နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သည် သူအကျဉ်းထောင်ထဲတွင်ပင် သေဆုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း သူ၏ ကိုယ်တိုင် ရေး အမှတ်တရစာအုပ်တွင် ရေးသားထားသည်။

သမ္မတ ဗလာဒီမာ ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်သည့် သူသည် နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် ရှုမြင်ခံရသော အစွန်းရောက်မှုစွဲချက်များဖြင့် ထောင်ဒဏ် ၁၉ နှစ် ကျခံ နေစဉ် ဖေဖော်ဝါရီလအတွင်းက အာတိတ်စက်ဝိုင်းရှိ အကျဉ်းထောင်တွင် ကွယ်လွန်ခဲ့သည်။

‘The New Yorker’ နှင့် ‘The Times’ တို့သည် နာဗာလ်နီ၏ နောက်ဆုံးနှစ်များ (အကျဉ်းကျ နေစဉ် ကာလများအပါအဝင်) ကို မှတ်တမ်းတင်ထားသော သူကွယ်လွန်ပြီးမှ ထွက်ပေါ် လာသည့် စာအုပ်မှ ကောက်နုတ်ချက်များကို ထုတ်ဝေခဲ့သည်။

“ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ လက်ကျန်ဘဝကို ဒီထောင်ထဲမှာပဲ ကုန်ဆုံးပြီး ဒီမှာပဲ သေရလိမ့်မယ်” ဟု သူက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ရေးသားခဲ့သည်။

“ နှုတ်ဆက်ရမယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး… နှစ်ပတ်လည်နေ့တွေ အားလုံးကို ကျွန်တော်မရှိဘဲ ကျင်းပကြရလိမ့်မယ်။ မြေးတွေကိုလည်း ကျွန်တော် ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်တော့ဘူး။”

ယခုနှစ်အစောပိုင်းတွင် နာဗာလ်နီ သေဆုံးမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် တုန်လှုပ်ခြောက်ခြား မှုနှင့် ဒေါသများ ထွက်ပေါ်ခဲ့ပြီး၊ နိုင်ငံရေး လှုပ်ရှားသူတစ်ဦးအနေဖြင့် သူ၏ စွမ်းဆောင်ရည် များကို ဂုဏ်ပြုခဲ့ကြသည်။

လူအများက ပူတင်ကို ပြစ်တင်ဝေဖန်ခဲ့ကြသော်လည်း၊ ကရင်မလင်ကမူ သူသေဆုံး သွားကြောင်း သိရှိရသည်ဟုသာ အကျဉ်းရုံး ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် နာဗာလ်နီသည် ဆိုက်ဘေးရီးယားခရီးစဉ်အပြီး၌ နိုဗီချော့ခ် အာရုံကြောအဆိပ်ဖြင့် အဆိပ်ခတ်ခံခဲ့ရသည်။

သူသည် ဂျာမနီနိုင်ငံတွင် အထူးကုသမှု ခံယူနေစဉ်အတွင်း ‘Patriot’ အမည်ရှိ သူ၏ ကိုယ်တိုင်ရေး အမှတ်တရစာအုပ်ကို စတင်ရေးသားခဲ့သည်။

နေပြန်ကောင်းလာပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် မော်စကိုသို့ ပြန်လာခဲ့ရာ ချက်ချင်းပင်လေဆိပ်ရောက်ရောက်ခြင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

နာဗာညီသည် သူ၏ ဘဝနောက်ဆုံး ၃၇ လကို အကျဉ်းထောင်ထဲတွင် ကုန်ဆုံးခဲ့ပြီး၊ ထိုကာလအတွင်း သူ၏ အမှတ်တရစာအုပ်တွင် စုစည်းထားသော ဒိုင်ယာရီမှတ်တမ်းများကို ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် သူက “ ကျွန်တော်တို့ ကြောက်သင့်တဲ့ တစ်ခုတည်းသော အရာကတော့ ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံကို လိမ်လည်သူတွေ၊ သူခိုးတွေနဲ့ ဟန်ဆောင်ကောင်း သူတွေဆီ ပေးအပ်လိုက်ရမှာကိုပါပဲ” ဟု ရေးသားခဲ့သည်။

ကောက်နုတ်ချက်များတွင် နာဗာလ်နီ၏ ကျန်းမာရေး ယိုယွင်းလာပုံနှင့် အကျဉ်းထောင် အတွင်း အထီးကျန်နေရမှုများကို သူ၏ ထူးခြားသော ဟာသဉာဏ်ဖြင့် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၏ ပုံမှန်နေ့တစ်နေ့ကို ဖော်ပြရာတွင် သူက “ အလုပ်မှာဆိုရင် ဒူးအောက်နိမ့်တဲ့ ထိုင်ခုံလေးပေါ်မှာ ထိုင်ပြီး စက်ချုပ်စက်နဲ့ ၇ နာရီကြာ ထိုင်ရတယ်” ဟု ရေးသားခဲ့သည်။

“ အလုပ်ပြီးရင်တော့ ပူတင်ရဲ့ ပုံတူကားချပ်အောက်က သစ်သားတန်းလျားပေါ်မှာ နာရီ အတော်ကြာ ဆက်ထိုင်နေရတယ်။ ဒါကို ‘စည်းကမ်းထိန်းသိမ်းရေး လှုပ်ရှားမှု’ လို့ ခေါ်တယ်” ဟု ဆိုသည်။

‘Patriot’ စာအုပ်ကို အောက်တိုဘာလ ၂၂ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ ၎င်း၏ အမေရိကန် ထုတ်ဝေသူ Knopf က ရုရှားဘာသာမူကိုလည်း ထုတ်ဝေရန် စီစဉ်နေသည်။

The New Yorker မဂ္ဂဇင်းက နာဗာလ်နီသည် အကျဉ်းကျနေစဉ်အတွင်း သူ၏ ဒိုင်ယာရီ မှတ်တမ်းအချို့ကို သူ၏အဖွဲ့မှတစ်ဆင့် လူမှုကွန်ရက်ပေါ်တွင် တင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

မဂ္ဂဇင်းအယ်ဒီတာ ဒေးဗစ် ရက်မနစ် (David Remnick) က “ နာဗာလ်နီရဲ့ ထောင်တွင်း ဒိုင်ယာရီကို ဖတ်ပြီးရင် သူခံစားခဲ့ရတဲ့ ကြေကွဲစရာ ဒုက္ခတွေနဲ့ သူ့ရဲ့ သေဆုံးမှုအပေါ် ဒေါသမထွက်ဘဲနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ရေးသားခဲ့သည်။

The New Yorker တွင် ဖော်ပြခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲပါ နောက်ဆုံး ကောက်နုတ်ချက်တွင်၊ နာဗာလ်နီက အကျဉ်းသားအချင်းချင်းနှင့် ထောင်ဝန်ထမ်းများက သူသည် အဘယ်ကြောင့် ရုရှားသို့ ပြန်လာရန် ရွေးချယ်ခဲ့သနည်းဟု မကြာခဏ မေးလေ့ ရှိကြောင်း ရေးသားခဲ့သည်။

အဖြေက ရိုးရှင်းပါသည်ဟု နာဗာလ်နီက ရေးသားခဲ့သည် – “ ကျွန်တော် ကျွန်တော့်ရဲ့ နိုင်ငံကို လက်မလွှတ်ချင်ဘူး၊ သစ္စာမဖောက်ချင်ဘူး။ မင်းရဲ့ ယုံကြည်ချက်တွေက တစ်ခုခုကို ကိုယ်စားပြုတယ်ဆိုရင်၊ အဲဒီအတွက် ရပ်တည်ဖို့နဲ့ လိုအပ်ရင် အနစ်နာခံဖို့ မင်းအသင့် ဖြစ်နေရမယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 11 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 12 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 26 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 27 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 27 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 40 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 28 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 31 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့