ဇွန်လ (၃၀)ရက်။
စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ခေတ်တိုက်ပွဲဟာ နည်းပညာတိုက်ပွဲအနေနဲ့ ပြောင်းလဲလာတာနဲ့အတူ ဝေဟင်နည်းပညာတွေ တိုးမြှင့်နိုင်ဖို့ဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ အရေးကြီးတဲ့ မျက်နှာစာတရပ်ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီပြည်သူ့ခုခံတွန်းလှန်စစ်ထဲ ဝေဟင်နည်းပညာပိုင်း မြှင့်တင်တာတွေ ပြုလုပ်နိုင်ဖို့ “ကြိုးနဲ့စွန်”ကမ်ပိန်းမှာ ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။








