Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

ကိုလံဘီယာ

ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ သွားကြောင်း ကနဦးမဲရေတွက်မှုရလဒ်များက ဖော်ပြနေပြီး၊ ယင်းသည် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို အစိုးရက မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့်အပေါ် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်လာစေသည်။

ဒေါ်နယ်ထရမ့်၏ ထောက်ခံချက်ကို ရရှိထားသော ဒီ လာ အက်စ်ပရီယဲလာက တရားမဝင် လက်နက်ကိုင်အဖွဲ့များ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် ရာဇဝတ်မှုများကို စစ်တပ်အသုံးပြု၍ ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟု ကတိပြုထားသည်။

၎င်းသည် လက်ရှိသမ္မတ ဂူစတာဗို ပီထရို (Gustavo Petro) ၏ ရင်းနှီးသောမဟာမိတ်ဖြစ်သူ လက်ဝဲနွယ်ဝင် အီဗန် ဆီပီဒါ (Iván Cepeda) ကို အနိုင်ရရှိခဲ့ခြင်း ဖြစ်ပုံရသည်။

ဒီ လာ အက်စ်ပရီယဲလာက “ဒီနေ့ဟာ ကျွန်တော်တို့နိုင်ငံအတွက် အဆင့်သစ်တစ်ခု စတင်တဲ့ နေ့ ဖြစ်ပါတယ်။ အခွင့်အရေးတွေနဲ့ ပြည့်နှက်နေပြီး ကြီးမြတ်၊ ဘေးကင်းကာ သာယာဝ ပြောတဲ့ ကိုလံဘီယာနိုင်ငံတော်ကြီးကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ကြတဲ့ သန်းပေါင်းများစွာသော နိုင်ငံသားတွေ၏ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ဆန္ဒအပေါ်မှာ တည်ဆောက်ထားတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒုတိယအကျော့ ရွေးကောက်ပွဲ၏ ကနဦးမဲရေတွက်မှုအရ မဲရလဒ် ၉၉ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်တွင် ဒီ လာ အက်စ်ပရီယဲလာက မဲအရေအတွက် ၄၉.၇ ရာခိုင်နှုန်းနီးပါး ရရှိထားပြီး၊ ဆီပီဒါက ၄၈.၇ ရာခိုင်နှုန်း ရရှိထားသည်။

ဆီပီဒါကမူ အကြိုမဲရေတွက်မှုသည် “တရားဝင်အတည်မဖြစ်သေးသလို အတည်ပြု နိုင်စွမ်းလည်း မရှိသေးကြောင်း” ပြောကြားကာ အရှုံးကို ဝန်မခံသေးပေ။
“တရားဝင် မဲစိစစ်မှုတွေ ပြုလုပ်ပြီး နောက်ဆုံးရလဒ် ထွက်ပေါ်လာချိန်၊ ပြီးတော့ သက်ဆိုင်ရာ စစ်ဆေးအတည်ပြုမှုတွေ ပြီးစီးသွားတဲ့အခါကျမှ အဲဒီစနစ်ကနေ ထွက်ပေါ် လာမယ့် တရားဝင်ရလဒ်ကို ကျွန်တော်တို့ အသိအမှတ်ပြုမှာပါ”

စစ်ဆေးအတည်ပြုမှု လုပ်ငန်းစဉ်သည် မေလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမအကျော့ မဲခွဲဆုံးဖြတ်မှုတုန်းက ကနဦးမဲရေတွက်မှုနှင့် ကွာခြားမှု အနည်းငယ်သာရှိကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။
ကာရစ်ဘီယံ ကမ်းရိုးတန်းဒေသတွင် ကြီးပြင်းခဲ့သူ ဒီ လာ အက်စ်ပရီယဲလာသည် ထိုဒေသရှိ ဒေသခံများထံမှ သိသာထင်ရှားသော ထောက်ခံမှုကို ရရှိခဲ့သည်။

ကနဦးမဲရေတွက်မှု ရလဒ်များ ထွက်ပေါ်လာပြီးနောက် ဒီ လာ အက်စ်ပရီယဲလာသည် ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဘာရန်ကီလာ (Barranquilla) တွင် အောင်ပွဲခံရန် စုဝေးရောက်ရှိနေကြသော အုပ်စုလိုက်ကြီးမားသည့် ထောက်ခံသူလူထုကို မိန့်ခွန်း ပြောကြားခဲ့သည်။

“ဒီညဟာ နိုင်ငံတော်အတွက် သမိုင်းသစ်တစ်ခုရဲ့ အစဖြစ်ပါတယ်၊ ဒီညမှာ ခေတ်သစ်တစ်ခု၊ စနစ်တစ်ခုရဲ့ အပြောင်းအလဲ စတင်ပါပြီ” ဟု မိမိကိုယ်ကိုယ် “El Tigre” (ကျား) ဟု အမည်ပြောင်ပေးထားသည့် ဒီ လာ အက်စ်ပရီယဲလာက ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ ကိုလံဘီယာပြည်သူအားလုံးအတွက် အုပ်ချုပ်သွားမှာပါ။ ကျွန်တော့်ကို မဲပေးခဲ့သူတွေအတွက်ရော၊ အခြားကိုယ်စားလှယ်လောင်းကို ရွေးချယ်ခဲ့သူတွေအတွက်ပါ အုပ်ချုပ်သွားမှာဖြစ်ပါတယ်”

၎င်းက နိုင်ငံ၏ ၁၉၉၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိမှာဖြစ်ပြီး ယင်းကို ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

ဒီ လာ အက်စ်ပရီယဲလာ၏ ထောက်ခံသူများသည် နိုင်ငံ၏ အဝါရောင်ဘောလုံး လက်ရွေးစင် ဂျာစီများကို ဝတ်ဆင်ထားကြပြီး ကိုလံဘီယာအလံများကို ဝှေ့ယမ်းခဲ့ကြသည်။ ၎င်းတို့သည် ဒီ လာ အက်စ်ပရီယဲလာ၏ မျက်နှာဓာတ်ပုံများဖြင့် လင်းထိန်နေသည့် စင်မြင့်ထက်မှ ဂီတသံစဉ်များနှင့်အတူ သီချင်းဆို ကခုန်ခဲ့ကြပြီး၊ မီးရှူးမီးပန်းများ မဖောက်ဖောက်မီ “မိခင်နိုင်ငံတော်အတွက် ကြံ့ကြံ့ခံရပ်တည်ကြ” နှင့် “ပီထရို အလိုမရှိ!” ဟု ကြွေးကြော် ခဲ့ကြသည်။

အချို့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထောက်ခံသူများဆောင်းသည့် ဦးထုပ်များနှင့် ဆင်တူသော်လည်း “Make Colombia Great Again!” (ကိုလံဘီယာကို တစ်ကျော့ပြန် ကြီးမြတ်အောင်လုပ်စို့) ဟု ရေးသားထားသည့် ဦးထုပ်များကို ဆောင်းထားကြသည်။
ထရမ့်က ယခုရလဒ်အပေါ် တုံ့ပြန်သည့်အနေဖြင့် Truth Social တွင် “သူ အပြတ်အသတ် နိုင်သွားပြီ!” ဟု ရေးသားခဲ့သည်။

“ကျွန်မတို့ ဒီနိုင်ငံမှာ လူသတ်မှုတွေ ဖြစ်နေတာကို ငြီးငွေ့နေပါပြီ။ ပြီးတော့ ဒီအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ကြန့်ကြာမှုတွေကိုလည်း စိတ်ကုန်နေပါပြီ။ အခုတော့ ကမ်းရိုးတန်း ဒေသက သမ္မတတစ်ယောက် ရပြီ!” ဟု ပက်ထရစ်ရှာ အမည်ရှိ ထောက်ခံသူတစ်ဦးက ပြောသည်။

“ကျွန်မတို့ ‘ကျားကြီး’ အတွက် ဂုဏ်ယူပါတယ်။ သူက နိုင်ငံကို အသစ်တစ်ခုအဖြစ် ပြောင်းလဲ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီမှာ ကျွန်မတို့ အလုပ်အကိုင်တွေ ရနိုင်ပြီး အားလုံး ထက် ပိုပြီးတော့ လုံခြုံဘေးကင်းမှု ရှိလာမှာပါ” ဟု အခြားထောက်ခံသူတစ်ဦးက ပြောသည်။

ဆီပီဒါ၏ ထောက်ခံသူများသည်လည်း ဘာရန်ကီလာမြို့ လမ်းမများပေါ်တွင် ရှိနေကြပြီး မဲရလဒ် အနည်းငယ်မျှဖြင့် ကပ်နိုင်သွားမှုအပေါ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ခဲ့ကြသည်။

“လေထုထဲမှာ သိသိသာသာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်” ဟု ဆီပီဒါကို ထောက်ခံသည့် ကျောင်းသူတစ်ဦးနှင့် တက်ကြွလှုပ်ရှားသူ ကာတာလီနာ လာ ဂရန်ဒီ (Catalina La Grande) က ဘီဘီစီသို့ ပြောကြားခဲ့သည်။

“ဒီလောက်အထိ မဲကွာခြားချက် ကျဉ်းမြောင်းနေတာကလည်း ကျွန်မတို့ကို စိုးရိမ်စေပါတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ နိုင်ငံ ဘယ်လောက်အထိ ကွဲပြားနေလဲဆိုတာကို ပြသနေပြီး ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်မတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီးတွေကို ထင်ဟပ်နေလို့ပါ”

ဆီပီဒါကို ထောက်ခံသည့် အခြားလူငယ်တစ်ဦးဖြစ်သူ မာရီယာက ယခုရလဒ်များသည် နိုင်ငံအတွင်း သဘောထားကွဲလွဲနေမှုကို ပြသနေသော်လည်း ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာ ရှိနေကြကြောင်း ပြောကြားခဲ့သည်။

“လမ်းမတွေပေါ်မှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ မရှိခဲ့ပါဘူး၊ ကျွန်မတို့ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှု အဆင့်အတန်းနဲ့ ယှဉ်ရင် ဒါဟာ အပြုသဘောဆောင်ပါတယ်” ဟု သူမက ဆိုသည်။

ကိုယ်စားလှယ်လောင်း နှစ်ဦးအကြား ကွဲပြားလွန်းသည့် သဘောထားများကြောင့် ရလဒ် ထွက်ပေါ်လာပြီးနောက် နိုင်ငံအတွင်း မငြိမ်မသက်မှုများ ဖြစ်ပွားလာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေပြီး၊ အထူးသဖြင့် ဝေဖန်သူအချို့က ရလဒ်ကို အသိအမှတ် မပြုပါက ပို၍ ဆိုးရွားနိုင်သည်။

တနင်္ဂနွေနေ့ ညနှောင်းပိုင်းတွင် ကိုလံဘီယာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် ကာလီ (Cali) တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်းခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး၊ ဆန္ဒပြသူများက အမေရိကန်အလံများကို မီးရှို့ခဲ့ကြကာ ဒီ လာ အက်စ်ပရီယဲလာ အနိုင်ရရှိမှုအပေါ် မကျေနပ်ကြသည့် လူအုပ်ကြီးကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့သည်။

ပီထရိုအနေဖြင့် ရလဒ်ကို ကန့်ကွက်ကောင်း ကန့်ကွက်နိုင်သည်။ ၎င်းက X ပေါ်တွင် “အကြိုမဲရေတွက်မှု ရလဒ်” အပြီးတွင် “မည်သူ့ကိုမျှ သမ္မတအဖြစ် မကြေညာနိုင် သေးကြောင်း” ရေးသားခဲ့ပြီး၊ မဲပေးသည့် ဆော့ဖ်ဝဲလ်ကို စစ်ဆေးရန် တောင်းဆိုခဲ့ကာ အချို့သော မဲရုံများသည် “မရိုးမသား ပြုလုပ်ခြင်းခံခဲ့ရသည်” ဟု သက်သေအထောက်အထား မပြဘဲ စွပ်စွဲပြောဆိုခဲ့သည်။
(ဘာရန်ကီလာ လမ်းမများပေါ်တွင် လူထုက အောင်ပွဲခံခဲ့ကြသည်)
အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ ဆိုတာ ဘယ်သူလဲ။
ဒီ လာ အက်စ်ပရီယဲလာသည် ယခင်က နိုင်ငံရေးအတွေ့အကြုံ လုံးဝမရှိဖူးသည့် ရှရီနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
ရှေ့နေတစ်ဦးအနေဖြင့် ၎င်း၏ အမှုသည်များထဲတွင် အမေရိကန်၏ ငွေကြေးခဝါချမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် ဗင်နီဇွဲလားနိုင်ငံ၏ ရာထူးမှ ဖယ်ရှားခံခဲ့ရသော သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ၏ မဟာမိတ် အဲလက်စ် ဆပ်ဘ် (Alex Saab) နှင့် ကိုလံဘီယာနိုင်ငံ၏ အကြီးဆုံး လိမ်လည်သူများထဲမှ တစ်ဦးဖြစ်သည့် ဒေးဗစ် မာစီယာ ဂုဇ်မန် (David Murcia Guzman) တို့ ပါဝင်ခဲ့သည်။ ၎င်းက ယင်းသည် လျှောက်လဲချက် ပေးရသည့် ရှေ့နေတစ်ဦးအနေဖြင့် ၎င်း၏ အလုပ်တာဝန်တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ လုံခြုံရေးမူဝါဒများနှင့် ၎င်း၏ မုတ်ဆိတ်မွေး ပုံစံကြောင့်ပင် အယ်လ်ဆာဗေဒိုနိုင်ငံ၏ သမ္မတ နာယစ်ဘ် ဘူကီလီ (Nayib Bukele) နှင့် နှိုင်းယှဉ်ခြင်း ခံခဲ့ရသည်။
လူထုစည်းဝေးပွဲများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ၎င်းနှင့် ၎င်း၏ထောက်ခံ သူများသည် ကိုလံဘီယာ အမျိုးသားဘောလုံးအသင်း ဂျာစီကို မကြာခဏ ဝတ်ဆင်လေ့ ရှိကြပြီး၊ ဝေဖန်သူများကမူ ၎င်းအား ယင်းဂျာစီကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲကြကာ စစ်တပ်ပုံစံ အလေးပြုခြင်းများကို ပြုလုပ်ကြသည်။ ၎င်းသည် လူအုပ်ကြီးကို ကျည်ကာမှန်နောက်ကွယ်မှနေ၍ မကြာခဏ မိန့်ခွန်းပြောကြားလေ့ ရှိသည်။

စစ်တပ်သုံး နှိမ်နင်းမှု
ကိုလံဘီယာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီ ဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပိုမိုပြင်းထန်လာခဲ့သည်။ FARC ခွဲထွက်အဖွဲ့များ၊ ELN နှင့် Clan del Golfo အပါအဝင် လက်နက်ကိုင် ပြောက်ကျားအဖွဲ့များနှင့် မူးယစ်ဂိုဏ်းဝင် ဦးရေသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း နှစ်ဆ တိုးလာခဲ့သည်။

၎င်းတို့သည် အမြတ်အစွန်းများပြားသော ကိုကင်းမှောင်ခိုလမ်းကြောင်းများနှင့် တရားမဝင် သတ္တုတွင်းနေရာများအတွက် တိုက်ပွဲဝင်ကြစဉ် အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။ လွန်ခဲ့သည့်နှစ်က ကိုလံဘီယာ-ဗင်နီဇွဲလား နယ်စပ်တစ်လျှောက် ရက်စက်ကြမ်းကြုတ်သော ထိုးစစ်ဆင်မှုကြောင့် လူပေါင်းသောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ကမ္ဘာ့အကြီးဆုံး ကိုကင်းထုတ်လုပ်သည့် နိုင်ငံဖြစ်သော ကိုလံဘီယာတွင် ကိုကင်းထုတ်လုပ်မှု သည် စံချိန်တင် မြင့်တက်ခဲ့သည်။

လက်ရှိသမ္မတ ပီထရိုကို ဝေဖန်သူများက လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုကို ဦးစားပေးသည့် ၎င်း၏ “လုံးဝငြိမ်းချမ်းရေး” ဗျူဟာသည် ကျရှုံးခဲ့ကြောင်း ပြောကြားကြပြီး၊ ယင်းတွင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဩဇာနှင့် နယ်မြေများကို ချဲ့ထွင်ခွင့်ပေးလိုက်သလို ဖြစ်ခဲ့ကြောင်း ထောက်ပြ ကြသည်။

ဒီ လာ အက်စ်ပရီယဲလာက တရားမဝင် လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှု မှန်သမျှ ကို ဖျက်သိမ်းပစ်ရန် ကတိပြုထားပြီး၊ ယင်းအစား စနစ်တကျ ပြန်လည် ထိန်းသိမ်းရန် အတွက် အမေရိကန်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် လက်နက်ကိုင် အဖွဲ့များကို ပိုမိုပြင်းထန်သော စစ်တပ်သုံး နှိမ်နင်းမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

၎င်းက ကိုလံဘီယာနိုင်ငံ၏ တောနက်ထဲတွင် အကျဉ်းထောင်အကြီးစားကြီးများ (Mega-prisons) တည်ဆောက်ရန်၊ အစိုးရယန္တရားကို ကျစ်လျစ်အောင်လုပ်ရန်နှင့် ကျန်းမာရေး စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း ကတိပြုထားသည်။
ထရမ့်၏ ထောက်ခံချက်
ဒီ လာ အက်စ်ပရီယဲလာသည် မိုင်ယာမီတွင် နှစ်ပေါင်းများစွာ နေထိုင်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့သည်။

၎င်းအား ထရမ့်က ထောက်ခံခဲ့ပြီး ဒီ လာ အက်စ်ပရီယဲလာသည် “တရားမဝင် လူဝင်မှု ကြီးကြပ်ရေးကို တားဆီးမှာဖြစ်ပြီး ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးတွေကို နှိမ်နင်းကာ ဥပဒေနဲ့ စနစ်တကျရှိမှုကို ပြန်လည်ထိန်းသိမ်းလိမ့်မယ်!” ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီက ထရမ့်က ဒီ လာ အက်စ်ပရီယဲလာအနေဖြင့် “အမေရိကန် ပြည်ထောင်စုရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့ အင်အားကို ၎င်းရဲ့နောက်ကွယ်မှာ ရရှိထား မှာဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ကိုလံဘီယာသည် သမိုင်းတစ်လျှောက် ထိုဒေသတွင် အမေရိကန်၏ အရင်းနှီးဆုံး မဟာမိတ် များထဲမှ တစ်နိုင်ငံဖြစ်ခဲ့သော်လည်း၊ မကြာသေးမီနှစ်များအတွင်း သမ္မတ ထရမ့်နှင့် သမ္မတ ပီထရိုတို့အကြား အမေရိကန်၏ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒများ၊ အခွန်စည်းကြပ်မှုများနှင့် လက်တင်အမေရိကတွင် စစ်ရေးအရ ကြားဝင်စွက်ဖက်မှုများနှင့် ပတ်သက်၍ ပြင်းထန်သော အပြန်အလှန် ပြောဆိုမှုများကြောင့် ထိုဆက်ဆံရေးသည် တင်းမာခဲ့သည်။

၎င်း၏ ရွေးကောက်တင်မြှောက်ခံရမှုသည် ထိုဒေသတွင်း ပိုမိုကျယ်ပြန့်သော အပြောင်းအလဲ ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လက်တင်အမေရိက နိုင်ငံအတော်များများသည် မကြာသေးမီ က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများတွင် အထူးသဖြင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ကြောင့် လက်ယာဘက်သို့ ကူးပြောင်းလာခဲ့ကြသည်။

ဒီ လာ အက်စ်ပရီယဲလာသည် ထိုဒေသရှိ အခြားလက်ယာနွယ်ဝင် ခေါင်းဆောင်များထံမှ လည်း ချီးမွမ်းမှုများကို ရရှိခဲ့ပြီး၊ ယင်းတို့အထဲတွင် အာဂျင်တီးနား သမ္မတ ဟာဗီယာ မီလိုင် (Javier Milei) က ကိုလံဘီယာပြည်သူများသည် “စီးပွားရေးလွတ်လပ်ခွင့်၊ သာယာဝပြောမှု၊ မယိမ်းယိုင်သော လုံခြုံရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပြီး၊ နိုင်ငံဖြတ်ကျော် စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တော်လောက်ပြီလို့ ပြောလိုက်တာဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ချီလီနိုင်ငံ၏ သမ္မတ ဂျိုဆေး အန်တိုနီယို ကတ်စ် (José Antonio Kast) ကလည်း “ကိုလံဘီယာအတွက် လုံခြုံရေးနဲ့ သာယာဝပြောမှုကို ပြန်လည်ရရှိစေမယ့် လွတ်လပ်မှုရဲ့ အဆင့်သစ်တစ်ခု စတင်ပါပြီ” ဟု ပြောကြားခဲ့သည်။

ရှေ့နေနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ (Abelardo de la Espriella) သည် မိမိကိုယ်ကိုယ် “ El Tigre” (ကျား) ဟု အမည်ပြောင် ပေးထားသည်(ပုံ)

(အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ၏ ထောက်ခံသူများက ၎င်း၏ အောင်ပွဲကို ကြိုဆိုခဲ့ကြစဉ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 9 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 10 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုများစတင်ရန် အခြေခံအချက် အလက် များကို အမေရိကန်နှင့် အီရန်တို့ ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 9 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် နိုင်ငံပိုင်မီဒီယာ Tasnim ၏ အဆိုအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီက အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့များသည် နောက်ဆုံးသဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းမှုများအတွက် အခြေခံအချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ဆွစ်ဇာလန်ရှိ
နိုင်ငံတကာသတင်း ပါကစ္စတန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အီရန်တို့ ငြိမ်းချမ်းရေးအကြိုသဘောတူညီချက်အတွက် ဆွစ်ဇာလန်တွင် ဆွေးနွေးပွဲများ စတင်

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 21 Views
BBC ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ ရက် ပြီးခဲ့သည့်သီတင်းပတ်က စစ်ပွဲအဆုံးသတ်ရန် အကြိုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်အရာရှိများသည် ဆွစ်ဇာလန်နိုင်ငံ၌ တိုက်ရိုက်ဆွေးနွေးမှုများကို စတင်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်တစ်ရပ်
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

အီတလီဝန်ကြီးချုပ် မီလိုနီသည် G7တွင် ဓာတ်ပုံရိုက်ရန် တောင်းဆိုခဲ့သည်ဟု ထပ်လောင်း ပြောဆိုပြီး ထရမ့်က သူမနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခကို ပိုမိုပြင်းထန်အောင် လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပ ခဲ့သော G7 ထိပ်သီးအစည်းအဝေးတွင် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni) က
နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 72 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို လျှော့ချရေးကို အဓိကအလေးပေးသည့် အမေရိက ဒီမိုကရက်တစ် ဆိုရှယ်လစ်များ (DSA) နှင့် လက်ဝဲယိမ်း
နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ရန် ကိဗ် (ယူကရိန်းအစိုးရ) ၏ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ