နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်

ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။

ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင် ပိုမိုပြင်းထန်လာခဲ့သည်။

ဝါရှင်တန်ဒီစီတွင် တင်းမာမှုများ ဖုံးလွှမ်းနေသလို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ အရှေ့အလယ်ပိုင်းအထိပါ ထိုရိုက်ခတ်မှုများ ရောက်ရှိနေသည်။ လူတိုင်းက ကောင်းကင်ယံမှ ကျရောက်လာမည့် မီးတောက်များကို စောင့်ကြည့်နေကြသည်။

ဆန္ဒပြသူများကို အီရန်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် “အကူအညီတွေ လာနေပြီ” ဟူသော သူ၏ ကတိစကားအတိုင်း အီရန်ကို ထရမ့် တိုက်ခိုက်လေမလား။ သို့မဟုတ် အီရန်အတွင်းမှ သတင်းရင်းမြစ်တစ်ခု၏ “ကွပ်မျက်မှုတွေ ရပ်တန့်တော့မယ်” ဆိုသည့် မရေမရာရှိသော အာမခံချက်အပေါ် အခြေခံပြီး သူက ရှောင်ထွက်သွားလေမလား။

“ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်သွားမှာပါ” ဟု သူက သတင်းထောက် များကို ပြောကြားခဲ့သည်။ လူတိုင်းက ထရမ့် ဘာဆက်လုပ်မလဲဆိုသည်ကို စောင့်ကြည့် နေကြသည်။

သူကတော့ ဘဲဥပုံရုံးခန်း (Oval Office) စားပွဲနောက်မှာ ထိုင်ရင်း၊ သံစုံတီးဝိုင်းတစ်ခုကို ဦးဆောင်နေသည့် အဖွဲ့ခေါင်းဆောင်တစ်ဦးကဲ့သို့ပင် ခြိမ်းခြောက်မှုများ၊ ပရိယာယ်များနှင့် ဆဲရေးတိုင်းထွာမှုများကို အငြိုးတကြီး ပစ်ပေါက်နေရသည်ကို သဘောကျနေသည်။ သို့သော် သူ ဖန်တီးနေသည်မှာ သဟဇာတဖြစ်မှု မဟုတ်ဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ ပရမ်းပတာ ဖြစ်မှု များသာ ဖြစ်သည်။

ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်အောက်တွင် နေထိုင်ခဲ့ရပြီးနောက်၊ ယခုအခါ ကိုယ့်ပြည်သူ ကိုယ် အနည်းဆုံး ထောင်ဂဏန်းခန့် သတ်ဖြတ်ကာ ရက်စက်စွာ နှိမ်နင်းနေသည့် အီရန် အစိုးရ၏ ကတိကဝတ်များကို သူက ဘယ်လိုယုံကြည်နိုင်မှာလဲဟု မေးမြန်းရာတွင် ထရမ့်က သူ၏ ထုံးစံအတိုင်း ဇာတ်ရှိန်သတ်ထားသော စကားလုံးများဖြင့် အဖြေပေးခဲ့သည်။

“ကျနော်တို့ သိလာရမှာပါ၊ ဒါပြီးရင် ကျနော် သိရပါလိမ့်မယ်။ ခင်ဗျားတို့လည်း သိရမှာပါ၊ ဒါပေမဲ့ ကျနော်တို့ကတော့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ဆီက သိထားရတယ်၊ ဒါဟာ အမှန် ဖြစ်ဖို့ လည်း ကျနော် မျှော်လင့်ပါတယ်။ ဘယ်သူကသိနိုင်မှာလဲ ဟုတ်တယ်မလား။ ဘယ်သူကသိမှာလဲ။ ရူးသွပ်စရာ ကမ္ဘာကြီးပါပဲ” ဟု သူက သတင်းထောက်များကို ပြောသည်။

အထူးခြားဆုံးအချက်မှာ ထရမ့်သည် စစ်နှင့်ငြိမ်းချမ်းရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များကို ပြောကြားနေစဉ်အတွင်း၊ ကျောင်းများတွင် ကလေးများကို အဆီအပြည့်ပါသော နို့များ တိုက်ကျွေးခွင့်ပြုသည့် ဥပဒေသစ်ကို အရောင်းမြှင့်တင်သည့် အခမ်းအနားကိုပါ ဘဲဥပုံ ရုံးခန်းတွင် ပူးတွဲကျင်းပနေခြင်းပင် ဖြစ်သည်။

“ကျနော်တို့ ကလေးဘဝတုန်းက အချိန်တွေကို မှတ်မိကြသေးလား” ဟု သူက အီရန်ကို တိုက်ခိုက်တော့မလားဆိုသည့် အဖြေကို ငတ်မွတ်နေကြသော သတင်းထောက်အဖွဲ့ကို မေးမြန်းလိုက်သည်။

သမ္မတက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး “အဲဒီတုန်းက လူတိုင်း နို့တစ်ဘူးတည်းကို အတူတူ သောက်ခဲ့ကြတာ။ ဒီနေ့ခေတ်မှာတော့ အဲဒီလို မလုပ်ကြ တော့ဘူး။ ဒါပေမဲ့ ခင်ဗျားတို့က တစ်ယောက်ယောက်ကို ယုံကြည်တယ်ဆိုရင်၊ အဲဒီလူ သောက်ပြီးသားကို သောက်ချင်တယ်ဆိုရင်၊ ဒါက ဒီမှာ ရှိတယ်၊ ခင်ဗျားတို့အတွက်ပဲ။ ဟုတ်ပြီလား” ဟု ပြောသည်။

“ဒါက နည်းနည်းတော့ လတ်ဆတ်နေတုန်းပဲ၊ ၅ ရက် ၆ ရက်လောက်ပဲ ရှိသေးတယ်” ဟု သမ္မတက သူ၏စားပွဲပေါ်တွင် တင်ထားသော နို့ဘူးကို ညွှန်ပြကာ ပြောဆိုခဲ့သည်။

ဂရင်းလန်း (Greenland) ဇာတ်လမ်း၏ ထူးခြားသော အလှည့်အပြောင်း

ထရမ့်လက်ထက်တွင် အမြဲဖြစ်လေ့ရှိသလိုပင် ဝါရှင်တန်၌ ထူးဆန်းသောနေ့တစ်နေ့ ဖြစ်ခဲ့သည်။ ဂရင်းလန်းသည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ယင်းကို ပိုင်ဆိုင်လိုသည့် ထရမ့်၏ တောင်းဆိုမှုအပြီးတွင် ဂရင်းလန်းနှင့် ဒိန်းမတ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ကို အိမ်ဖြူတော်က ကြိုဆိုခဲ့သည်။

ဤခရီးစဉ်မှာ မည်မျှ ထူးဆန်းသည်ကို အလေးပေးဖော်ပြရန် လိုအပ်ပါသည်။ အဆိုပါ တာဝန်ရှိသူများသည် ဒိန်းမတ်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကို ရောင်းရန်မဟုတ်ကြောင်းနှင့် ထရမ့်အနေဖြင့် ၎င်းကို ဝယ်ယူရန် သို့မဟုတ် ကျူးကျော်ရန် မကြိုးစားသင့်ကြောင်း ပြောကြားရန် ဝါရှင်တန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထရမ့်၏ ပထမသက်တမ်းတုန်းကမူ အမေရိကန်၏ နယ်မြေချဲ့ထွင်ရေးမူဝါဒ (Manifest Destiny) ကို ဖော်ဆောင်ခဲ့သည့် သမ္မတအဖြစ် သမိုင်းတွင်လိုသောဇောဖြင့် ဂရင်းလန်းကို လုယူရန် ကြိုးစားခြင်းမှာ ဟာသတစ်ခုကဲ့သို့ မှတ်ယူခဲ့ကြသည်။ သို့သော် ဒုတိယသက်တမ်း တွင်မူ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော စစ်သေနာပတိချုပ် ထရမ့်ကို ဥရောပ ခေါင်းဆောင်များ က အလေးအနက်ထား သတိထားနေကြရပြီဖြစ်သည်။

ဤထိပ်တိုက်ရင်ဆိုင်မှုမှာ ပို၍ပင် ထူးဆန်းနေရခြင်းမှာ ဂရင်းလန်းသည် နေတိုး (NATO) အဖွဲ့ဝင် နယ်မြေဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ဒိန်းမတ်က ယင်းကို မကာကွယ်နိုင်ပါဘူး ဆိုသည့် ထရမ့်၏ ပြောဆိုချက်မှာ အဓိပ္ပာယ်မရှိပေ။ ဒိန်းမတ်သည် ကမ္ဘာ့သြဇာအရှိဆုံး စစ်မဟာမိတ်အဖွဲ့တွင် ပါဝင်နေသည်။ အဆိုပါကျွန်းကို တိုက်ခိုက်ခြင်းသည် နေတိုးအဖွဲ့ဝင် အားလုံးကို တိုက်ခိုက်ခြင်းဟု မှတ်ယူရမည်ဖြစ်သည်။

ဒုတိယသမ္မတ ဂျေဒီဗန့် နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုယို တို့နှင့် ဆွေးနွေးမှုတွင် အဆိုးဆုံး ဖြစ်လာနိုင်သည်မှာ ယူကရိန်းခေါင်းဆောင်ကို ပြီးခဲ့သည့်နှစ်က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည့် ဖြစ်ရပ်မျိုး ပြန်ဖြစ်လာရန်ဖြစ်သည်။ ထိုသို့သော ဘေးဒုက္ခမျိုးကို ရှောင်လွှဲနိုင်ခဲ့ပုံရသော်လည်း၊ စိုးရိမ်နေသော ကိုယ်စားလှယ်အဖွဲ့ကမူ ဂရင်းလန်း၏ အနာဂတ်နှင့် ပတ်သက်၍ “အခြေခံကျကျ သဘောထားကွဲလွဲမှု” ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် အိုဗယ်ရုံးခန်း၌ သမ္မတက သူ၏ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဂရင်းလန်းကို လိုအပ်ကြောင်း ညည်းတွားခဲ့ပြီး၊ ရုရှားနှင့် တရုတ်တို့က အမေရိကန် အခြေစိုက်စခန်းရှိပြီးသား ထိုနယ်မြေထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်ဟု သတိပေးခဲ့သည်။

ထို့ပြင် သူသည် နေတိုးမဟာမိတ်၏ စစ်အင်အားအပေါ်လည်း ပြင်းပြင်းထန်ထန် လှောင်ပြောင်ခဲ့သည်။ ဒိန်းမတ်သည် ၉/၁၁ တိုက်ခိုက်မှုအပြီးတွင် အမေရိကန်၏ အကျိုးစီးပွားအတွက် “တစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် အားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်” ဆိုသည့် မူဝါဒကို လက်ကိုင်ထားကာ အမေရိကန်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်မြေပြင်တွင် အသက်ပေးခဲ့သည့် မဟာမိတ်ဖြစ်သည်။

“သူတို့ ပြီးခဲ့တဲ့လက အဲဒီမှာ ခွေးဆွဲလျှောတိုက်လှည်းတစ်စီး ထပ်တိုးလိုက်တယ်။ အခု ခွေးဆွဲလျှောတိုက်လှည်း နှစ်စီးဖြစ်သွားပြီ။ ဒါနဲ့တော့ အလုပ်မဖြစ်နိုင်ပါဘူး” ဟု ထရမ့်က လှောင်ပြောင်ပြောဆိုသည်။

တစ်နေ့တာအတွင်း ဂရင်းလန်းအရေးမှာ ပို၍ ထူးခြားလာခဲ့သည်။ ဒိန်းမတ်က အဆိုပါကျွန်း သို့ စစ်အင်အား ထပ်မံစေလွှတ်မည်ဟု ပြောကြားလိုက်ပြီးနောက် စကန်ဒီနေးဗီးယား နိုင်ငံများကလည်း ပူးပေါင်းလာသည်။ ဆွီဒင်က စစ်သည်အင်အား အချို့စေလွှတ်မည်ဖြစ်ပြီး၊ နော်ဝေက လူနှစ်ဦး စေလွှတ်မည်ဖြစ်သည်။ ဂျာမနီကလည်း စူးစမ်းလေ့လာရေး ခရီးစဉ် အဖြစ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ ၁၃ ဦး စေလွှတ်မည်ဟု ကြေညာခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ဂရင်းလန်းတွင် အရေးပေါ်ဖွဲ့စည်းလိုက် သော ‘Operation Arctic Endurance’ ၌ ပါဝင်ရန် ပြင်သစ်တပ်ဖွဲ့ဝင်များကို စေလွှတ် လိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ကြေညာခဲ့သည်။

ဤသို့ စစ်အင်အားစေလွှတ်မှုများသည် ပြယုဂ်သက်သက်သာ ဖြစ်သော်လည်း၊ ယင်း၏ အဓိပ္ပာယ်မှာ အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဥရောပနိုင်ငံများသည် ရုရှား သို့မဟုတ် တရုတ်ထံမှ ကာကွယ်ရန် မဟုတ်ဘဲ၊ အနောက်အုပ်စု၏ အရေးအပါဆုံး ခေါင်းဆောင် ဖြစ်သည့် အမေရိကန်သမ္မတထံမှ နေတိုးနယ်မြေကို ကာကွယ်ရန် သူတို့၏ စစ်သည်များကို စေလွှတ်နေရခြင်း ဖြစ်သည်။

အကျပ်အတည်းများစွာကို ကစားနေသည့် သမ္မတ

ကျန်ရှိနေသည့် ကမ္ဘာ့နိုင်ငံများသည် ထရမ့်၏ သက်တမ်းနှစ်ခု၊ ၅ နှစ်တာအတွင်း အမေရိကန် တွင် ဖြစ်ပျက်နေသော ဘဝမျိုးကို မြည်းစမ်းနေကြရသည်။ သူတို့သည် စိတ်အလိုလိုက်ပြီး အုပ်ချုပ်တတ်သော၊ မည်သည့် မဟာဗျူဟာမှ မရှိဘဲ လူတိုင်းကို ခန့်မှန်းရခက်အောင် လုပ်ထားခြင်းမှာပင် သူ၏ မဟာဗျူဟာဖြစ်နေသော သမ္မတတစ်ဦးနှင့် ရင်ဆိုင်နေရသည်။

ထရမ့်၏ ထောက်ခံသူများကမူ သူ၏ ခန့်မှန်းရခက်မှုမှာ အားသာချက်တစ်ခုဖြစ်ပြီး၊ ကမ္ဘာကြီးကို အမြဲသတိရှိနေစေကာ အမေရိကန်၏ အာဏာနှင့် သြဇာကို ပြန်လည် တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုကြသည်။

ထရမ့်တွင် ငြင်းပယ်၍မရသော နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုအချို့ ရှိသည်။ အခြားသမ္မတများ မလုပ်ရဲခဲ့သည့် အီရန်၏ နျူကလီးယားအစီအစဉ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့သည်။ ဗင်နီဇွဲလားတွင် မာဒူရိုအလွန်အတွက် အစီအစဉ်မရှိသော်လည်း၊ ထိုနိုင်ငံမှ ဆင်းရဲနွမ်းပါးသော ပြည်သူများကတော့ အာဏာရှင်ကို လွမ်းဆွတ်နေကြမည် မဟုတ်ပေ။

သို့သော် ထရမ့်သည် ဘောလုံးများစွာကို မပြုတ်ကျအောင် မောဟိုက်စွာ လှည့်ကစား နေရသည့် မျက်လှည့်ဆရာတစ်ဦးကဲ့သို့ပင် ဖြစ်နေဆဲဖြစ်သည်။ စစ်ရေးအောင်မြင်မှုများ ရှိခဲ့သော်လည်း ထရမ့်၏ ကံတရားမှာ ထာဝရ တည်မြဲနေမည် မဟုတ်ပေ။

အီရန်အခြေအနေမှာ သူ၏ စိတ်လိုက်မာန်ပါ လုပ်တတ်သော ခေါင်းဆောင်မှုအတွက် အကောင်းဆုံး ဥပမာဖြစ်သည်။ အီရန်က ဆန္ဒပြသူများကို မနှိမ်နင်းရန် သတိပေးချက်ကို လျစ်လျူရှုခဲ့ခြင်းကြောင့် စစ်ရေးအရ တိုက်ခိုက်ရန် လမ်းစများ ဖြစ်ပေါ်နေသည်။ အမေရိကန်က ကာတာရှိ အခြေစိုက်စခန်းမှ ဝန်ထမ်းအချို့ကို ထွက်ခွာခိုင်းထားပြီး၊ နိုင်ငံအများအပြားကလည်း သူတို့၏ နိုင်ငံသားများကို အီရန်မှ ထွက်ခွာရန်နှင့် ထိုဒေသသို့ ခရီးမသွားရန် သတိပေးထားသည်။

သို့သော်လည်း ထရမ့်သည် တိုက်ခိုက်ရန် နောက်တွန့်နေခြင်းလည်း ဖြစ်နိုင်သည်။ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင်ရန် အမိန့်ပေးခြင်းမှာ မည်သည့်သမ္မတအတွက်မဆို ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်သည်။ အီရန်ကို တိုက်ခိုက်ခြင်းက အမေရိကန်ကို ရေရှည် စစ်ပွဲထဲသို့ ဆွဲခေါ်သွားနိုင်ပြီး၊ ထရမ့်၏ “အမေရိကန် ဦးစားပေး” (America First) ဝါဒကို ထောက်ခံသူများက ယင်းကို သဘောကျမည်မဟုတ်ပေ။

ယခင်က သမ္မတများသည် အီရန်ဆန္ဒပြသူများကို လှုံ့ဆော်သကဲ့သို့ မဖြစ်စေရန် အထူး သတိထားခဲ့ကြသည်။ သို့သော် ထရမ့်ကတော့ ထိုသို့သော စိုးရိမ်ပူပန်မှုမျိုး မရှိပေ။ “အီရန်မျိုးချစ်တို့ရေ၊ ဆက်ပြီး ဆန္ဒပြကြပါ။ မင်းတို့ရဲ့ အင်စတီကျူးရှင်းတွေကို သိမ်းပိုက်ကြပါ!!!… အကူအညီတွေ လာနေပါပြီ” ဟု သူက Truth Social တွင် ရေးသားခဲ့သည်။

အကယ်၍ သူ ဘာမှမလုပ်ဘဲ နေခဲ့မည်ဆိုလျှင်၊ ရေရှည်တွင် ယင်းကို မဟာဗျူဟာမြောက်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ သစ္စာဖောက်မှုအဖြစ် ရှုမြင်ခံရနိုင်သည်။

သမားရိုးကျ မူဝါဒလုပ်ငန်းစဉ်များကို အထင်သေးပြီး၊ သူ၏ ဗီဇအတိုင်း ဆောင်ရွက်ကာ၊ မိမိကိုယ်ကိုယ် ငြိမ်းချမ်းရေးကို မြတ်နိုးသူဟု ပြောဆိုသော်လည်း စစ်ရေးအရ အကြမ်းဖက် တိုက်ခိုက်မှုများကို ပိုမိုလိုလားလာသော အမေရိကန်သမ္မတအတွက် အချိန်က စကားပြော လာတော့မည်ဖြစ်သည်။

သူပြောသလိုပါပဲ၊ ဒါဟာ “ရူးသွပ်စရာ ကမ္ဘာကြီး” ပါပဲ။

ဤဆောင်းပါးကို လေ့လာဆန်းစစ်သူ စတီဖင်ကောလင်းဆန်(Stephen Collinson) က CNN တွင် တင်ပြသည်

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်၏ Oval ရုံးခန်းတွင် နို့ထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်းရှင်များနှင့် ဥပဒေကြမ်းလက်မှတ်ရေးထိုးပွဲတစ်ခုအတွင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားနေစဉ်။ Anna Moneymaker/Getty Images (ပုံ)

ဗုဒ္ဓဟူးနေ့က ကက်ပီတယ်တောင်ကုန်းတွင် အမေရိကန်အထက်လွှတ်တော်အမတ်များနှင့် တွေ့ဆုံပြီးနောက် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လာ့စ် လိုကေး ရက်စ်မူဆန်နှင့် ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် မော့ဇ်ဖဲလ်ဒ်တို့သည် မီဒီယာများနှင့် စကားပြောဆိုနေကြစဉ် (နေသန် ဟောင်းဝပ်/ရိုက်တာ) (ပုံ)

ဇန်နဝါရီ ၈ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများ။ Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်