မတ်လ (၃)ရက်။
မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ”လို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီစစ်ဆင်ရေးထဲ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ MA-3 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ပခုက္ကူခရိုင် Local တပ်ရင်း၊ မြိုင်ပကဖ၊ Burma Revolution Ranger၊ Good Brothers အဖွဲ့နဲ့ မကွေး(KG)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။








