နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်

သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏ မင်းသားဘွဲ့ (Prince title) အပါအဝင် တော်ဝင်ဘွဲ့များအားလုံးကို ဖယ်ရှားကာ ၎င်းနေထိုင်ရာ တော်ဝင်စံအိမ် Royal Lodge မှပါ ထွက်ခွာရန် အမိန့်ပေးခဲ့ပါသည်။ ဤဆုံးဖြတ်ချက်ချရခြင်း၏ အဓိကအချက်များမှာ-

ဂျက်ဖရီအက်ပ်စတိန်း(Jeffrey Epstein) နှင့် ဆက်စပ်နေမှု။

အင်ဒရူး သည် ကလေးသူငယ် လိင်မှုဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီအက်ပ်စတိန်း နှင့် ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့ခြင်းကြောင့် နှစ်ပေါင်းများစွာ အရှုပ်တော်ပုံများ ဖြစ်ပွားခဲ့သည်။ ၎င်းတို့၏ ဆက်ဆံရေးသည် တော်ဝင်မိသားစုအပေါ် မကောင်းသတင်းများ စဉ်ဆက်မပြတ် သက်ရောက်စေခဲ့သည်။

လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များ။  အက်ပ်စတိန်း ၏ သားကောင်များထဲမှ တစ်ဦးဖြစ်သူ ဗာဂျီးနီးယားဂျူဖရေး(Virginia Giuffre) က သူမ အသက် ၁၇ နှစ်အရွယ် (အမေရိကန် ဥပဒေအရ အရွယ်မရောက်သေးသူ) တွင် အင်ဒရူး က လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခဲ့ သည်ဟု စွပ်စွဲခဲ့သည်။ အင်ဒရူး က စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆို ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် နယူးယောက်မြို့၌ ဂျူဖရေး တင်သွင်းခဲ့သော အရပ်ဘက်တရားစွဲဆိုမှုကို တရားရုံးပြင်ပ၌ ငွေကြေးပေးကာ အလျှော့အတင်းလုပ် ဖြေရှင်းခဲ့ရသည်။

တော်ဝင်ဂုဏ်သိက္ခာကို ကာကွယ်ခြင်း။  အင်ဒရူး ၏ လုပ်ရပ်များနှင့် ဆက်လက်ငြင်းဆိုနေမှု များသည် တော်ဝင်နန်းတော်အပေါ် လူထု၏ ယုံကြည်မှုကို ထိခိုက်စေခဲ့သည်။ ဘုရင် ချားလ် III သည် ဤစွပ်စွဲချက်များကြောင့် ဘုရင့်နိုင်ငံတော်၏ လုပ်ငန်းများကို အာရုံပျက်စေမှု မဖြစ် စေရန်အတွက် မိသားစုအကျိုးနှင့် နိုင်ငံတာဝန်ကို ရှေ့တန်းတင်၍ ၎င်း၏ကျန်ရှိနေသော ဘွဲ့များကိုပါ အပြီးတိုင် ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးအခြေအနေများ: လတ်တလောတွင်ဂျူဖရေး၏ ကွယ်လွန်ပြီးနောက် ထုတ်ဝေသည့် မှတ်တမ်းစာအုပ်ထဲမှ ဖော်ပြချက်များနှင့် အင်ဒရူး သည် အက်ပ်စတိန်း နှင့် အဆက်အသွယ်ဖြတ်ပြီးနောက်ပိုင်းတွင်လည်း ဆက်သွယ်မှုများရှိခဲ့ကြောင်း အီးမေးလ်များ ပေါ်ထွက်လာခြင်းတို့ကြောင့် ဖိအားများ ပိုမိုမြင့်တက်လာခဲ့ပြီးနောက် ဘုရင် ချားလ် က ဤသို့ပြတ်သားသော ဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်ပါသည်။

အင်ဒရူး ၏ သမီးတော်များဖြစ်သောမင်းသမီးဘီအထရက်စ်(Princess Beatrice) နှင့် မင်းသမီး ယူဂျီးနီ(Eugenie) တို့သည် ၎င်းတို့၏ မင်းသမီးဘွဲ့များကို ဆက်လက်ထိန်းသိမ်း ထားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရင် George V မှ ၁၉၁၇ ခုနှစ်တွင် သတ်မှတ်ထားသော စည်းမျဉ်းများအရ၊ ဘုရင်တစ်ပါး၏ သားသမီးမြေးမြစ်များ ဖြစ်သောကြောင့် ဖြစ်သည်။

လွန်ခဲ့သည့် အနှစ် ၂၀ ကတည်းက အင်ဒရူး နှင့်အတူ တော်ဝင်အိမ်ယာ (Royal Lodge) တွင် နေထိုင်ခဲ့သည့် ဇနီးဟောင်း ဆာရာဖာဂူဆန်(Sarah Ferguson) သည်လည်း ထိုအိမ်မှ ပြောင်းရွှေ့ရမည်ဖြစ်ပြီး၊ သူမကိုယ်ပိုင် စီစဉ်မှုများကို ပြုလုပ်နေကြောင်း သိရသည်။

အင်ဒရူး ၏ သမီးနှစ်ဦးကို မွေးဖွားခဲ့သည့် ဖာဂူဆန် (အသက် ၆၆ နှစ်) နှင့်အင်ဒရူးသည် ၁၉၈၆ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး ဆယ်နှစ်အကြာတွင် ကွာရှင်းခဲ့ကြသည်။ သူမသည် ယခင်က ယောက်မြို့စားကတော် (Duchess of York) ဘွဲ့ကို ရရှိခဲ့သော်လည်း၊ ဤလ အစောပိုင်း တွင် အင်ဒရူး က သူ၏ဘွဲ့များကို စွန့်လွှတ်လိုက်သောအခါတွင် သူမ၏ မူလအမည်ရင်းကို ပြန်လည် အသုံး ပြုခဲ့သည်။

ထို့အပြင် ဘုရင်မင်းမြတ်၏ ဆုံးဖြတ်ချက်များအပေါ် ဗြိတိန်အစိုးရနှင့် တိုင်ပင်ဆွေးနွေး ခဲ့ကြောင်းကိုလည်း CNN မှ သိရှိရပြီး၊ အစိုးရမှလည်း ဤလုပ်ဆောင်မှုများကို ထောက်ခံကြောင်း ရှင်းလင်းစွာ ပြောကြားထားသည်။

ဘက်ကင်ဟန် (Buckingham) နန်းတော်က ထုတ်ပြန်ချက်တွင်

“ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်နှင့် မိဖုရားတို့သည် မည်သည့် ပုံစံမျိုးဖြင့်မဆို အလွဲသုံးစား ပြုခြင်းခံရသော သားကောင်များနှင့် ရှင်သန်ကျန်ရစ်သူများအပေါ်၌ ၎င်းတို့၏ နက်နဲသော စာနာမှုနှင့် နှစ်သိမ့်မှု သည် ယခင်က ရှိခဲ့သလို နောင်တွင်လည်း ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားလိုပါသည်” ဟူ၍ ဖြစ်ပါသည်။

ပုံ)အင်ဒရူး နှင့်အကိုဖြစ်သူ ချား ညီအကိုနှစ်ယောက်မင်းသားဘဝမိသားစုနှင့်အတူခရီးသွားစဥ်။

(ပုံ) မင်းသားအဆောင်အယောင်များအဆောင် အယောင်များအားလုံးရုတ်သိမ်းခံရသည့် အင်ဒရူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ