နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဝါရှင်တန်ပြည်နယ်ဖဒရယ်တရာရုံးက ထရန့်၏ ဖက်ဒရယ်ထောက်ပံ့ကြေး ယာယီဆိုင်းငံ့ရန် ကြိုးပမ်းမှုကို အတည်မပြုမီ မိနစ်ပိုင်းအတွင်း ယာယီပိတ်ပင်

ဇန်နဝါရီလ (၂၉) ရက်။

ဖက်ဒရယ်ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် အခြားဘဏ္ဍာရေးအကူအညီများကို ဆိုင်းငံ့ထားရန် ထရန့်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အသစ်ကို ဗဟိုတရားသူကြီးတစ်ဦးဖြစ်သည့် လော်ရင်အာလီခန်းက ယာယီပိတ်ဆို့ထားသည်။

ဝါရှင်တန်ရှိ အမေရိကန်ဖက်ဒရယ်တရားရုံးမှ တရားသူကြီး လော်ရင် အာလီခန်းသည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အဆိုပါအမိန့် အသက်မဝင်မီ မိနစ်ပိုင်းအလိုတွင် တားမြစ်ချက်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ယာယီ တားမြစ်ခြင်းသည် ယင်းအမှုကို အကျိုးရှိမရှိ စီရင်ဆုံးဖြတ်ခြင်း မဟုတ်ကြောင်းနှင့် ယင်းအမှုကို ရေရှည် ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်သင့်မသင့် ဆုံးဖြတ်ရန်အတွက် ဖေဖော်ဝါရီ ၃ ရက်တွင် ထပ်မံကြားနာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တားမြစ်ချက်သည် ဖက်ဒရယ်အေဂျင်စီများအား ပေးအပ်ထားပြီးဖြစ်သည့် အကူအညီအတွက်သာ အကျုံးဝင်ပြီး ထရန့် အစိုးရ၏ ရန်ပုံငွေအသစ်ကို ဆိုင်းငံ့ခြင်းမှ တားဆီးထားခြင်းမရှိပါ။

ထောက်ပံ့ကြေးများနှင့် အခြားငွေပေးချေမှုများကို ဆိုင်းငံ့ခြင်းအား အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၏ ညွန့်ပေါင်းအဖွဲ့မှ ကန့်ကွက်တရားစွဲဆိုထားပြီး ယာယီဆိုင်းငံ့မှုပင်လျှင် “ ကျွန်ုပ်တို့၏ နိုင်ငံသားများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ အသေးစား အလတ်စား လုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုများ၊ LGBTQ အသိုက်အဝန်းအတွက် ပရိုဂရမ်များစသည့် “နိုင်ငံသားများနှင့် အသက်ကယ်သည့် ဝန်ဆောင်မှုများ” ချက်ချင်းဆုံးရှုံးသွားစေနိုင်သည်ဟု ပြောဆိုခဲ့သည်။

စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး (OMB) မှ ယာယီညွှန်ကြားရေးမှူး Bass က ဇန်နဝါရီလ ၂၇ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့သော စာရွက်စာတမ်းအရ ထောက်ပံ့ကြေးအား ရပ်ဆိုင်းထားမှုသည် ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် စတင်အကျုံးဝင်မည်ဖြစ်သည်။

သမ္မတထရန့်၏ ယခင်သမ္မတအမိန့်များတွင် ပစ်မှတ်ထားခဲ့သည့် “ ဖက်ဒရယ်ဘဏ္ဍာရေးအကူအညီ” နှင့် အခြားအစီအမံများကို ယာယီရပ်ဆိုင်းရန် အစိုးရအေဂျင်စီများအား တောင်းဆိုခဲ့သည်။ ၎င်းတို့တွင် နိုင်ငံခြားအကူအညီများအပေါ် ကန့်သတ်ချက်များအပြင် မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှု (DEI) ပရိုဂရမ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျားမရေးရာနှင့်ပတ်သက်သော အစီအစဉ်များနှင့် အစိမ်းရောင်စွမ်းအင်ဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း ပါဝင်သည်။

ယခုအကြိမ် အစိုးရ၏ညွှန်ကြားချက်များနှင့်ပတ်သက်ပြီး ဇန်နဝါရီလ (၂၈) ရက်နေ့ ညနေပိုင်းတွင် ပြည်နယ် ၂၀ ကျော်မှရှေ့နေချုပ်များသည် Rhode Island ရှိ ဖက်ဒရယ်တရားရုံးတွင် ပူးတွဲတရားစွဲဆိုခဲ့သည်။ အမှုနှစ်ခုစလုံးတွင် တရားလိုများသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်ရန် ကြိုးပမ်းနေပါသည်။

အိမ်ဖြူတော်၏တုံ့ပြန်မှု

အိမ်ဖြူတော်က ဖက်ဒရယ်တရားသူကြီး၏ အမိန့်ကို ချက်ချင်း မှတ်ချက်မပေးဘဲ အခွန်ထမ်းငွေကို ထိန်းချုပ်ခြင်းအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပဋိပက္ခ ဖြစ်နိုင်ချေကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေကြောင်း အေပီသတင်းအရ သိရသည်။

ဓာတ်ပုံ

ဝါရှင်တန်ရှိ အမေရိကန်ဖက်ဒရယ်တရားရုံးမှ တရားသူကြီး လော်ရင်အာလီခန်း

အချက်အလက်။

လော်ရင်အာလီခန်း (Loren AliKhan) ဆိုသည်မှာ ဘယ်သူလဲ။

မူလမျိုးရိုးမှာ ပါကစ္စတန်မှဖြစ်ပြီး ဖခင်မှာ ဗြိတိသျှအစိုးရလက်ထက် အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့ပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ခွဲထွက်ခဲ့သည့် ပါကစ္စတန်နိုင်ငံတွင် နေထိုင်ခဲ့သည်။ ဖခင်သည် နှလုံးအထူးကုဆရာဝန် ဖြစ်ပြီး မိခင်မှာ သူနာပြုဆရာမ ဖြစ်သည်။

သူမကို မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးတွင် မွေးဖွားခဲ့ပြီး၊ သူမသည် ၂၀၀၃ ခုနှစ်တွင် Simon’s Rock ရှိ Bard ကောလိပ်မှ ဝိဇ္ဇာဘွဲ့နှင့် ၂၀၀၆ ခုနှစ်တွင် Georgetown University Law Center မှ ဥပဒေပါရဂူဘွဲ့ကို ရရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 41 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 43 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 49 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်