နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ကို စနိုက်ပါဖြင့် ပစ်ခတ်၊ သုံးဦးထိမှန်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေမှာ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ သုံးဦးထိမှန်ခဲ့တယ်လို့ သိရပါတယ်။


အဲဒီပစ်ခတ်မှုမှာ လက်နက်နဲ့ ခဲယမ်းများရရှိခဲ့တယ်လို့ Royal Peacock Columnက မေ ၁၈ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တပ်မဟာ (၃) နယ်မြေမှာ ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်ကို အသိပေးခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့ထားပါတယ်။

KNU တပ်မဟာ(၃) စစ်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်များ ထိုးဖောက်ဝင်ရောက်လာတာကြောင့် ကြားဖြတ်တိုက်ခိုက်ရန် သွားရောက် စောင့်ဆိုင်းစဉ်မှာ စစ်တပ်က အရပ်သားသုံးယာဉ်ကို အသုံးပြုပြီး ဒဏ်ရာရသူများ သယ်ဆောင်နေစဉ်မှာ အခုလို စနိုက်ပါနဲ့ ပစ်ခတ်နိုင်ခဲ့တာပါ။

စစ်ကောင်စီဘက်က သုံးဦး ထိမှန်ပြီး တစ်ဦး ထွက်ပြေးသွားကြောင်း၊ ကားပေါ်ပါ Ma-3 နှစ်လက်၊ MA4 တစ်လက် ၊ လက်ပစ်ဗုံး၊ အီနာဂါဗုံးသီး၊ နင်းမိုင်းနှင့် ကျည်ဘောက်၊ ကျည်များ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

Era’sEyes | (စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရရှိသော လက်နက်များအား ပြသထားစဉ်။ ဓာတ်ပုံ – Royal Peacock Column)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေ အယူခံဝင်ခွင့်မရှိဘူးလို့ စစ်တပ်ရွေး/ကော်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 23 Views
စက်တင်ဘာလ (၁၃)ရက်။ ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အယူခံဝင်ခွင့်မရှိဘူးဆိုပြီး စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အခုရက်ထဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

PDF နဲ့ ရန်ကုန်တိုင်းပကဖတို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 24 Views
စက်တင်ဘာလ (၁၃)ရက်။ PDF နဲ့ ရန်ကုန်တိုင်းပကဖတို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်ဆင်ရေးနယ်မြေတနေရာမှာ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆွေးနွေးပွဲကို
မြန်မာသတင်း

တနင်္သာရီမြို့မှာ ဗုံးလာကြဲတဲ့ စစ်တပ်လေယာဉ် ပစ်ခတ်ခံရပြီး ထိခိုက်တာတွေရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 25 Views
စက်တင်ဘာလ (၁၃)ရက်။ မနေ့က တနင်္သာရီမြို့မှာ ဗုံးလာကြဲတဲ့ စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ KNU-မြိတ်ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်က မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းက သွန်းခွန်းရွာအနီးဝန်းကျင်ကို ဗုံးလာကြဲတဲ့အချိန်
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်ဖို့နဲ့ နိုင်ငံကောင်းအောင် ဆောင်ရွက်မယ့်သူတွေ ပေါ်ထွက်လာအောင် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ညွှန်ကြား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 19 Views
စက်တင်ဘာလ (၁၃)ရက်။ ရွေးကောက်ပွဲ အောင်မြင်ဖို့နဲ့ နိုင်ငံကောင်းအောင် ဆောင်ရွက်မယ့်သူတွေ ပေါ်ထွက်လာစေဖို့ ဝန်ကြီးချုပ်တွေက ဦးဆောင် ဆောင်ရွက်ရမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ကျင်းပမယ့်
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 21 Views
စက်တင်ဘာလ (၁၃)ရက်။ မနေ့က ကျောက်တော်မြို့ သရက်တပင်ရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရတာမှာ ကျောင်းသား/ကျောင်းသူ (၁၉)ဦးအထိ သေဆုံးခဲ့တယ်လို့ AA ရဲ့ ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရသွားခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူတွေအပါအဝင် ပြည်သူတွေရဲ့ မိသားစုတွေ၊
မြန်မာသတင်း

ကနီမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 101 Views
စက်တင်ဘာလ (၁၂)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ကစပြီး ကနီမြို့ ချောင်းမရွာထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချောင်းမကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၆)က ဗိုလ်မှူးသူရိန်
မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းသမားတွေက AA တပ်ဖွဲ့ဝင် (၂)ဦးကို သတ်ဖြတ်ပြီး လက်နက်လုယူထွက်ပြေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 112 Views
စက်တင်ဘာလ (၁၂)ရက်။ စက်တင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန် ရသေ့တောင်မြို့ရှိ ရခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး(၈၀)ခန့်က တရားမဝင် ကျူးကျော်ပြီး ငါးခိုးဖမ်းခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းသမားတွေဟာ
မြန်မာသတင်း

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်း ဟန်ချက်ညီစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 102 Views
စက်တင်ဘာလ (၁၂)ရက်။ တော်လှန်ရေးရဲ့ အရေးကြီးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်း ဟန်ချက်ညီစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ MOD က ခုခံတွန်းလှန်စစ် (၄)နှစ်ပြည့်အစီရင်ခံစာမှာ ပြောဆိုထားချက်အရ သိရပါတယ်။ PDF ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက်ထားနိုင်တာအပါအဝင် ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလဲ