နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမနီသည် ခဲယမ်းမီးကျောက်များနှင့် စစ်အင်အားကို တိုးမြှင့်ပေးသော်လည်း ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်အပေါ် မရေမရာ ဖြစ်နေဆဲဖြစ်သည်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်။

အန်းတာလပ်စ် (Unterluss) ၊ ဂျာမနီအလယ်ပိုင်း။

ယူကရိန်းနိုင်ငံသည် ရုရှား၏ လုံးလုံးကျူးကျော်မှုကို တိုက်ထုတ်ရာတွင် ကူညီရန်အတွက် ဥရောပနိုင်ငံများသည် သုံးနှစ်တာကာလအတွင်း လက်နက်အများအပြားကို ယူကရိန်းထံ လွှဲပြောင်းပေးခဲ့သည်။

ယခုအခါ ခဲယမ်းမီးကျောက်များ လျော့နည်းလာခြင်းနှင့် ပဋိပက္ခသည်အဆုံးသတ်မည့် သဘောကို မမြင်နိုင်သည့်အခြေအနေတွင် ဗုဒ္ဓဟူးနေ့တွင် ဂျာမနီ၌ ဖွင့်လှစ်သည့်စက်ရုံသည် လိုအပ်သည့်လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်းရန် နည်းလမ်းတစုံတရာ ရှိလာနိုင်သည်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ရေး ကန်ထရိုက်တာများထဲမှ တစ်ခုဖြစ်သည့် ရိမ်းမစ်တယ် (Rheinmetall) သည် ဥရောပတွင် အကြီးဆုံးဟု ထုတ်ဖော်ပြောဆိုထားသည့် ခဲယမ်းစက်ရုံတစ်ခု ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။
ဘောလုံးကွင်း ၅ ကွင်းအရွယ်အစားရှိသော အဆိုပါနေရာသည် ၁၈ လအတွင်း ပြီးစီးခဲ့ပြီး ၁၅၅ မီလီမီတာ၊ နေတိုးစံနှုန်း အမြောက်ကျည်ဆံများကို ထုတ်လုပ်လျက်ရှိနေပြီဖြစ်သည်။

Rheinmetall ၏ မြူးကြွနေသော စီအီးအို အာမင် ပက်ပါဂျာ (Armin Papperger) သည် တချိန်က ရုရှား၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု၏ ပစ်မှတ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ စက်ရုံကို လျင်မြန်စွာတည်ဆောက် ပြီးစီးနိုင်မှုသည် “ ကျွန် တော်တို့က တုံ့ပြန်ဆောင်ရွက်နိုင်တယ်လို့ အချက်ပြဖို့ အလွန်အရေးကြီးပါတယ်။ ဥရောပက တုံ့ပြန်နိုင်တယ်။ နေတိုးကလည်း တုံ့ပြန်နိုင်တယ်” ဟု CNN သို့ ပြောကြားခဲ့သည်။

ပက်ပါဂျာ (Papperger) သည် ယခုနှစ်ကုန်တွင် ယူကရိန်းသို့ ကျည်ဆံ ၂၅,၀၀၀ ပေးပို့မည်ဟု ကတိပြုခဲ့ပြီး ကုမ္ပဏီသည် ၂၀၂၇ ခုနှစ်တွင် ကျည်ဆံ ပေါင်း ၃၅၀,၀၀၀ ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။

သူတို့အနေနှင့် ဆက်လုပ်စရာတွေရှိနေသေးတယ်ဟု စက်ရုံဖွင့်ပွဲတွင် ကရင်မလင် စစ်ယန္တရားသည် ဥရောပထက် သာလွန်နေသေးကြောင်း နေတိုး(NATO) အကြီးအကဲ မာ့ခ် ရတ်ထာ (Mark Rutte) က ပြောကြားရာတွင် ဥရောပတိုက်ကြီး၏ အမြောက်ကျည် ထုတ်လုပ်နိုင်မှု သည် လွန်ခဲ့သည့် နှစ်နှစ်ကထက် ခြောက်ဆပိုကြီးလာသည်ဟု ပြောကြားခဲ့သည်။

ဒါပေမယ့် သူက “အနားယူဖို့ အချိန်မရှိဘူး၊ ငါတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက မကြာခင် အချိန်နဲ့အမျှ ပျောက်ကွယ်သွားတော့မှာ မဟုတ်ဘူး” ဟု သူက ထပ်ပြောခဲ့သည်။

လန်ဒန်အခြေစိုက် အတွေးအခေါ်အုပ်စု ရူစီ (Think Tank RUSI ) မှ အကြီးတန်း သုတေသန လုပ်ဖော်ကိုင်ဖက် အက်ဒ်အာနိုးလ်(Ed Arnold) က CNN သို့ ပြောကြားရာတွင် စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ သိသိသာသာ အမြောက်ကျည် မဖောက်ရသေးသည့် ဥရောပနိုင်ငံများအတွက် လက်နက်ထုတ်လုပ်မှုကို မြှင့်တင်ခြင်းသည် လွယ်ကူသောအလုပ် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ အခက်အခဲက၊ ကျွန်တော်တို့က မြန်မြန်လုပ်ပေးနိုင်မလား၊ [အခြားဥရောပနိုင်ငံတွေကို] ထောက်ခံပံ့ပိုးပေးတဲ့ပုံစံနဲ့ လုပ်ပေးနိုင်မလား၊ အားလုံးပူးပေါင်းပြီး လုပ်ရမယ့်အရာဖြစ်ရမယ်၊ တနိုင်ငံထဲသီးသန့်အဆင့်သက်သက်မှာတင် လုပ်လို့ မရနိုင် တော့ဘူး။”

ထင်ရှားတဲ့ အထမြောက်ပြီးစီးခြင်း
အချိန်ကိုက်ပြီးစီးခြင်းသည် မှတ်မှတ်သားသားသင်္ကေတတခုဖြစ်သည်။ ၎င်းသည် လိုအပ်သည့်အချိန် လိုအပ်နေသည့် နေရာတွင် ကံကောင်းစွာ ဖြစ်လာခြင်းဖြစ်သည်။

ယူကရိန်းတွင် ရုရှား၏ သုံးနှစ်ခွဲကြာစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ရပ်ကို ရှာဖွေရန် ရည်ရွယ်သည့် မကြာသေးမီက ပျာယာခတ်နေသော သံတမန်ရေးရာ လှုပ်ရှားမှုသည် “လုံခြုံရေး အာမခံချက်များ” ၏ ဆွေးနွေးမှုကို ရှေ့တန်းတင် အရှိန်မြှင့် ပြောဆိုလာခဲ့သည်။

ကိယက်ဗ်ကို လေကြောင်းအကူအညီပေးမည်ဟု သမ္မတထရန့်က အချက်ပြခဲ့သော်လည်း ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဥရောပနိုင်ငံများအနေနှင့် နယ်စပ်လိုင်း၏ ကီလိုမီတာ ၁,၂၀၀ (၇၅၀ မိုင်) ခန့်ကို စောင့်ကြည့်ရန်နှင့် ကင်းလှည့်ရန်အလုပ်ကို ချန်ထားခဲ့မည် ဖြစ်သည်။

ထို့အပြင်၊ လုံခြုံရေးအာမခံချက်များက ဘာကို အမှန်တကယ် ဆိုလိုသည်နှင့် မည်သို့သော နိုင်ငံများက ပံ့ပိုးကူညီမှုများ ပေးမည်ဆိုသည်မှာ မရှင်းလင်းဘဲ ရှိသည်။

စက်ရုံဖွင့်ပွဲသို့ ဂျာမနီဒုတိယအဓိပတိ လားစ် ကလင်ဘီးလ် (Lars Klingbeil) နှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီယပ်စ် (Boris Pistorius) တို့ကို ကုမ္ပဏီမှ ဗုဒ္ဓဟူးနေ့တွင် ကြိုဆိုခဲ့ပြီး ဂျာမနီအစိုးရသည် ဥရောပလုံခြုံရေးကို ဦးစားပေး လုပ်ဆောင်နေကြောင်း ပြသရန် စိတ်အားထက်သန်စွာ ကြိုဆိုခဲ့သည်။

လုံခြုံရေးအာမခံချက်များနှင့် ဥရောပမှကမ်းလှမ်းနိုင်သည့်အရာများအကြောင်း CNN မှ မေးမြန်းရာတွင် ရတ်ထာ (Rutte) က ဝါရှင်တန်တွင် ထရန့်နှင့်တွေ့ဆုံပြီးနောက် တစ်ပတ်ကျော်ကြာတွင် အသေးစိတ် အခက်အခဲများကို ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ရတ်ထာမှ ပြောကြားခဲ့သည်။
“နိုင်ငံတွေအားလုံးက အရာအားလုံးကို သဘောတူညီချက်မရှိတာဟာ ဆိုးရွားတဲ့ အချက်ပြချက် မဟုတ်ပါဘူး။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ ကျွန်တော်တို့က ကြိုးကြိုးစားစား လုပ်ဆောင်နေပြီး ကျွန်တော် လုံးဝယုံကြည်တယ်။ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ လုံခြုံရေး အာမခံချက်တွေကို ပေးဖို့အတွက် ဆုံးဖြတ်နိုင်မယ့် အဲဒီနေရာကိုကျွန်တော်တို့ ရောက်မှာ ဖြစ်တယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ပစ်တိုးရီးယပ်စ် (Pistorius) က “ ညှိနှိုင်းမှု မစတင်မီ စားပွဲပေါ် ဘယ်အရာကိုမှ ကန့်သတ်မထားပါနဲ့။ ညှိနှိုင်းမှုမစခင်မှာ‌ ရွေးချယ်စရာတွေကို ချမပြပါနဲ့။ အဲဒီလိုလုပ်တာဟာ အကြီးမားဆုံး အမှားတစ်ခုကို ကျွန်တော်တို့ လုပ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ပေးနိုင်တဲ့ ပံ့ပိုးကူညီမှုတိုင်းကို စေတနာရှိရှိနဲ့ ဖြည့်ဆည်းပေးနိုင်မယ်လို့ သုံးသပ်ပါတယ်။”

ယူကရိန်း၏ အဓိကပန်းတိုင်ဖြစ်သော နေတိုးအဖွဲ့ဝင်ဖြစ်လာရေးနှင့် အဖွဲ့ဝင်တိုင်းရရှိသော စုပေါင်းကာကွယ်မှုအရေးသည် ဝေးကွာနေဆဲဖြစ်သည်။ စစ်မြေပြင်ထဲသို့ ဥရောပသားများ ရောက်ရှိလာမည့် အယူအဆကို ရုရှားက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် အကြောင်း အရာတစ်ခု ဖြစ်သည်။ ပူတင်သည် အခြားဥရောပနိုင်ငံကို ကျူးကျော်ဝင်ရောက်လာနိုင်သည့် အလားအလာကြောင့် ယင်းလုပ်ရပ်ကို “အန္တရာယ်များနှင့် ပြည့်နှက်နေသည်” ဟု အာနိုးက ခေါ်ဆိုခဲ့သည်။

ဒါပေမယ့် အဲ့ဒီရည်မှန်းချက်ကြီးတဲ့ အစီအစဥ်တွေထဲက တစ်ခုကမှ လက်နက် အဆင်သင့် ထောက်ပံ့မှု မရှိဘဲ မလုပ်ဆောင်နိုင်ပါဘူး။ Rheinmetall စက်ရုံကလိုအပ်တဲ့ထောက်ပံ့ပေးမှု အောင်မြင်ဖို့အတွက် ကူညီပေးဖို့ ရည်ရွယ်ထားတဲ့ အကြောင်းအရာအသစ်တခုဖြစ်ပါတယ်။

ဥရောပသားများအထူးသဖြင့်ဂျာမဏီ သည် ဒေါ်နယ်ထရန့် ၂၀၂၄ရွေးကောက်ပွဲအနိုင်မရခင် ကတည်းက ဤစက်ရုံသစ်ကိုစတင်ဆောက်လုပ်ခဲ့သည်။ အမေရိကန် သမတက ဥရောပသည် မိမိကိုယ်ပိုင် ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်လုပ်ဆောင် နိုင်ရမည်ဟု သတိပေး စကားကို အမှတ်ရနေ‌ကြောင်းနှင့်မိမိတိုက်ကြီးကိုမိမိတို့က ကာကွယ်နိုင်ရန် ဂျာမဏီက လုပ်ဆောင် လာခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဂျာမန်ဒုတိယအဓိပတိ ကလင်ဘီးလ် (Klingbeil) က အဆိုပါစက်ရုံသည် ယူကရိန်းပြည်သူများအတွက် အရေးကြီးသော သင်္ကေတတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ဂျာမနီသည် အဆင်သင့်ရှိပြီး တိုက်ပွဲဝင်ရန်စိတ်ဆန္ဒရှိကြောင်း အချက်ပြခဲ့သည်။

ဝန်ကြီးအဖွဲ့ တွေ့လှို့ဝှက်စွာတွေ့ဆုံဆွေးနွေးခြင်း
အိမ်နှင့် နီးကပ် စက်ရုံ ပြီးမြောက်ခြင်းသည် ဂျာမန် အဓိပတိ ဖက်ဒရစ်ချ်မာ့ဇ် (Friedrich Merz) နှင့် ၎င်း၏ ကာကွယ်ရေး ဝန်ကြီး အတွက် နောက်ထပ် အောင်ပွဲ တစ်ခု ဖြစ်သည်။

မာ့ဇ်(Merz) သည် ရင်းနှီးမြှုပ်နှံမှု၊ တိုးတက်မှုနှင့် စစ်တပ်၏ ပုံရိပ်အပြင် ဂျာမနီ၏ ပိုမိုပြင်းထန်သော လုံခြုံရေး အနေအထား၊တို့သည် ၎င်း၏ အဓိပတိရာထူးက အဓိက လုပ်ဆောင်နေသည့် အခြေခံ အုတ်မြစ်ဖြစ်လာခဲ့သည်။

ဗုဒ္ဓဟူးနေ့နံနက်တွင် Merz နှင့် Pistorius တို့သည် ဘာလင်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ လွန်စွာထူးခြားသည့် ကက်ဘိနက်အစည်းအဝေးကို ကျင်းပခဲ့သည်။

ထိုနေရာ၌ ကက်ဘိနက်သည် မိမိဆန္ဒအလျောက် စစ်မှုထမ်းခြင်းကို ပြန်လည်စတင်ရန်နှင့် ဂျာမနီနိုင်ငံ၏ ပထမဆုံးသော အမျိုးသားလုံခြုံရေးကောင်စီကို အတည်ပြုဖွဲ့စည်းရန် ဥပဒေကြမ်းမူကြမ်းကို သဘောတူခဲ့သည်။

နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် U-Boat ဟုလူသိများသော လုံခြုံသော အစည်းအဝေးခန်း အတွင်း အစိုးရအဖွဲ့ဝင်အားလုံး တွေ့ဆုံခဲ့ကြသည်။
အဆိုပါအခန်းသည် “စောင့်ကြည့်ကာကွယ်ရေး” ဖြစ်ပြီး၊ အသုံးပြုသည့်အခါတွင် ၎င်းသည် “ရေငုပ်သင်္ဘောပေါ်ရှိ acoustic ပတ်၀န်းကျင်ကို အမှတ်ရစေသည့် အသံများ ထွက်ပေါ်စေ သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရသိရပြီး ဝါယာကြိုးဖြင့် ခိုးယူနားထောင် ခြင်း ကို ဟန့်တားရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။

နိုင်ငံတကာနှင့် လုံခြုံရေးရေးရာ ဂျာမန်အင်စတီကျုမှ ဒါရိုက်တာ စတက်ဖန် မိုင်ရာ(Stefan Mair) က CNN သို့ ဗုဒ္ဓဟူးနေ့အစည်းအဝေး၏ မြင်ကွင်းများသည် မာ့ဇ် (Merz) ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်များကို အလေးပေးဖော်ပြခဲ့သည်။

ဒါဟာ “ သူ့အတွက် ထိပ်တန်းဦးစားပေးဖြစ်တယ်… နှင့် အဓိပတိအဖွဲ့သည် လွှမ်းမိုး ဦးဆောင်ထားသည့်နေရာမှဆောင်ရွက် ရမည်ဟု ယုံကြည်ကြောင်း” မိုင်ယာက ပြောကြားပြီး မာ့ဇ် (Merz) က “ သူ့ကိုယ်သူ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒကို ပုံဖော်ဆောင်ရွက်လိုသော အဓိပတိတစ်ဦးအဖြစ် မြင်ပါသည်။ ၎င်းသည် အစပြုမှုအားလုံးကို သေချာပေါက် မျဉ်းသားမှတ်သားပြီးလုပ်ဆောင်ထားသည်ဟု ထင်ပါသည်။”

ဗုဒ္ဓဟူးနေ့၏ သတင်းစကားသည် ရိုးရှင်းသည်
ဥရောပသည် ခိုင်မာသော လုံခြုံရေးအတွက် လမ်းကြောင်းကို ရုပ်ပိုင်းဆိုင်ရာအရ ပုံဖော်နေသည်။ သို့ရာတွင် ယူကရိန်းအတွက် အဖြေများက ပိုလို့ တောင် စိတ်ကူးယဉ်ဆန်နေပါသည်။

ဓာတ်ပုံများ။

ကုမ္ပဏီသည် ဂျာမန်ဒုတိယအဓိပတိ Lars Klingbeil၊ နေတိုးအတွင်းရေးမှူးချုပ် Mark Rutte နှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius တို့ကို ကြိုဆိုခဲ့သည်။ Matthies Otto/CNN (ဓာတ်ပုံ)
အဆိုပါ စက်ရုံ ပြီးစီးမှုသည် ဂျာမန် အဓိပတိ Friedrich Merz နှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီးအတွက် နောက်ထပ် အောင်ပွဲတစ်ခု ဖြစ်သည်။ Matthies Otto/CNN (ဓာတ်ပုံ)

ဝန်ထမ်းတစ်ဦးသည် နေတိုးစံနှုန်းဖြစ်သော ၁၅၅မီလီမီတာ အမြောက်ကျည် အမှတ်အသားတွင် အလုပ်လုပ်နေစဥ်။ Ronny Hartmann/AFP/Getty Images (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား