နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သည် သူအကျဉ်းထောင်ထဲတွင်ပင် သေဆုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း သူ၏ ကိုယ်တိုင် ရေး အမှတ်တရစာအုပ်တွင် ရေးသားထားသည်။

သမ္မတ ဗလာဒီမာ ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်သည့် သူသည် နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် ရှုမြင်ခံရသော အစွန်းရောက်မှုစွဲချက်များဖြင့် ထောင်ဒဏ် ၁၉ နှစ် ကျခံ နေစဉ် ဖေဖော်ဝါရီလအတွင်းက အာတိတ်စက်ဝိုင်းရှိ အကျဉ်းထောင်တွင် ကွယ်လွန်ခဲ့သည်။

‘The New Yorker’ နှင့် ‘The Times’ တို့သည် နာဗာလ်နီ၏ နောက်ဆုံးနှစ်များ (အကျဉ်းကျ နေစဉ် ကာလများအပါအဝင်) ကို မှတ်တမ်းတင်ထားသော သူကွယ်လွန်ပြီးမှ ထွက်ပေါ် လာသည့် စာအုပ်မှ ကောက်နုတ်ချက်များကို ထုတ်ဝေခဲ့သည်။

“ကျွန်တော်ဟာ ကျွန်တော့်ရဲ့ လက်ကျန်ဘဝကို ဒီထောင်ထဲမှာပဲ ကုန်ဆုံးပြီး ဒီမှာပဲ သေရလိမ့်မယ်” ဟု သူက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ရေးသားခဲ့သည်။

“နှုတ်ဆက်ရမယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး… နှစ်ပတ်လည်နေ့တွေ အားလုံးကို ကျွန်တော်မရှိဘဲ ကျင်းပကြရလိမ့်မယ်။ မြေးတွေကိုလည်း ကျွန်တော် ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်တော့ဘူး။”

ယခုနှစ်အစောပိုင်းတွင် နာဗာလ်နီ သေဆုံးမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် တုန်လှုပ်ခြောက်ခြား မှုနှင့် ဒေါသများ ထွက်ပေါ်ခဲ့ပြီး၊ နိုင်ငံရေး လှုပ်ရှားသူတစ်ဦးအနေဖြင့် သူ၏ စွမ်းဆောင်ရည် များကို ဂုဏ်ပြုခဲ့ကြသည်။

လူအများက ပူတင်ကို ပြစ်တင်ဝေဖန်ခဲ့ကြသော်လည်း၊ ကရင်မလင်ကမူ သူသေဆုံး သွားကြောင်း သိရှိရသည်ဟုသာ အကျဉ်းရုံး ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် နာဗာလ်နီသည် ဆိုက်ဘေးရီးယားခရီးစဉ်အပြီး၌ နိုဗီချော့ခ် အာရုံကြောအဆိပ်ဖြင့် အဆိပ်ခတ်ခံခဲ့ရသည်။

သူသည် ဂျာမနီနိုင်ငံတွင် အထူးကုသမှု ခံယူနေစဉ်အတွင်း ‘Patriot’ အမည်ရှိ သူ၏ ကိုယ်တိုင်ရေး အမှတ်တရစာအုပ်ကို စတင်ရေးသားခဲ့သည်။

နေပြန်ကောင်းလာပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် မော်စကိုသို့ ပြန်လာခဲ့ရာ ချက်ချင်းပင်လေဆိပ်ရောက်ရောက်ခြင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

နာဗာညီသည် သူ၏ ဘဝနောက်ဆုံး ၃၇ လကို အကျဉ်းထောင်ထဲတွင် ကုန်ဆုံးခဲ့ပြီး၊ ထိုကာလအတွင်း သူ၏ အမှတ်တရစာအုပ်တွင် စုစည်းထားသော ဒိုင်ယာရီမှတ်တမ်းများကို ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် သူက “ကျွန်တော်တို့ ကြောက်သင့်တဲ့ တစ်ခုတည်းသော အရာကတော့ ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံကို လိမ်လည်သူတွေ၊ သူခိုးတွေနဲ့ ဟန်ဆောင်ကောင်း သူတွေဆီ ပေးအပ်လိုက်ရမှာကိုပါပဲ” ဟု ရေးသားခဲ့သည်။

ကောက်နုတ်ချက်များတွင် နာဗာလ်နီ၏ ကျန်းမာရေး ယိုယွင်းလာပုံနှင့် အကျဉ်းထောင် အတွင်း အထီးကျန်နေရမှုများကို သူ၏ ထူးခြားသော ဟာသဉာဏ်ဖြင့် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၏ ပုံမှန်နေ့တစ်နေ့ကို ဖော်ပြရာတွင် သူက “အလုပ်မှာဆိုရင် ဒူးအောက်နိမ့်တဲ့ ထိုင်ခုံလေးပေါ်မှာ ထိုင်ပြီး စက်ချုပ်စက်နဲ့ ၇ နာရီကြာ ထိုင်ရတယ်” ဟု ရေးသားခဲ့သည်။

“အလုပ်ပြီးရင်တော့ ပူတင်ရဲ့ ပုံတူကားချပ်အောက်က သစ်သားတန်းလျားပေါ်မှာ နာရီ အတော်ကြာ ဆက်ထိုင်နေရတယ်။ ဒါကို ‘စည်းကမ်းထိန်းသိမ်းရေး လှုပ်ရှားမှု’ လို့ ခေါ်တယ်” ဟု ဆိုသည်။

‘Patriot’ စာအုပ်ကို အောက်တိုဘာလ ၂၂ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ ၎င်း၏ အမေရိကန် ထုတ်ဝေသူ Knopf က ရုရှားဘာသာမူကိုလည်း ထုတ်ဝေရန် စီစဉ်နေသည်။

The New Yorker မဂ္ဂဇင်းက နာဗာလ်နီသည် အကျဉ်းကျနေစဉ်အတွင်း သူ၏ ဒိုင်ယာရီ မှတ်တမ်းအချို့ကို သူ၏အဖွဲ့မှတစ်ဆင့် လူမှုကွန်ရက်ပေါ်တွင် တင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

မဂ္ဂဇင်းအယ်ဒီတာ ဒေးဗစ် ရက်မနစ် (David Remnick) က “နာဗာလ်နီရဲ့ ထောင်တွင်း ဒိုင်ယာရီကို ဖတ်ပြီးရင် သူခံစားခဲ့ရတဲ့ ကြေကွဲစရာ ဒုက္ခတွေနဲ့ သူ့ရဲ့ သေဆုံးမှုအပေါ် ဒေါသမထွက်ဘဲနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ရေးသားခဲ့သည်။

The New Yorker တွင် ဖော်ပြခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲပါ နောက်ဆုံး ကောက်နုတ်ချက်တွင်၊ နာဗာလ်နီက အကျဉ်းသားအချင်းချင်းနှင့် ထောင်ဝန်ထမ်းများက သူသည် အဘယ်ကြောင့် ရုရှားသို့ ပြန်လာရန် ရွေးချယ်ခဲ့သနည်းဟု မကြာခဏ မေးလေ့ ရှိကြောင်း ရေးသားခဲ့သည်။

အဖြေက ရိုးရှင်းပါသည်ဟု နာဗာလ်နီက ရေးသားခဲ့သည် – “ကျွန်တော် ကျွန်တော့်ရဲ့ နိုင်ငံကို လက်မလွှတ်ချင်ဘူး၊ သစ္စာမဖောက်ချင်ဘူး။ မင်းရဲ့ ယုံကြည်ချက်တွေက တစ်ခုခုကို ကိုယ်စားပြုတယ်ဆိုရင်၊ အဲဒီအတွက် ရပ်တည်ဖို့နဲ့ လိုအပ်ရင် အနစ်နာခံဖို့ မင်းအသင့် ဖြစ်နေရမယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို