နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

ဩဂုတ်လ (၂၉)ရက်။

တော်လှန်ရေးတပ်‌တွေ စိုးမိုးထားတဲ့ မတ္တရာဒေသရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တို့ဟာ မတ္တရာဒေသကို သိမ်းပိုက်နိုင်ဖို့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရာ ၂၀၂၄ခုနှစ် ဇူလိုင်လထဲ မတ္တရာမြို့မြောက်ဘက် ရေနံ့သာကျေးရွာနဲ့ အရှေ့ဘက်ရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းနေရာတို့ကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေတို့ကို ခြေကုပ်ယူပြီး အခုနှစ် ဇူလိုင်လကစပြီး မတ္တရာအရှေ့ဘက် မြကန်သာရွာရှိ စစ်တပ်ကာကင်းစခန်းကို ထပ်မံထိုးစစ်ဆင်ခဲ့တာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီကာကင်းစခန်းကို ပြန်ရဖို့ စစ်တပ်က အမြောက်၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့သလို အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ‌ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်ရဖို့ စစ်ကြောင်း (၄)ကြောင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုအခါ (၁)နှစ်ကျော်အကြာမှာတော့ စစ်တပ်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေးကာလထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး အဲ့ဒီကာလထဲ တိုက်ပွဲကြီး/ငယ် (၂၄)ကြိမ် ဖြစ်ပွားခဲ့ကာ လက်နက်မျိုးစုံ (၄၆)လက်၊ ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေအနေနဲ့ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်ကြားက TNLA နဲ့ MDY-PDF တို့ ကျန်ရှိနေသေးတဲ့ နေရာတွေကို ဆက်လက်နယ်မြေရှင်းလင်းသွားမယ်လို့လဲ ကြေညာထားပါတယ်။

စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်း‌လုပ်ငန်းတွေကို ပြန်လည် လည်ပတ်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 18 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 21 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု