နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီပြည်သူတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံတကာက ထောက်ပံ့ကူညီဖို့ Karenni-IEC ဥက္ကဋ္ဌ တောင်းဆို

ဇန်နဝါရီလ (၁)ရက်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေး‌တိုက်ပွဲကို ထောက်ပံ့ကူညီပေးဖို့ Karenni-IEC ဥက္ကဋ္ဌ ခူဦးရယ်ရဲ့ ဒီကနေ့ နှစ်သစ်သဝဏ်လွှာမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။

“ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေနဲ့ မိမိတို့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူသားဆန်တဲ့ အဆင့်အားလုံးကနေ ပိုမိုတက်ကြွစွာ ထောက်ပံ့ကူညီပေးဖို့ တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ဟာ အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ထိခိုက်ပျက်စီးတာတွေ ကြုံတွေ့နေရပေမယ့် ပြည်သူတွေရဲ့ သတ္တိ၊ အညံ့မခံ အားမလျော့တဲ့ စိတ်ဓာတ်၊ လွတ်မြောက်ရေးအပေါ် ယုံကြည်ချက်တို့ကို ဘယ်လိုအခက်အခဲကမှ မတားဆီးနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်သူတွေရဲ့ တော်လှန်ရေးဟာ မြန်မာတစ်နိုင်ငံလုံးအတွက် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ဖို့အတွက် မဖြစ်မနေ အခြေခံအင်အားတစ်ရပ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ကရင်နီဒေသရဲ့ တည်ကြည်မှု၊ စွန့်လွတ်မှု၊ အနိုင်မခံအရှုံးမပေး စည်းလုံးညီညွတ်မှုတွေဟာ တရားမျှတမှုကို လိုလားတဲ့ မြန်မာပြည်သူတစ်ရပ်လုံးနဲ့ တစ်သားထဲ ရပ်တည်နေတယ်ဆိုတာ သက်သေထူတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် Karenni-IEC အနေနဲ့ ဖက်ဒရယ်အခြေခံခိုင်မာတဲ့ ဥပဒေပြုစနစ်ကို အမြန်တည်ဆောက်ဖို့၊ ပြည်သူ့ အခြေပြု ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အပြည့်အဝ ဖော်ဆောင်ဖို့၊ တန်းတူအခွင့်အရေး၊ တန်းတူအာမခံချက် ရရှိစေဖို့နဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို နိုင်ငံရေးရဲ့ အခြေခံအုတ်မြစ်အအနေနဲ့ ထူထောင်ဖို့ စတဲ့ မူဝါဒ၊ အတွေးအမြင်တွေကို အတူတကွ ရပ်တည်ဖို့ ကရင်နီပြည်သူတွေကို တောင်းဆိုထားပါတယ်။

အခု ၂၀၂၆ခုနှစ်ဟာ ကရင်နီပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေးအိပ်မက်ကို အမှန်တကယ် အစပြု ဖော်ဆောင်နိုင်တဲ့ နှစ်တနှစ် ဖြစ်လာစေဖို့နဲ့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် ကရင်နီပြည်သူအားလုံး အတူတကွ လက်တွဲညီညွတ်စွာ ဆက်လက်ကြိုးပမ်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 4 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့
မြန်မာသတင်း

ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းသူတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ကန့်သတ်ထား

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ