နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်ကုမ္ပဏီ DeepSeek က တန်ဖိုးနည်း AI မော်ဒယ်လ်ကို ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်စတော့ဈေးကွက် ထိုးကျသွား

ဇန်နဝါရီလ (၂၈) ရက်။

အမေရိကန်စတော့ရှယ်ယာစျေးနှုန်းများသည် ဇန်နဝါရီလ (၂၇) ရက် အင်္ဂါနေ့တွင် ကျဆင်းသွားပြီး ဉာဏ်ရည်တု (AI) တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီကြီး Nvidia သည် စျေးကွက်အရင်းအနှီးမှ ဒေါ်လာ ၆၀၀ ဘီလီယံနီးပါး ဆုံးရှုံးသွားခဲ့သည်။ တရုတ် AI ကုမ္ပဏီ Deepseek ၏ အံ့အားသင့်ဖွယ် တိုးတက်မှုများသည် ပြိုင်ဘက်မရှိဟု ယုံကြည်ရသော အမေရိကန် နည်းပညာလုပ်ငန်းကို ခြိမ်းခြောက်လာနေသည်ဟု ရှုမြင်ကြသည့်အတွက်ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်က သက်တမ်းတစ်နှစ်သာရှိသေးသည့် တရုတ်ကုမ္ပဏီဖြစ်သည့် Deepseek သည် “ R1” ဟုခေါ်သော “ ChatGPT” ကဲ့သို့သော မျိုးဆက်သစ် AI မော်ဒယ်ကို ထုတ်ဖော်ပြသခဲ့သည်။ ဤမော်ဒယ်တွင် ရင်းနှီးပြီးသား အင်္ဂါရပ်များ ပါရှိပြီး OpenAI၊ Google နှင့် Meta တို့မှ နာမည်ကြီး AI မော်ဒယ်များနှင့်နှိုင်းယှဉ်လျင် ကုန်ကျစရိတ် အနည်းငယ်ဖြင့် လုပ်ဆောင်ပါသည်။ အခြေခံမော်ဒယ်အတွက် ကွန်ပြူတာစွမ်းအင်အတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်းသာ သုံးစွဲခဲ့သည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ ဤအချက်သည် AI နည်းပညာအတွက် အမေရိကန် ကုမ္ပဏီများ သုံးစွဲနေသည့် ဒေါ်လာဘီလီယံပေါင်းများစွာနှင့် နှိုင်းယှဉ်စရာ မလိုအောင် နည်းလှသည်။

ဇန်နဝါရီလ (၂၇) ရက်တွင် Deepseek ၏ကြေညာချက်သည် စျေးကွက်များ အထူးသဖြင့် နည်းပညာကဏ္ဍကို တုန်လှုပ်ချောက်ချားစေခဲ့ပါသည်။

နည်းပညာကုမ္ပဏီ အများအပြားပါတွင်သည့် Nasdaq သည် 3.1% ကျဆင်းခဲ့ပြီး S&P 500 သည် 1.5% ကျဆင်းခဲ့သည်။

သမ္မတထရန့်ကို ထောက်ခံသူ၊ ကမ္ဘာ့ထိပ်တန်း အိုင်တီရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးဖြစ်သူ Marc Andreessen က Deepseek က “ကျွန်တော်မြင်ဖူးသမျှ အံ့ဩစရာအကောင်းဆုံး တိုးတက်မှုတွေထဲက တစ်ခု” ဖြစ်သည်ဟု ၎င်း၏ X (ယခင် Twitter) အကောင့်တွင် ပြောဆိုထားပါသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကိုးကား၍ အမေရိကန်သည် တရုတ်နိုင်ငံသို့ အဆင့်မြင့် AI ချစ်ပ်များ ထောက်ပံ့မှုကို ကန့်သတ်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့်အတွက် လူသိများသော AI startup မှ ဤအောင်မြင်မှုသည် ပို၍ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် DeepSeek သည် စွမ်းဆောင်ရည်နည်းသော AI ချစ်ပ်ကို အသုံးပြု၍ တန်ဖိုးနည်းမော်ဒယ်ကို ဖန်တီးနိုင်သည်ကို ပြသနိုင်သောကြောင့်ဖြစ်သည်။

အဆိုပါ ကြေညာချက်သည် နည်းပညာမဟုတ်သော ကုမ္ပဏီများတွင် Wall Street ၏ ရင်းနှီးမြုပ်နှံမှုတွင် ကြီးမားသော အပြောင်းအလဲတစ်ခုအဖြစ် အမှတ်အသားပြုခဲ့သည်။

AI ဒေတာစင်တာများသည် လျှပ်စစ်ဓာတ်အား အမြောက်အမြား လိုအပ်သောကြောင့် စွမ်းအင်ကုမ္ပဏီများ၏ ရှယ်ယာများသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။ သို့သော် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကုမ္ပဏီအားလုံးအတွက် စတော့ရှယ်ယာဈေးများလည်း သိသိသာသာ ကျဆင်းသွားသည်။

ဓာတ်အားပေးစက်များတွင် အသုံးပြုသည့် သဘာဝဓာတ်ငွေ့၏ အနာဂတ်ဈေးနှုန်းသည် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရေနံစိမ်းမှာလည်း ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

အမေရိကန်သာ AI ကဏ္ဍတွင် အမေရိကန်ကုမ္ပဏီများသာ ဦးဆောင်နိုင်သည်ဆိုသည့်အမြင်ဖြင့် ရင်းနှီးမြှပ်နှံသူများက အမေရိကန် ကုမ္ပဏီများသို့ အမြောက်အများ ရင်းနှီးမြှုပ်နှံကြပါသည်။ DeepSeek တန်ဖိုးနည်းမော်ဒယ်ကို မိတ်ဆက်လိုက်သည့်အခါ ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ကုမ္ပဏီများတွင် ရင်းနှီမြှုပ်နှံမှုများမှ ပြန်ဆုတ်လိုက်သည့်အတွက် ဈေးကွက်ပြုတ်ကျသွားရခြင်း ဖြစ်သည်။

အမေရိကန်သမတထရန့်ကိုယ်တိုင် တရုတ်နည်းပညာကုမ္ပဏီ DeepSeek ကြောင့် အမေရိကန်နည်းပညာကုမ္ပဏီများ ပြိုင်ဆိုင်မှုတွေကို အာရုံစိုက်ရန် နိုးထဖို့လိုပြီဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ