နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ အာဏာလွှဲအပ်ခဲ့တဲ့အမိန့်ကို ကာ/လုံအစည်းအဝေးမှာ ပြန်လည်ပယ်ဖျက်

ညိုစော ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့

ဇူလိုက်လ (၃၁)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ အာဏာလွှဲအပ်ခဲ့တဲ့ အမိန့်ကို ဒီကနေ့မှာ ကာ/လုံအစည်းအဝေးခေါ်ပြီး ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အရေးပေါ်ကာလသက်တမ်း (၆)လထပ်တိုးထားတာ ပြည့်သွားတဲ့နောက် ဒီကနေ့ နံနက်ပိုင်းအချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေးကို ခေါ်ယူခဲ့တာပါ။

အဲ့ဒီလို ကာ/လုံအစည်းအဝေး ခေါ်ယူပြီး နိုင်ငံအာဏာလွှဲအပ်ထားတာကို စစ်တပ်ဦးစီးချုပ်ဖြစ်တဲ့ မင်းအောင်လှိုင်က တာဝန်ပြီးမြောက်တဲ့ အစီရင်ခံစာကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်တင်ပြတဲ့ အစီရင်ခံစာကို လက်ခံရရှိကာ ကာ/လုံအစည်အဝေးအနေနဲ့ နိုင်ငံအာဏာလွှဲအပ်ခဲ့တဲ့ အမိန့်ကို ယာယီသမ္မတ မင်းအောင်လှိုင်က ပယ်ဖျက်လိုက်တာလို့ ရေးသားထားပါတယ်။

နောက်ပြီး အဲ့ဒီကာ/လုံအစည်းအဝေးမှာ ဝန်ကြီးချုပ်အနေနဲ့ ညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သလို လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကိုလဲ ထည့်သွင်းဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်မှာ မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ စိုးဝင်းက ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအနေနဲ့ ရဲဝင်းဦးဖြစ်ကာ အဖွဲ့ဝင်တွေကတော့ ညိုစော၊ အောင်လင်းဒွေး၊ မောင်မောင်အေး၊ ထွန်းထွန်းနောင်၊ ရာပြည့်၊ ဦးသန်းဆွေနဲ့ ကျော်စွာလင်းတို့ ဖြစ်ပါတယ်။

(၄)နှစ်ခွဲကျော်ကြာ နိုင်ငံအာဏာကို အဓမ္မရယူဖို့ ကြိုးစားခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲ့ဒီကာလထဲ အပြစ်မဲ့ပြည်သူ (၇၀၀၀)ကျော်ကို သတ်ဖြတ်ခဲ့ပြီး အခုအချိန်မှာတော့ စစ်ရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာပါ။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ အရေးပေါ်ကာလကို သက်တမ်းထပ်မတိုးတော့ဘဲ စစ်တပ်ဦးစီးချုပ်နဲ့ ယာယီသမ္မတတာဝန်ယူထားခဲ့တဲ့ မင်းအောင်လှိုင်ဟာ ဥပဒေတွေ တခုပြီးတခု ထုတ်ပြန်နေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး