ဇွန်လ (၅)ရက်။
မြိုင်နယ်ထဲရှိ ဝက်ပုတ်ကျေးရွာနဲ့ ကုန်းရွာကျေးရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇွန်လ (၄)ရက်နေ နံနက် (၇)နာရီအချိန်က မြိုင်စက်မှု(၂)ကနေထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်က ဝက်ပုတ်ကျေးရွာက နေအိမ် (၄၅)လုံးထက်မနည်းကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ဇွန်လ (၁)ရက်နေ့ကလဲ မြိုင်မြို့နယ် ကုန်းရွာကျေးရွာရှိ နေအိမ် (၂၄)လုံးထက်မနည်းကို မီးရှို့ခဲ့သလို ဒေသခံပြည်သူ (၂)ဦးကိုလဲ သတ်ဖြတ်ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က မီးရှို့ခဲ့တဲ့ ဝက်ပုတ်ရွာဟာ ဒေသထဲမှာ စစ်ဘေးစစ်ဒဏ်ကို ဆိုးဝါးစွာခံရတဲ့ ရွာတရွာဖြစ်ပြီး အခြအကြိမ်နဲ့ဆို မီးရှို့ခံရတာ (၄)ကြိမ်ထက်မနည်းရှိခဲ့ပြီဖြစ်တယ်လို့ ဆိုထားပါတယ်။
နောက်ပြီး ဝက်ပုတ်ရွာဟာ စစ်တပ်အာဏာသိမ်းဖို့ကြိုးစားတဲ့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ ပျူစောထီးရွာအနေနဲ့ တည်ရှိခဲ့ပြီး ပြည်သူ့ကျေးရွာအနေနဲ့ ပြန်လည်သိမ်းဆည်းနိုင်ခဲ့တာပါ။
အခုလို စစ်တပ်စစ်ကြောင်းရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို သတ်ဖြတ်တာတွေကြောင့် ကျေးရွာ(၄)ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။











