပစ်ချတယ်။”

၎င်းတို့သည် ရက်စက်သောရန်သူများ ဖြစ်ကြကြောင်း အာမာက ပြောပြခဲ့သည်။

“သူတို့က ကျွန်တော်တို့လူတွေကို အကျဉ်းသားတွေ အဖြစ်မထားဘူး။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအားလုံးကို သူတို့က ဦးခေါင်းနောက်ကို ပစ်ပြီးသတ်ပစ်ကြတယ်”

သတင်းရင်းမြစ်။ CNN

အထူးစစ်ဆင်ရေး တပ်ဖွဲ့ ၆ မှ တပ်မှူး ပိုကီမွန် (Pokémon) အမည်လွှဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 49 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက