ဇန်နဝါရီလ (၂) ရက်။
ဖြစ်စဥ်မှာ ဇန်နဝါရီလ (၁) ရက်နေ့ မနေ့ညက မင်းကင်းမြို့နယ် ရွာဘရွာက ကျေးရွာပအဖ ဦးချစ်ဌေးဆိုသူက အရက်မူးပြီး လက်တဖက်က လက်ပစ်ဗုံးကိုင် လက်တဖက်က ပစ္စတို ကိုင်ပြီး ဘုန်းကြီးကျောင်းထဲဝင်ပြီး ရမ်းကားနေလို့ ရွာသားတွေက ဝိုင်းဖမ်းပြီး ကျေးရွာပလလက်ထဲကို အပ်လိုက်တယ်။ ဒီနေ့ ဇန်နဝါရီလ (၂) ရက်နေ့မှာ ရွာက ၂ယောက်က သူ့ကို မြို့နယ် ပအဖကို သွားအပ်လိုက်ကြတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဇန်ဝါရီလ ၂ရက်နေ့ ည၈နာရီလောက် မှာ ပကဖအဖွဲ့ ၅၀ လောက်နဲ့ လှေ၂စင်းနဲ့ ရွာဘရွာကို ရောက်လာပြီး ရွာကို သေနတ်နဲ့ဝိုင်းပစ်လို့ ၃ယောက် သေနတ်ထိမှန်သွားတယ်လို့ သိရပါတယ်။ ရွာက ပလဖအဖွဲ့ဝင်တစ်ဦးနဲ့ အခြားပလဖအဖွဲ့ဝင်တစ်ဦးရဲ့ သားတယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ တယောက်က ဗိုက်ကို ထိမှန်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာ ဗိုက်နားမှာချိတ်ထားတဲ့ဖုန်းကို ထိသွားလို့ ဒဏ်ရာရသွားပေမဲ့ သက်သာသွားတယ်လို့ဆိုပါတယ်။
ရွာက ပလဖအဖွဲ့ဝင် ၂ ဦးကို မြို့နယ်ကို ဖမ်းသွားတယ်လို့ သိရှိရပြီး ဒေါက်တာဒေါ်ခင်သူသူလွင်ကို ဖမ်းသွားတဲ့ ပကဖ ကိုအေးလွင်က လာဖမ်းတာလို့ ရွာသားတွေက ခေတ်မျက်လုံးကို ပြောပါတယ်။











