နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်

အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

“ အီရန်က သဘောတူညီမှုတစ်ခုရဖို့ အလွန်အမင်း အလိုရှိနေပုံရပါတယ်။ အဲဒီသဘော တူညီ ချက်က ဘာလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” ဟု သမ္မတက Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။

သောကြာနေ့က ပင်လယ်ကွေ့အာရပ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံမှုများသည် ပြီးခဲ့သည့်နွေရာသီက အမေရိကန်နှင့် အစ္စရေးတို့ အစ္စလာမ်မစ်သမ္မတနိုင်ငံ (အီရန်) ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်အကြား ပထမဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်သည်။

နှစ်ဖက်စလုံးသည် ၎င်းတို့၏ မြို့တော်များရှိ အစိုးရအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆက်တွဲ ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲများသည် အရှေ့အလယ်ပိုင်းတွင် အမေရိကန် စစ်အင်အား တိုးမြှင့် နေချိန် နှင့် အကယ်၍ အီရန်အနေဖြင့် ဆန္ဒပြသူများကို သေစေနိုင်သော အင်အားသုံးနှိမ်နင်းခြင်း သို့မဟုတ် နျူကလီးယားသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခြင်းတို့ ပြုလုပ် ပါက တိုက်ခိုက်မည်ဟု ထရန့်က ခြိမ်းခြောက်ထားပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆွေးနွေးပွဲမစတင်မီ အီရန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏နိုင်ငံအနေဖြင့် “ ပွင့်လင်းသော မျက်လုံးများ၊ လွန်ခဲ့သောနှစ်က အဖြစ်အပျက်များကို ခိုင်မာစွာမှတ်သားလျက် သံတမန် ရေးရာထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ စိတ်ရင်းမှန်နဲ့ ပါဝင်ဆောင်ရွက်နေပြီး ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်” ဟု အဘတ်စ် အာရတ်ချီက X (ယခင် Twitter) တွင် ရေးသားခဲ့သည်။

သို့သော်လည်း နှစ်ဖက်စလုံးတွင် ပြင်းထန်သော စကားလုံးအသုံးအနှုန်းများ ရှိနေဆဲဖြစ်ပြီး၊ ဆွေးနွေးပွဲအတွက် ပြင်ဆင်နေစဉ်အတွင်း အီရန်၏ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီအနေဖြင့် “ အလွန် စိုးရိမ်သင့်သည်” ဟု ထရန့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဆွေးနွေးမှုများသည် အပြုသဘောဆောင်ကြောင်း ပြောဆိုခဲ့သော်လည်း “ ကြီးမားသော စစ်သင်္ဘောအုပ်စုကြီး” တစ်ခုသည် အီရန်နိုင်ငံဘက်သို့ ဦးတည်နေပြီး မကြာမီ ရောက်ရှိ လာတော့မည်ဖြစ်ကြောင်း ထရန့်က သောကြာနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲများအကြောင်း ကျွန်ုပ်တို့ သိရှိထားသည့်အချက်များမည်သူတို့ ပါဝင် သနည်း?

အာရတ်ချီ နှင့် အမေရိကန်စေလွှတ်ချက် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့သည် ထရန့်၏ သားမက်ဖြစ်သူ ဂျာရတ် ကက်ရှ်နာ (Jared Kushner) နှင့်အတူ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲများသည် တိုက်ရိုက်မဟုတ်ဘဲ အိုမန်နိုင်ငံခြားရေး ဝန်ကြီး ဗာဒါ အယ်လ်ဘူဆိုက်ဒီ (Badr Albusaidi) က ကြားဝင်စေ့စပ်ပေးခြင်းဖြစ်သည်။

၎င်းသည် သောကြာနေ့ အစောပိုင်းက နှစ်ဖက်စလုံးနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

ယခုဆွေးနွေးပွဲများကို ယခင်အကြိမ်များကဲ့သို့ ပုံစံတူအတိုင်း လုပ်ဆောင်ရန် ရည်ရွယ်ထား ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။ ဇွန်လအတွင်းက ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော အီရန်-အစ္စရေးစစ်ပွဲ မတိုင်မီက တီဟီရန်နှင့် ဝါရှင်တန်တို့သည် ငါးကြိမ်တိုင်တိုင် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ပြီး အိုမန်ကြားဝင်စေ့စပ်သူများက နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များအကြား သတင်းစကားများ အပြန်အလှန် ပေးပို့ဆောင်ရွက်ပေးခဲ့ကြသည်။

ဇွန်လလယ်တွင် အစ္စရေးက အီရန်၏ နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာနေရာများကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်က အီရန်နျူကလီးယားစက်ရုံ သုံးခုကို တိုက်ခိုက်ခဲ့ရာ အဆိုပါဆွေးနွေးပွဲများ ထိရောက်စွာ ရပ်တန့်သွားခဲ့ရသည်။

ဘာတွေကို ဆွေးနွေးခဲ့ကြသလဲ?

အီရန်နှင့် အမေရိကန်အကြား “ လက်ရှိအခြေအနေကို စီမံခန့်ခွဲရန်” အတွက် “ မူလအစီအစဉ်” တစ်ခုကို အာရတ်ချီက ၎င်း၏ အိုမန်နိုင်ငံခြားရေးဝန်ကြီးထံ တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲများ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အီရန်မီဒီယာများက သတင်းထုတ်ပြန်သည်။

ထို့နောက် အယ်လ်ဘူဆိုက်ဒီက အဆိုပါအစီအစဉ်ကို ဝစ်ကော့ဖ် ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ထံသို့ ပေးပို့ခဲ့ပြီး အမေရိကန်၏ တုံ့ပြန်မှုကို ဆွေးနွေးပွဲ အတွင်း အီရန်ဘက်သို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း အီရန်မီဒီယာများက ထပ်လောင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲများ၏ အတိုင်းအတာမှာမူ ရှင်းလင်းမှု မရှိသေးပေ။ ဆွေးနွေးပွဲမတိုင်မီ အီရန်အရာရှိများက ၎င်းတို့အနေဖြင့် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးလိုကြောင်းနှင့် အီရန်၏ တာဝေးပစ်ဒုံးကျည် အစီအစဉ်၊ ဒေသတွင်းရှိ လက်ဝေခံအဖွဲ့များ ကိစ္စနှင့် ပြည်တွင်း မငြိမ်မသက်မှုများမှာ ဆွေးနွေးရန် မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြသည်။

အမေရိကန်ဘက်ကမူ တာဝေးပစ်ဒုံးကျည်များ၊ ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေး အကျိုးစီးပွားများကို ခြိမ်းခြောက်နေဆဲဖြစ်သော တီဟီရန်၏ လက်နက်ကိုင် လက်ဝေခံ များကိစ္စနှင့် အီရန်၏ မကြာသေးမီက ဆန္ဒပြမှုများအပေါ် ပြင်းထန်သော နှိမ်နင်းမှုများ အပါအဝင် ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများကို တောင်းဆိုခဲ့သည်။

နျူကလီးယားကိစ္စတွင် အဓိက အငြင်းပွားဖွယ်ရာအချက်မှာ ယူရေနီယံသန့်စင်ခွင့်ရရှိရေး အီရန်၏ တောင်းဆိုချက်ဖြစ်သည်။ ယင်းသည် အဆင့်မြင့်သန့်စင်ပါက ဗုံးပြုလုပ်ရန် အသုံးပြုနိုင်သည့် နျူကလီးယားလောင်စာဖြစ်သဖြင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ငြင်းပယ်ထားသည်။ အီရန်ကမူ ၎င်း၏ နျူကလီးယားအစီအစဉ်ကို လက်နက်အဖြစ် အသုံး မပြု စေရန် စစ်ဆေးမှုများ ခံယူမည်ဟု ကမ်းလှမ်းထားပြီး အပြန်အလှန်အားဖြင့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

သောကြာနေ့တွင် ဆွေးနွေးပွဲများအပြီး၌ အမေရိကန်က စီးပွားရေးအရ ဆက်လက်ဖိအား ပေးလိုသည့် လက္ခဏာအဖြစ် အီရန်ရေနံနှင့် ၎င်းကို သယ်ဆောင်လာသည့် သင်္ဘော ၁၄ စင်းအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။

“ ကိုယ့်လူထုရဲ့ လူမှုဖူလုံရေးနဲ့ ပျက်စီးနေတဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံ မယ့်အစား အီရန်အစိုးရဟာ ကမ္ဘာတစ်ဝှမ်းမှာ တည်ငြိမ်မှုပျက်ပြားစေတဲ့ လုပ်ရပ်တွေကို ဆက်လက် ထောက်ပံ့နေပြီး အီရန်နိုင်ငံအတွင်းမှာလည်း ဖိနှိပ်မှုတွေကို တိုးမြှင့်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပစ်ဂေါ့တ် (Tommy Pigott) က ပြောကြားခဲ့သည်။

ဘာတွေက အန္တရာယ်ရှိနေသလဲ?

အမေရိကန်သည် USS Abraham Lincoln လေယာဉ်တင်သင်္ဘောအုပ်စု အပါအဝင် စစ်ရေးအင်အားစုများကို အရှေ့အလယ်ပိုင်းသို့ ပိုမိုနီးကပ်စွာ ရွှေ့ပြောင်းထားခြင်းကြောင့် စစ်ဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။

ပြီးခဲ့သည့်လက ထရန့်က အမေရိကန်အနေဖြင့် “ အရေးပေါ်အခြေအနေအတွက်” အီရန် ဘက်သို့ “ စစ်သင်္ဘောအုပ်စုကြီး” (armada) တစ်ခု စေလွှတ်ထားကြောင်း ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် “ ဘာမှဖြစ်မသွားတာကိုပဲ ပိုမြင်ချင်ပေမယ့်” ၎င်း၏အစိုးရသည် အီရန်ကို “ အလွန်အနီးကပ်” စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့သည်။

ယခုဆွေးနွေးပွဲများကြောင့် စစ်ပွဲကြီးဖြစ်ပွားမှုကို ရှောင်လွှဲနိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ထရန့်က သောကြာနေ့တွင် “ ကြီးမားသော စစ်သင်္ဘော အုပ်စုကြီး” သည် ဒေသတွင်းသို့ မကြာမီ ရောက်ရှိလာတော့မည်ဟု ထပ်လောင်း ပြောဆို ခဲ့သည်။

“ ကျွန်တော်တို့ဆီမှာ ကြီးမားတဲ့ စစ်သင်္ဘောအုပ်စုကြီး ရှိနေသလို၊ အဲဒီဘက်ကို ဦးတည်နေတဲ့ ကြီးမားတဲ့ ဖလီး (fleet) ကြီးလည်း ရှိတယ်။ မကြာခင် အဲဒီကို ရောက်တော့မယ်။ အဲဒါ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ဒေသတွင်းနိုင်ငံများသည် စစ်ပွဲအသစ်ဖြစ်ပွားပါက ဒေသတစ်ခုလုံး အကျပ်အတည်း ဆိုက်ရောက်သွားမည်ကို သိရှိထားသဖြင့် အခြေအနေများကို လျှော့ချရန်နှင့် ထရန့်အနေဖြင့် အီရန်ကို တိုက်ခိုက်ခြင်းမပြုရန် တားဆီးရန် ကြိုးပမ်းနေကြသည်။

တီဟီရန်ကမူ အကယ်၍ အမေရိကန်က တိုက်ခိုက်လာပါက ပြီးခဲ့သည့်နွေရာသီက အစ္စရေး နှင့် အမေရိကန်တို့ တိုက်ခိုက်စဉ်က ပြသခဲ့သည့် “ သည်းခံမှု” မျိုး ထပ်မံပြသ တော့မည် မဟုတ် ကြောင်း ရှင်းလင်းစွာ ပြောဆိုထားသည်။

အကယ်၍ အမေရိကန် သို့မဟုတ် အစ္စရေးနှင့် စစ်ဖြစ်ပွားခဲ့ပါက အီရန်တွင် အသုံးပြုနိုင်သည့် လက်နက်ကိရိယာ အများအပြား ရှိနေသည်။ အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များ နှင့် အဆောက်အအုံများကို ပစ်မှတ်ထားနိုင်သည့် ဒုံးကျည်နှင့် ဒရုန်းပေါင်း ထောင်ချီရှိနေ သည်ဟု ယူဆရသည်။

နွေရာသီက အမေရိကန် ဗုံးကြဲလေယာဉ်များ အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက် စဉ်က အီရန်သည် ကာတာနိုင်ငံရှိ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး အမေရိကန်စစ် အခြေစိုက်စခန်းဖြစ်သော Al-Udeid လေတပ်စခန်းကို မကြုံစဖူး ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် အီရန်သည် ဒေသတွင်းရှိ ၎င်း၏ လက်ဝေခံကွန်ရက်များကို လှုံ့ဆော်ပြီး အစ္စရေးနှင့် အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်း၊ ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံကျော်နှင့် သဘာဝ ဓာတ်ငွေ့အများအပြား ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ရှိ သင်္ဘောလမ်းကြောင်းများကို ပိတ်ဆို့နှောင့်ယှက်ခြင်းတို့ ပြုလုပ်နိုင်သည်။ ယင်းသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည့် အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။

သောကြာနေ့က အိုမန်နိုင်ငံ၊ မတ်စကတ်မြို့ရှိ ဆွေးနွေးပွဲကျင်းပရာနေရာသို့ အီရန် နိုင်ငံခြား ရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araghchi) နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာလာစဉ်။ Iranian Foreign Ministry/WANA/Reuters(ပုံ)

အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နှင့် ဂျာရတ် ကက်ရှ်နာတို့သည် သောကြာနေ့က အိုမန်တွင် အီရန်နှင့် အဆင့်မြင့်ဆွေးနွေးပွဲများ မပြုလုပ်မီ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဗာဒါ အယ်လ်ဘူဆိုက်ဒီနှင့် နှုတ်ဆက်နေစဉ်။ Oman Foreign Ministry(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က