နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျွန်းလှမြို့မှာ ရွှေဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့

မတ်လ (၁၉)ရက်။

မတ်လ (၁၅)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က ကျွန်းလှမြို့ သဖန်းဆိပ်ဆည်ရေပြင်ထဲရှိ ရွှေဖော်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

“ ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ သဖန်းဆိပ်ဆည်ရေပြင်ထဲက ရွှေဖောင်တွေကို (၃)ကြိမ်တိုက်ခိုက်ခဲ့တာ။ စက်လက်တွေနဲ့ အကြိမ် (၂၀)လောက် ပစ်သွားတာ။ ဖောင်‌မောင်းတဲ့အချိန်ကျ သိဖို့လဲမလွယ်ဘူးလေ၊ ရွာ‌တွေတောင် ပထမဖိုက်တာပစ်သံကြားမှ ပြေးကြလွှားကြ ပုန်းကျင်းထဲဝင်ရတာ။ လေယာဥ်သံတွေ၊ ဗုံးကွဲသံတွေ၊ အော်သံတွေနဲ့ မီးတွေကလောင် ကမ္ဘာပျက်တဲ့အတိုင်းပဲ” လို့ ဒေသခံတဦးက ဆိုထားပါတယ်။

ဟုမ္မလင်းကနေ တက်လာတဲ့ Jet Fighter နှစ်စီးနဲ့ ရေပြင်ထဲရှိ ရွှေဖောင်တွေကို နေ့လယ် (၃)နာရီ၊ (၃)နာရီ (၇)မိနစ်နဲ့ (၃)နာရီ (၉)မိနစ်တို့မှာ စက်လက်အကြိမ် (၂၀)ခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

“ မကြောက်လို့ မောင်းနေကြတာမဟုတ်ဘူး၊ မိသားစုစားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အသက်စွန့်လုပ်ကြရတာ၊ မစားဘဲနေမှမနေနိုင်ဘဲ။ ဘယ်နေရာနေနေ စားဝတ်နေရေးအတွက် ရုန်းကန်ရတာပဲ၊ မြို့ပေါ်ကျ ပေါ်တာဆွဲတယ်မနေရဲဘူး၊ ရန်ကုန်၊မန္တလေးဆင်းဖို့ကျလဲ လမ်းကြောပေါ်တာဆွဲခံရမှာကြောက်ရနဲ့ မသွားရဲလို့အဆင်ပြေသလို ရွှေတောဆင်း နေ့စားလိုက်ရတဲ့လူငယ်တွေချည်းပဲ။ အခုအသက်ဆုံးတာလဲ လူငယ်တွေချည်းပဲ အားလုံး (၇)ယောက်သေတာ၊ တချို့က ရုပ်အလောင်းပီပြင်တယ်၊ တချို့ဆို မီးလောင်ပျက်စီးနေပြီ၊ နှစ်ယောက်က အလောင်းတောင်ရှာမတွေ့ဘူး ရေမြုပ်သွားတာထင်တယ် အခုထိရှာမတွေ့ဘူး” လို့ သူက ဆက်ပြောပါတယ်။

သဖန်းဆိပ်ဆည်‌ရေပြင်ထဲရှိ ရွှေဖောင်တွေကို အကြမ်းဖက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရကာ (၂)ဦးပျောက်ဆုံးပြီး ရွှေဖောင် (၁၃)ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ သဖန်းဆိပ်ဆည်ထဲရှိ ရွှေဖောင်လုပ်ကိုင်နေကြတဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက်ထောက်ပံ့တယ်ဆိုတဲ့ခေါင်းစဥ်တပ်ပြီး လေကြောင်းပစ်ခတ်တာတွေကို ရက်ရက်စက်စက် ဆက်တိုက်ပြုလုပ်နေတာပါ။

ဒါ့အပြင် မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်၊ ညနေ (၆)နာရီ  (၄)မိနစ်နဲ့ (၄၅)မိနစ်တို့မှာ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ(၂)စီးနဲ့ ကျွန်းလှနယ်အနောက်ခြမ်းကို လေကြောင်းကနေ (၃)ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူအထိအခိုက်ရှိမရှိ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 13 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 62 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေ ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့လှုပ်ရှားမှု ပြုလုပ်မယ်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 19 Views
ဧပြီလ (၁၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူး‌ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတလုပ်တဲ့ မင်းအောင်လှိုင်က ပြည်သူက ရွေးချယ်တင်မြှောက်တာဆိုပြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 23 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ဒုသမ္မတ(၁)နဲ့ ဒုသမ္မတ (၂)တို့ ကျမ်းကျိန်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီကျမ်းကျိန်ပွဲမှာ မင်းအောင်လှိုင်က သမ္မတအပြင် ညိုစောနဲ့ နန်းနီနီအေးတို့က ဒုသမ္မတအနေနဲ့ လွှတ်တော်နာယကရှေ့မှာ
မြန်မာသတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း ဧပြီလ (၁၀)ရက်။ တော်လှန်ရေးကာ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တရားဝင် အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဋိညာဉ်မူကြမ်းကို (၂)နှစ်ကျော်ကြာ အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့ပြီး
မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 35 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းက အင်အား
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 25 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖက်ပင်အိုင်ရွာကို ဧပြီလ (၁)ရက်ကနေ (၄)ရက်နေ့အထိ စစ်အုပ်စုနဲ့ ပျူစောထီးတို့ဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 31 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ