နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ မျှော်မှန်းတဲ့ နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ NUG ယာယီသမ္မတပြော

ဇူလိုင်လ (၃၁)ရက်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ မျှော်မှန်းတဲ့ အနာဂတ် နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ ဒီကနေ့မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ် စစ်ရေးဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ ကျနော်တို့ မျှော်မှန်းတဲ့ အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်ဆိုတာကတော့ ကျနော်တို့ အားလုံးရဲ့ စိတ်ဆန္ဒ ပြည်သူအားလုံးရဲ့ စိတ်ဆန္ဒလဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒီအတွက် တချို့နေရာတွေမှာ reform လုပ်ဖို့နဲ့ တော်လှန်ရေးသမားပီပီ ကိုယ်ကျိုးစွန့်ပြီး တိုင်းသူပြည်သားတွေရဲ့ အနာဂတ်ကို တည်ဆောက်နေတဲ့သူတွေဆိုတာကို စိတ်နှလုံးထဲမှာ ယုံကြည်ချက် ကြီးကြီးမားမားနဲ့ ဆက်ပြီးတော့ ရပ်တည်သွားဖို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး အခုချိန်ထိ ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်းမွန်တယ်လို့ ခံယူပေမယ့် ပိုမိုကောင်းမွန်လာအောင် လုပ်ဖို့ကိုလဲ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

“ အခုချိန်ထိ ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ တော်တော်ကောင်းတယ်လို့ပဲ ကျနော်ခံယူကြောင်း၊ ဒါပေမယ့် ပိုမိုကောင်းမွန်လာအောင် လုပ်ရမှာဖြစ်ကြောင်း၊  ဘယ်ဟာမှ အတည်တကျ မရွေ့မပြောင်း မပြောင်းမလဲ ရှိတာတော့မဟုတ်ကြောင်း၊ လောကမှာတော့ ကောင်းတာကနေ ပိုပိုကောင်းလာအောင် ကျနော်တို့ အမြဲတမ်းသွားနေရတဲ့ ကမ္ဘာဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းထဲမှာလဲ ယာယီသမ္မတအပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေဟာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သွားရောက်ပြီး ဒေသခံပြည်သူတွေအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အဲ့ဒီခရီးစဉ်ဟာ ထိန်းချုပ်နယ်မြေတွေထဲ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အဖြေရှာနိုင်ဖို့၊ တော်လှန်ရေးခွန်အားနဲ့ တော်လှန်စိတ်စွမ်းရည်ကို မြှင့်တင်နိုင်ဖို့နဲ့ ပြည်သူနဲ့ တသားထဲရှိနေတာကို သတင်းစကားပါးပြီး တော်လှန်ရေးစိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ