တောင်ငူထောင်တွင် သေဒဏ်ကျနိုင်ငံရေးအကျဉ်းသူ (၁) ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား (၁၀) ဦးက ထောင်ဖောက်ပြီး ထွက်ပြေးခဲ့ရာမှာ (၉) ဦးက လွတ်မြောက်နယ်မြေ ရောက်ရှိခဲ့တယ်လို့ သိရပြီး တစ်ဦးကတော့ ပြန်လည်ဖမ်းမိရာကနေ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မေလ (၁၈) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်လောက်မှာ တောင်ငူအကျဉ်းထောင် အတွင်းမှာ အချုပ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၇) ဦး၊ သေဒဏ်ကျ နိုင်ငံရေး အကျဉ်းသား (၂) ဦးနဲ့ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ (၁) ဦးတို့ ထောင်ဖောက်ထွက်ပြေးခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထွက်ပြေးမှုဖြစ်စဉ်မှာ စစ်တပ်ဘက်က (၁) ယောက်သေဆုံးပြီး လက်နက် (၄) လက်ရရှိခဲ့တယ်လို့ သိရပါတယ်။ ခေတ်မျက်လုံးအနေနဲ့ အခြေအနေ အသေးစိတ်ကို စိစစ်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Era’Eyes |Photo -CRD