နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်

အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။

အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင် မိမိဘက်ကလည်း ပစ်ခတ်မည်ဟူသော ထရန့်၏ အစောပိုင်းသတိပေးချက်ကို လျစ်လျူရှုခဲ့ပြီးနောက်၊ ထရန့်သည် “ အနီရောင်မျဥ်း” အသစ်များကို ဆက်တိုက်သတ်မှတ်နေခဲ့သည်။ အကယ်၍ အီရန်က ဆန္ဒပြသူများကို အစီအစဉ်အတိုင်း ကွပ်မျက်သတ်ဖြတ်မည်ဆိုပါက “ ပြင်းထန်သော အရေးယူမှု” များ ပြုလုပ်မည်ဖြစ်ကြောင်း အင်္ဂါနေ့က CBS News နှင့် အင်တာဗျူးတွင် သမ္မတက သတိပေးခဲ့သည်။ ၎င်းသည် အမေရိကန်၏ စစ်ရေးတုံ့ပြန်မှုကို အတည်တကျ ဖြစ်စေသည်မဟုတ်သော်လည်း၊ ပုံစံပြသက်သက်ဖြစ်သော စစ်ဆင်ရေးမျိုးသည် တီဟီရန် အစိုးရကို ဟန့်တားနိုင်သည့် သူ၏ဩဇာအာဏာကို လျော့ပါးစေနိုင်သည်။

“ သမ္မတက အီရန်ပြည်သူတွေကို အကူအညီတွေလာနေပြီလို့ ပြောထားတယ်။ ဒါကြောင့် သမ္မတအနေနဲ့ တစ်ခုခုလုပ်ဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ထင်တယ်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် CIA ညွှန်ကြားရေးမှူးဟောင်း လီယွန်ပနက်တာ (Leon Panetta) က အင်္ဂါနေ့တွင် CNN သို့ ပြောကြားခဲ့သည်။ သူသည် အလုံးစုံစစ်ပွဲဆင်နွှဲရန် တိုက်ရိုက်မပြောသော်လည်း “ အခုအချိန်မှာ အမေရိကန်ရဲ့ ဂုဏ်သိက္ခာအရ ဆန္ဒပြသူတွေကို ထောက်ခံကြောင်းပြသဖို့ တစ်ခုခုလုပ်ဖို့ လိုအပ်နေပြီ” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များလည်း ပိုမိုခိုင်မာလာနေသည်။ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နင်းမှု အခြေအနေအမှန်ကို ဖုံးကွယ်ထားဆဲဖြစ်သော်လည်း ထွက်ပေါ်လာသော ဗီဒီယိုဖိုင်များအရ သွေးချောင်းစီးနေသည့် အခြေအနေကို မြင်တွေ့နေရသည်။ သေဆုံးသူ ၂,၄၀၀ ခန့်ရှိပြီဟု သတင်းများကဆိုသည်။ အကယ်၍ ဤအစိုးရသာ ဆက်လက်ရှင်သန်သွားပါက၊ အာဏာရှိ လျက်နှင့် ရပ်ကြည့်နေခဲ့ကြသော ပြင်ပအင်အားကြီးနိုင်ငံများကို လူအများက ဝေဖန်ကြ ပေလိမ့်မည်။

ထရန့်၏ ထပ်တလဲလဲ သတိပေးချက်များသည် အသက်စွန့်ဆန္ဒပြနေသူများအကြား မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။ နိုင်ငံရပ်ခြားတွင် သူ၏အာဏာကို ထိန်းချုပ် ထားနိုင်သည်မှာ “ ကိုယ်ကျင့်တရား” သာဖြစ်သည်ဟု မကြာသေးမီက ပြောကြားခဲ့သော သမ္မတတစ်ဦးအနေဖြင့်၊ အရေးယူဆောင်ရွက်ရန် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ရှိသည်ဟု ခံစားရနိုင်သည်။

“ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သမ္မတထရန့်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ရင် အီရန်ကို စစ်ရေးအရ အရေးယူမယ်လို့ ခုနစ်ကြိမ်တိုင်တိုင် ခြိမ်းခြောက်ခဲ့တာကို ကျွန်တော် ရေတွက် မိပါတယ်” ဟု အမေရိကန်အခြေစိုက် အီရန်အရေးကျွမ်းကျင်သူ ကာရင် ဆက်ဂျက်ပွား (Karim Sadjadpour) က ပြောသည်။ “ ဒါက သေဆုံးသူ ၂,၀၀၀ မတိုင်ခင်က ပြောခဲ့တာပါ။ အများစုက သူ့စကားကို အလေးအနက်ထားခဲ့ကြပြီး ဒီရက်စက်တဲ့ အစိုးရလက်ကနေ အကာအကွယ်ပေးမယ့် အမေရိကန်ရဲ့ ဒိုင်းတစ်ခုကို အနည်းဆုံးတော့ မျှော်လင့်နေကြ ပါတယ်” ဟု ၎င်းကဆိုသည်။

ဖိနှိပ်သောအစိုးရကို အဆုံးသတ်ရန် အခွင့်အရေး

ထရန့်အနေဖြင့် သမိုင်းကို ပြောင်းလဲပစ်ရန် ကြိုးပမ်းနိုင်သည့် မဟာဗျူဟာမြောက် အကြောင်းပြချက်ကောင်းများ ရှိနေသည်။

အီရန်အစိုးရ၏ အားနည်းချက်။  အီရန်ဘာသာရေးအာဏာရှင်စနစ်သည် ပြည်တွင်း ပြည်ပတွင် ယခုလောက် အားနည်းခဲ့ဖူးခြင်းမရှိပေ။ စီးပွားရေးကျပ်တည်းမှုများကြောင့် ပြည်သူများကို ကျွေးမွေးရန်ပင် ရုန်းကန်နေရသည်။ စိတ်ပျက်အားငယ်မှုသည် ဆန္ဒပြ သူများအတွက် အားကောင်းသော တွန်းအားတစ်ခုဖြစ်သည်။

ခေါင်းဆောင်မှု အပြောင်းအလဲ။ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီသည် အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး၊ လက်ရှိဆန္ဒပြပွဲများနှင့်မဆိုင်ဘဲ နောက်ဆက်ခံမည့်သူအတွက် အာဏာလုပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံရေးအလှည့်အပြောင်းသစ်တစ်ခု ဖြစ်လာ နိုင်ခြေရှိသည်။

စစ်ရေးအရ ထိုးနှက်ချက်။ ပြီးခဲ့သည့်နှစ်က အစ္စရေးနှင့် ၁၂ ရက်ကြာစစ်ပွဲအတွင်း အီရန်၏ ထိပ်တန်းခေါင်းဆောင်များ၊ စစ်ဘက်နှင့် ထောက်လှမ်းရေး အရာရှိကြီးအများအပြား သေဆုံးခဲ့သည်။

စွမ်းဆောင်ရည် ကျဆင်းမှု။ ၂၀၂၃ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် အီရန်၏ ဒေသတွင်းဩဇာနှင့် အမေရိကန် သို့မဟုတ် အစ္စရေးကို ပြန်လည်တိုက်ခိုက်နိုင်စွမ်းမှာ များစွာအားနည်းသွားခဲ့သည်။

ထို့ကြောင့် ၁၉၈၃ ဘေရွတ်သံရုံးဗုံးခွဲမှုအပါအဝင် အမေရိကန်ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော၊ အီရတ်တွင်လည်း အမေရိကန်တပ်ဖွဲ့ဝင်များကို နှစ်ရှည်လများ တိုက်ခိုက်ခဲ့သော ဤအစိုးရကို အဆုံးသတ်ရန် အခွင့်အရေးကို အမေရိကန်က အဘယ်ကြောင့် လက်လွှတ်ခံမည်နည်းဟုမေးစရာရှိသည်။

အစ္စလာမ္မစ်အစိုးရ၏ မတည်ငြိမ်မှုများကင်းစင်သွားသော အရှေ့အလယ်ပိုင်းသည် အစ္စရေးကို ပိုမိုဘေးကင်းစေမည်ဖြစ်ပြီး၊ ထရန့်၏ မျှော်မှန်းချက်ဖြစ်သော ချမ်းသာ ကြွယ်ဝပြီး ငြိမ်းချမ်းသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ထွန်းစေမည်ဖြစ်သည်။

ယခင်သမ္မတများ သတ်မှတ်ထားသော ကန့်သတ်ချက်များကို လျစ်လျူရှုပြီး ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တတ်သူဟု ဂုဏ်ယူလေ့ရှိသော သမ္မတတစ်ဦးအနေဖြင့် ဤအခွင့်အရေးကို အသုံးချရန် အလွန်ဆန္ဒရှိနေပေလိမ့်မည်။ အထူးသဖြင့် မကြာသေးမီက ဗင်နီဇွဲလား အာဏာရှင် မာဒူရိုကို အမေရိကန်စစ်သည်တစ်ဦးမျှ အထိအခိုက်မရှိဘဲ ဖမ်းဆီးနိုင်ခဲ့သည့် စစ်ဆင်ရေးကြောင့် သူသည် ပို၍ပင် ယုံကြည်မှုရှိနေနိုင်သည်။ ပြီးခဲ့သည့်နှစ်က အီရန်၏ နျူကလီးယားစခန်းများကို အကြီးအကျယ် ပျက်စီးစေခဲ့သော ဗုံးကြဲတိုက်ခိုက်မှုကိုလည်း သူက ဂုဏ်ယူစွာ ပြောဆိုလေ့ရှိသည်။

ဗင်နီဇွဲလားကဲ့သို့ လွယ်ကူမည်မဟုတ်

ထရန့်သည် အီရန်ကိစ္စနှင့်ပတ်သက်၍ “ ကျွန်တော် ဘာလုပ်မယ်ဆိုတာ မပြောနိုင်ဘူး၊ ဒါပေမဲ့ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် အတိအကျသိတယ်” ဟု ဆိုကာ လူအများကို ထင်ကြေး ပေးရန် ချန်ထားခဲ့သည်။

သို့သော်လည်း နောင်တွင် ဟန့်တားမှုများ ထိရောက်စေရန်အတွက် သမ္မတ၏ ခြိမ်းခြောက်မှု များကို လက်တွေ့အင်အားသုံးမှုဖြင့် အတည်ပြုပြသရန် လိုအပ်သည်။ ၂၀၁၃ ခုနှစ်တွင် ဆီးရီးယားက ဓာတုလက်နက်သုံးစွဲမှုအပေါ် သမ္မတ အိုဘားမားက စစ်ရေးအရ အရေးမယူ ခဲ့ခြင်းကြောင့် ရုရှားကဲ့သို့သော ပြိုင်ဘက်များအား ယူကရိန်းနှင့် ဆီးရီးယားတွင် ရဲတင်း လာစေခဲ့သည်ဟု အရာရှိဟောင်းများစွာက ယူဆကြသည်။

သို့သော် သမိုင်းက သင်ခန်းစာပေးထားသည်မှာ ဗီယက်နမ်မှသည် အီရတ်၊ အာဖဂန်နစ္စတန် နှင့် လစ်ဗျားအထိ အမေရိကန်၏ စစ်ရေးအရ ကြားဝင်မှုများသည် ဝါရှင်တန်အနေနှင့် ကြည့်လျှင် မှန်ကန်သည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင်မူ သမ္မတများ မျှော်လင့်ထား သကဲ့သို့ မသန့်ရှင်း၊ မရိုးရှင်းတတ်ပေ။ ထရန့်ကိုယ်တိုင်လည်း အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ အဆုံးမဲ့စစ်ပွဲများအပေါ် အမေရိကန်ပြည်သူများ ငြီးငွေ့လာခြင်းကြောင့်သာ သမ္မတဖြစ်လာ ခဲ့သူ ဖြစ်သည်။

ဤသမိုင်းကြောင်းအရ မေးခွန်းနှစ်ခု ထွက်ပေါ်လာသည် – ၁။ အမေရိကန်၏ တိုက်ခိုက်မှု များသည် ဆန္ဒပြသူများကို အမှန်တကယ် ကူညီရာရောက်ပြီး အစိုးရပြုတ်ကျရေးကို အထောက်အကူပြုနိုင်ပါသလား။

၂။ သို့မဟုတ် ဤလုပ်ရပ်ကြောင့် တန်ပြန်တော်လှန်ရေးနှင့် အမေရိကန်အပေါ် ဆန့်ကျင်မှုများ ပိုမိုပြင်းထန်လာနိုင်ပါသလား။ ယခင်အစိုးရများလည်း ဤအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ၂၀၀၉ ခုနှစ် အီရန်ဆန္ဒပြပွဲများအတွင်း အိုဘားမားသည် အီရန်အာဏာပိုင်များကို အကြမ်းဖက် ရန် အကြောင်းပြချက်မပေးလိုသဖြင့် အထူးသတိထားဆောင်ရွက်ခဲ့သည်။ သူက “ ဘယ်သူက အီရန်ခေါင်းဆောင်ဖြစ်သင့်တယ်ဆိုတာ အီရန်ပြည်သူတွေပဲ ဆုံးဖြတ်ရမှာပါ” ဟု ပြောကြား ခဲ့သည်။

နောင်တွင် အိုဘားမားက ၎င်း၏ ဆုံးဖြတ်ချက်အပေါ် နောင်တရကြောင်း အရိပ်အယောင်များ ပြခဲ့ဖူးသော်လည်း ထိုအချိန်က အမေရိကန်သည် အီရတ်နှင့် အာဖဂန်နစ္စတန်တွင် နစ်မွန်းနေ သဖြင့် စစ်ရေးအရ အရေးယူရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ဘာမဆို ဖြစ်သွားနိုင်သည်’

အီရန်နိုင်ငံ၏ အခြေအနေမှာ အလွန်ရှုပ်ထွေးလှသည်။ ဗုံးကြဲရုံဖြင့် ဒီမိုကရေစီ ဖြစ်မလာ နိုင်သလို၊ လမ်းပေါ်တွင် ပစ်ခတ်ခံနေရသော ဆန္ဒပြသူများကို အမေရိကန်၏ လေကြောင်း အင်အားဖြင့် တိုက်ရိုက်ကာကွယ်ပေးရန်မှာလည်း ခက်ခဲလှသည်။

ဗင်နီဇွဲလားတွင် ပြုလုပ်ခဲ့သော အထူးစစ်ဆင်ရေးမျိုးမှာလည်း အီရန်တွင် ဖြစ်နိုင်ခြေနည်းပါး သည်။ အီရန်သည် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများကဲ့သို့ ကိုလိုနီနယ်ချဲ့များ သတ်မှတ် ခဲ့သော နိုင်ငံမဟုတ်ဘဲ နှစ်ပေါင်းထောင်ချီ ခိုင်မာလာခဲ့သည့် ပါရှန်းယဉ်ကျေးမှုနှင့် အမျိုးသား ရေး စိတ်ဓါတ် ရှိသည့်နိုင်ငံဖြစ်သည်။ အာဏာစွန့်လွှတ်ရလျှင် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှု များနှင့် ဒုက္ခသည်ပြဿနာများကို အိမ်နီးချင်းနိုင်ငံများကလည်း စိုးရိမ်နေ ကြသည်။

နောက်ဆုံးပြဿနာမှာ အမေရိကန်၏ စစ်ရေးစွမ်းဆောင်ရည်ဖြစ်သည်။ ဗင်နီဇွဲလား ကမ်းလွန်တွင် အင်အားအလုံးအရင်း ချထားရသဖြင့် အမေရိကန်ရေတပ်မှာ အလုပ်များ နေသည်။ အနီးစပ်ဆုံး လေယာဉ်တင်သင်္ဘော USS Abraham Lincoln မှာလည်း တောင်တရုတ် ပင်လယ်တွင်သာ ရှိနေသေးသည်။

ထရန့် အီရန်အရေးစဥ်းစား

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ဆန္ဒပြပွဲတစ်ခုအတွင်း လမ်းတစ်ခုကို ပိတ်ဆို့နေစဉ် အီရန်နိုင်ငံသားများ စုဝေးနေကြစဉ်။ MAHSA/Middle East Images/AFP/Getty Images (ပုံ)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး အစိုးရပြောင်းလဲရန် တောင်းဆိုသည့် ရာပေါင်းများစွာသော လူများ။ Norvik Alaverdian/NurPhoto/Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်