မတ်လ (၃)ရက်။
မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီစစ်ဆင်ရေးထဲ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ MA-3 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ပခုက္ကူခရိုင် Local တပ်ရင်း၊ မြိုင်ပကဖ၊ Burma Revolution Ranger၊ Good Brothers အဖွဲ့နဲ့ မကွေး(KG)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။








