နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက်

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ အပါအဝင် အဆင့်မြင့်အကျဉ်းသားအချို့ကို စတင်ပြန်လွှတ်ပေးခဲ့သည်။

ကြာသပတေးနေ့ညက ပြန်လည်လွတ်မြောက်လာသူများသည် ၎င်းတို့၏ ချစ်ခင်ရသူများနှင့် မျက်ရည်လည်ရွှဲ ဖက်လဲတကင်း တွေ့ဆုံခဲ့ကြသည့် မြင်ကွင်းများကို လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ရပြီး ထိုဗီဒီယိုများကို CNN စပိန်ဘာသာစကားပြောဌာန Español က အတည်ပြုထားသည်။

ပထမဆုံး လွတ်မြောက်လာသူများထဲတွင် သမ္မတလောင်းဟောင်း အင်းနရစ် မားကွက်စ် (Enrique Márquez) နှင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ လွှတ်တော်အမတ်ဟောင်း ဘီယာဂျီယို ပီလီရီ (Biagio Pilieri) တို့ ပါဝင်သည်။ ၎င်းတို့သည် ကာရာကပ်စ်မြို့ရှိ El Helicoide ဟု လူသိများသော အချုပ်ခန်းတွင် ထိန်းသိမ်းခံထားရသူများ ဖြစ်သည်။

“သူတို့ကို ကားတွေနဲ့ ခေါ်ထုတ်သွားပြီး El Helicoide နဲ့ ဝေးတဲ့နေရာမှာ ချပေးခဲ့တာပါ” ဟု CNNE သတင်းထောက်က CNN သို့ ပြောကြားခဲ့သည်။

သူငယ်ချင်းများနှင့် မိသားစုဝင်များသည် မြို့တော်ရှိ ချာကာအို (Chacao) ခရိုင်၊ ပလာဇာ အယ်လ်တာမီရာ (Plaza Altamira) တွင် ထိုအမျိုးသားနှစ်ဦး ရောက်ရှိလာခြင်းကို စိတ်အားထက်သန်စွာ စောင့်ကြိုနေခဲ့ကြသည်။ မားကွက်စ်သည် အမျိုးသမီးတစ်ဦးကို ပြုံးရွှင်စွာ ဖက်လှဲတကင်း နှုတ်ဆက်ကာ သူမ၏ ပုခုံးပေါ်သို့ ခေါင်းမှီထားသည်ကို တွေ့ရသည်။

အမျိုးသားညီလာခံဥက္ကဋ္ဌ ဂျော့ခ်ျ ရိုဒရီဂွက်စ် (Jorge Rodríguez) က အကျဉ်းသား လွှတ်ပေးမှု များကို “ချက်ချင်း ဆောင်ရွက်နေကြောင်း” နှင့် ၎င်းတွင် ဗင်နီဇွဲလား နိုင်ငံသားများအပြင် နိုင်ငံခြားသားများလည်း ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အရေအတွက်နှင့် မည်သူတို့ဖြစ်သည်ကိုမူ အတိအကျ မပြောကြားခဲ့ပေ။ ဤလုပ်ရပ်သည် “အမျိုးသား ညီညွတ်ရေး” ကို အထောက်အကူပြုရန် ရည်ရွယ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း TeleSur မှတစ်ဆင့် ပြောကြားခဲ့သည်။

အမေရိကန်က ဗင်နီဇွဲလား၏ ကာလရှည် အာဏာရှင်ခေါင်းဆောင် မာဒူရိုကို ရုတ်တရက် စစ်ဆင်ရေးဖြင့် ဖမ်းဆီးပြီး မူးယစ်ဆေးဝါး မှောင်ခိုမှု စွဲချက်များဖြင့် နယူးယောက်သို့ ခေါ်ဆောင်သွားပြီးနောက် ရက်ပိုင်းအတွင်း ယခုကဲ့သို့ လွှတ်ပေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးပြီးကတည်းက အမေရိကန်အစိုးရ တာဝန်ရှိသူများသည် ဗင်နီဇွဲလားတွင် အမိန့်နာခံမည့် ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်ရန် ကြိုးပမ်းနေပြီး အခြားအချက်များ ထဲတွင် ဗင်နီဇွဲလားရှိ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုထားကြောင်း အမေရိကန်အစိုးရ၏ ရှင်းလင်းတင်ပြမှုကို သိရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရိုဒရီဂွက်စ်၏ ကြေညာချက်အပြီးတွင် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက စပိန်နိုင်ငံသား ၅ ဦး (၎င်းတို့အနက် တစ်ဦးမှာ နှစ်နိုင်ငံသားခံယူထားသူဖြစ်သည်) လွတ်မြောက်လာပြီး စပိန်သို့ လေကြောင်းဖြင့် ပြန်လာနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

“သူတို့ မကြာခင်မှာ သူတို့ရဲ့ ချစ်ခင်ရသူတွေဆီကို ပြန်ရောက်တော့မှာပါ။ သူတို့ လွတ်မြောက် လာတဲ့အတွက် ကျွန်တော့်ရဲ့ ဝမ်းသာပီတိကို ပြောပြဖို့ သူတို့နဲ့ စကားပြောခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး မာနျူယယ်လ် အယ်လ်ဘာရက်စ် (José Manuel Albares) က X (ယခင် Twitter) တွင် ရေးသားခဲ့သည်။

“ဗင်နီဇွဲလား ပြည်သူတွေနဲ့ ညီအစ်ကိုရင်းချာလို ဆက်ဆံရေးရှိတဲ့ စပိန်နိုင်ငံအနေနဲ့ ဒီဆုံးဖြတ် ချက်ကို ဗင်နီဇွဲလားရဲ့ အဆင့်သစ်တစ်ခုကို ကူးပြောင်းရာမှာ အပြုသဘော ဆောင်တဲ့ ခြေလှမ်း တစ်ခုအဖြစ် ကြိုဆိုပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မာဒူရိုကို ဖမ်းဆီးခြင်းမပြုမီ ရက်ပိုင်းအလိုတွင် ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့များသည် မကြာသေးမီလများအတွင်း အမေရိကန်နိုင်ငံသား အနည်းဆုံး ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ထိုအမေရိကန်နိုင်ငံသားများကို အကျပ်ကိုင်ရန်အတွက် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ထရန့်အစိုးရက ယုံကြည်ခဲ့ပြီး အချို့မှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွင် ပါဝင်ပတ်သက်နိုင်ကြောင်းလည်း အဆိုပါအရာရှိက ဖြည့်စွက် ပြောကြားခဲ့သည်။

ယခုလွှတ်ပေးသူများထဲတွင် ထို ၅ ဦး ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဗင်နီဇွဲလား တက်ကြွလှုပ်ရှားသူ အယ်လ်ဖရီဒို ရိုမီရို (Alfredo Romero) က ၎င်း၏ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Penal Forum အနေဖြင့် “လွတ်မြောက်လာမှု တစ်ခုချင်းစီကို အတည်ပြုသွားမည်” ဟု X တွင် ရေးသားခဲ့သည်။

ရိုမီရိုက TVV Network နှင့် အင်တာဗျူးရာတွင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ် ပါဘလို ဂွာနီပါ (Juan Pablo Guanipa) လည်း လွတ်မြောက်လာသူများထဲတွင် ပါဝင်မည်ဟု ပြောကြားခဲ့သည်။

ဂွာနီပါသည် ယခင်က ဗင်နီဇွဲလား အမျိုးသားညီလာခံ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) ၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည်။

ဂွာနီပါကို ၂၀၂၅ ခုနှစ် မေလတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယိုဒါဒို ကာဘယ်လို (Diosdado Cabello) က ထိုလတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို ဆန့်ကျင်ရန် ကြံစည်မှုကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု သက်သေ အထောက်အထား မရှိဘဲ စွပ်စွဲခဲ့သည်။

ဗင်နီဇွဲလားရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကော်မတီ (CLIPPVE) ကမူ ကျန်ရှိနေသော အကျဉ်းသားများကို လွှတ်ပေးရာတွင် “လျင်မြန်စွာ ဆောင်ရွက်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန်” တောင်းဆိုခဲ့သည်။

“ဒီလွှတ်ပေးမှုတွေကို ကိုင်တွယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတာနဲ့ မိမိသဘောဆန္ဒ အလျောက် လုပ်ဆောင်နေတာတွေ ရှိနေဆဲပါ။ ဒါက မိသားစုဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ စိုးရိမ်ပူပန်မှုနဲ့ မရေရာမှုတွေကို ပိုတိုးစေပါတယ်” ဟု CLIPPVE က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အတိုက်အခံများကို နှိပ်ကွပ်ခဲ့သည့် သမိုင်းကြောင်း

ဗင်နီဇွဲလား အတိုက်အခံများနှင့် နိုင်ငံခြားအစိုးရများသည် မာဒူရိုအစိုးရအား နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးထားသည်ဟု ကာလရှည်ကြာ စွပ်စွဲခဲ့ကြသည်။ သို့သော် ကာရာကပ်စ်အစိုးရက ထိုသို့ တရားလက်လွတ် ဖမ်းဆီးမှုများအပေါ် နိုင်ငံတကာ၏ အစီရင်ခံစာများကို “တာဝန်မဲ့သော၊ ဘက်လိုက်သော” နှင့် “ဝင်ရောက်စွက်ဖက်သော” အစီရင်ခံစာများအဖြစ် ပယ်ချခဲ့သည်။

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ဒီမိုကရေစီနည်းမကျဟု သတ်မှတ်ခဲ့သော်လည်း မာဒူရိုက သူနိုင်သည်ဟု ကြေညာခဲ့သည့် ၂၀၂၄ ခုနှစ် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ အပြီးတွင် အစိုးရတပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း Amnesty International အရ သိရသည်။

Penal Forum ၏ အဆိုအရ ဇန်နဝါရီလအစောပိုင်းအထိ နိုင်ငံရေးအကျဉ်းသား ၈၆၃ ဦး ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ထိုအကျဉ်းသားအများစုကို El Helicoide တွင် ထိန်းသိမ်းထားသည်။ မူလက ကုန်တိုက်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ခဲ့သော ထိုအဆောက်အအုံကြီးသည် ယခုအခါ ဗင်နီဇွဲလား ထောက်လှမ်းရေးဌာနချုပ်နှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်းထောင်အဖြစ် အသုံးပြုနေခြင်းဖြစ်သည်။

ဗင်နီဇွဲလားသည် El Helicoide နှင့် အခြားနေရာများတွင် နိုင်ငံရေးအကျဉ်းသားများကို ညှင်းပန်းနှိပ်စက်သည်ဟူသော စွပ်စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည်။

၂၀၂၅ ခုနှစ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ စုံစမ်းစစ်ဆေးမှုအရ နိုင်ငံရေး အကျဉ်းသား အများအပြားသည် အပြင်လောကနှင့် အဆက်အသွယ်ပြတ်တောက်စွာ ကာလ ရှည်ကြာ ထိန်းသိမ်းခံထားရပြီး မိသားစုဝင်များနှင့် ရှေ့နေများ လာရောက်တွေ့ဆုံခွင့်ကို ငြင်းပယ်ခံထားရကြောင်း သိရသည်။

HRW ၏ အမေရိကတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဟွာနီတာ ဂိုဘာတပ်စ် (Juanita Goebertus) က နိုင်ငံရေးအကျဉ်းသားများအပေါ် ဆက်ဆံပုံသည် “ဗင်နီဇွဲလားနိုင်ငံရှိ ဖိနှိပ်ချုပ်ချယ်မှု၏ ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည့် တုန်လှုပ်ဖွယ် သက်သေခံချက်” ဟု ဖော်ပြခဲ့သည်။

မာဒူရို ရာထူးမှ ဖယ်ရှားခံရပြီးနောက်တွင် ၎င်း၏ဆက်ခံသူ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်စ် (Delcy Rodríguez) သည် ဤပေါ်လစီကို ဆက်လက်ကျင့်သုံးမည် သို့မဟုတ် ပိုမိုပြင်းထန်အောင် လုပ်ဆောင်မည်ကို ဗင်နီဇွဲလားနိုင်ငံသား အများအပြားက စိုးရိမ်နေကြသည်။

တနင်္လာနေ့တွင် ဗင်နီဇွဲလား အာဏာပိုင်များသည် သမ္မတအား ကျယ်ပြန့်သော အာဏာများ အပ်နှင်းသည့် အမိန့်ဒီကရီတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ တိုက်ခိုက်မှုတွင် “ပါဝင်ပတ်သက်သူ သို့မဟုတ် ထောက်ခံသူ မည်သူမဆို” ကို ဖမ်းဆီးရန် လုံခြုံရေး တပ်ဖွဲ့များကို အမိန့်ပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများသည် လူတွေ့ခွင့်များ ပိတ်ပင်ခံထားရပြီး အပြင်လောကနှင့် ဆက်သွယ်၍မရအောင် တားဆီးခံထားရကြောင်း CLIPPVE အရ သိရသည်။

လွှတ်ပေးရန် အစီအစဉ်ကို ကြေညာပြီးနောက်တွင် အကျဉ်းသားအချို့၏ မိသားစုများသည် El Helicoide အပြင်ဘက်တွင် စုရုံးကာ ၎င်းတို့၏ ချစ်ခင်ရသူများနှင့် ပတ်သက်သည့် သတင်းများကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

အတိုက်အခံပါတီ ညှိနှိုင်းရေးမှူးဖြစ်သူ သူမ၏သား လွတ်မြောက်လာသူများထဲတွင် ပါဝင်ခြင်း ရှိ၊ မရှိ သိရှိရန် အာတာလီ ကာဘရီဂျို (Atali Cabrejo) သည် ထိုနေရာသို့ ရောက်ရှိလာခဲ့ သည်။ အာဏာပိုင်များက မည်သည့်အချက်အလက်ကိုမျှ ပေးခြင်းမရှိသေးကြောင်း သူမက Reuters သို့ ပြောကြားခဲ့သည်။

“ကျွန်မတို့ သိတာကတော့ မီဒီယာတွေမှာ တွေ့ရတာတွေပဲ ရှိပါသေးတယ်” ဟု သူမက ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကာရာကတ်စ်မြို့ရှိ ဗင်နီဇွဲလား ထောက်လှမ်းရေး ဌာနနှင့် ထိန်းသိမ်းရေးစခန်း၏ ဌာနချုပ်ဖြစ်သော El Helicoide တွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ်။(ပုံ)

ဗင်နီဇွဲလား ထောက်လှမ်းရေးဌာနနှင့် ထိန်းသိမ်းရေးစခန်း၏ ဌာနချုပ်ဖြစ်သော El Helicoide (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု