နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျွန်းလှမြို့မှာ ရွှေဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့

မတ်လ (၁၉)ရက်။

မတ်လ (၁၅)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က ကျွန်းလှမြို့ သဖန်းဆိပ်ဆည်ရေပြင်ထဲရှိ ရွှေဖော်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

“ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ သဖန်းဆိပ်ဆည်ရေပြင်ထဲက ရွှေဖောင်တွေကို (၃)ကြိမ်တိုက်ခိုက်ခဲ့တာ။ စက်လက်တွေနဲ့ အကြိမ် (၂၀)လောက် ပစ်သွားတာ။ ဖောင်‌မောင်းတဲ့အချိန်ကျ သိဖို့လဲမလွယ်ဘူးလေ၊ ရွာ‌တွေတောင် ပထမဖိုက်တာပစ်သံကြားမှ ပြေးကြလွှားကြ ပုန်းကျင်းထဲဝင်ရတာ။ လေယာဥ်သံတွေ၊ ဗုံးကွဲသံတွေ၊ အော်သံတွေနဲ့ မီးတွေကလောင် ကမ္ဘာပျက်တဲ့အတိုင်းပဲ”လို့ ဒေသခံတဦးက ဆိုထားပါတယ်။

ဟုမ္မလင်းကနေ တက်လာတဲ့ Jet Fighter နှစ်စီးနဲ့ ရေပြင်ထဲရှိ ရွှေဖောင်တွေကို နေ့လယ် (၃)နာရီ၊ (၃)နာရီ (၇)မိနစ်နဲ့ (၃)နာရီ (၉)မိနစ်တို့မှာ စက်လက်အကြိမ် (၂၀)ခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

“မကြောက်လို့ မောင်းနေကြတာမဟုတ်ဘူး၊ မိသားစုစားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အသက်စွန့်လုပ်ကြရတာ၊ မစားဘဲနေမှမနေနိုင်ဘဲ။ ဘယ်နေရာနေနေ စားဝတ်နေရေးအတွက် ရုန်းကန်ရတာပဲ၊ မြို့ပေါ်ကျ ပေါ်တာဆွဲတယ်မနေရဲဘူး၊ ရန်ကုန်၊မန္တလေးဆင်းဖို့ကျလဲ လမ်းကြောပေါ်တာဆွဲခံရမှာကြောက်ရနဲ့ မသွားရဲလို့အဆင်ပြေသလို ရွှေတောဆင်း နေ့စားလိုက်ရတဲ့လူငယ်တွေချည်းပဲ။ အခုအသက်ဆုံးတာလဲ လူငယ်တွေချည်းပဲ အားလုံး (၇)ယောက်သေတာ၊ တချို့က ရုပ်အလောင်းပီပြင်တယ်၊ တချို့ဆို မီးလောင်ပျက်စီးနေပြီ၊ နှစ်ယောက်က အလောင်းတောင်ရှာမတွေ့ဘူး ရေမြုပ်သွားတာထင်တယ် အခုထိရှာမတွေ့ဘူး”လို့ သူက ဆက်ပြောပါတယ်။

သဖန်းဆိပ်ဆည်‌ရေပြင်ထဲရှိ ရွှေဖောင်တွေကို အကြမ်းဖက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၇)ဦးသေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရကာ (၂)ဦးပျောက်ဆုံးပြီး ရွှေဖောင် (၁၃)ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ သဖန်းဆိပ်ဆည်ထဲရှိ ရွှေဖောင်လုပ်ကိုင်နေကြတဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက်ထောက်ပံ့တယ်ဆိုတဲ့ခေါင်းစဥ်တပ်ပြီး လေကြောင်းပစ်ခတ်တာတွေကို ရက်ရက်စက်စက် ဆက်တိုက်ပြုလုပ်နေတာပါ။

ဒါ့အပြင် မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်၊ ညနေ (၆)နာရီ  (၄)မိနစ်နဲ့ (၄၅)မိနစ်တို့မှာ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ(၂)စီးနဲ့ ကျွန်းလှနယ်အနောက်ခြမ်းကို လေကြောင်းကနေ (၃)ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူအထိအခိုက်ရှိမရှိ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 136 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို