နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အမေရိကန် ဥရောပ

ယူကရိန်းကို F-16 ထောက်ပံ့မည်ဆိုပါက ဥရောပနှင့် အမေရိကန်တို့ ကြီးမားသောအန္တရာယ်ရှိလာနိုင်ကြောင်း ရုရှားသတိပေး။

ရုရှားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရုရှကို (Alexander Grushko) က ယူကရိန်းအား အမေရိကန်လုပ် F-16 တိုက်လေယာဉ်များကို ပေးမည်ဆိုပါက ကြီးမားသောအန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဟု အနောက်နိုင်ငံများအား သတိပေးခဲ့သည်ဟု ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက မေလ (၂၀) ရက်နေ့တွင် ဖော်ပြခဲ့သည်။


ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ထောက်ပံ့ခွင့်ပြုရန် အမေရိကန် အစိုးရသည် သူတို့၏ F-16 တိုက်လေယာဉ်များ ပေးအပ်မည့်အပေါ် သတိထားဆောင်ရွက်နေသော ရပ်တည်ချက်ကို ပြောင်းလဲလိုက်သည်။

ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် သမ္မတဘိုင်ဒင်က ယူကရိန်း စစ်လေယာဉ်မှူးများကို F-16s စတုတ္ထမျိုးဆက် တိုက်လေယာဉ်များအပါအဝင် F-16 တိုက်လေယဉ်များအတွက် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း မေလ (၁၉) ရက်နေ့တွင် ကြေညာခဲ့သည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး “ အနောက်နိုင်ငံတွေက စစ်ပွဲအရှိန်ကို ပိုပြီးတိုးမြင့်လာမယ့် အခြေအနေကို ဖန်တီးနေပုံရတယ်” ဟု ဂရုရှကိုက ဆိုသည်။ “ဒါဟာ အနောက်နိုင်ငံတွေအတွက် ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်တယ်။ ရုရှားနိုင်ငံအနေနဲ့ ဒီအကြောင်းတွေကို ထည့်သွင်းစဉ်းစားပြီး စီမံချက်ကို ရေးဆွဲနေတယ်။ ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက် ရောက်အောင် လိုအပ်တာ မှန်သမျှလုပ်ဖို့ အရာအားလုံးဟာ ကျနော်တို့ လက်ထဲမှာရှိတယ်” ဟု ဂရုရှကိုက သတိပေးပြောကြားခဲ့သည်။

Photo: ရိုက်တာ။ ရုရှားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရုရှကို (Alexander Grushko)
အမေရိကန်ထုတ် F-16 တိုက်လေယာဉ် အာဖကန်နိုင်ငံတွင် ပျံသန်းနေစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် ထိုနေ့အစောပိုင်းတွင် မည်ကဲ့သို့ ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အီရန်ဘက်က ထပ်မံထုတ်ပြန်ခဲ့ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏