နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပေးဖို့ ဖိလစ်ပိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ဖိလစ်ပိုင်အောက်လွှတ်တော်အမတ် Hon. Raoul Danniel A. Manuel တောင်းဆို

မေလ ၁၅ ရက်မှာကျင်းပခဲ့တဲ့ ဖိလစ်ပိုင်အောက်လွှတ်တော် အစည်းအဝေးမှာ ဖိလစ်ပိုင်အောက်လွှတ်တော် လူငယ်လွှတ်တော်အမတ် Hon. Raoul Danniel A. Manuel ကမြန်မာနိုင်ငံဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး “ မြန်မာပြည်သူများနှင့် အတူရပ်တည်ရန်နှင့် ရာဇဝတ်သားစစ်တပ်ခေါင်းဆောင်များက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေး ခိုင်မာသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ မြှင့်တင်ပေးနိုင်ရန် အတူတကွ ကြိုးပမ်းပေးကြရန် ဖိလစ်ပိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

ဖိလစ်ပိုင်အောက်လွှတ်တော် လူငယ်လွှတ်တော်အမတ် Hon. Raoul Danniel A. Manuel က မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့မှု၊ အရပ်သားပြည်သူများအား ဥပဒေမဲ့ဖမ်းဆီး ထောင်ချခြင်းများ၊ လူမဆန်သော ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများ၊ အများပြည်သူပိုင် အိုးအိမ်များအား လုယက်ဖျက်ဆီးခြင်းနှင့် ဥပဒေမဲ့သိမ်းယူခြင်းများ၊ ဘာသာရေးအဆောက်အဦများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးများ၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းမှုများကိုရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားမဝင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီများနဲ့ အခြားသော ဒီမိုကရေစီအင်အားစုများနှင့် နီးနီးကပ်ကပ် စဥ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက် ဖို့အတွက်လည်း နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Era’sEyes /Photo -CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 17 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 15 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 16 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်
မြန်မာသတင်း

PDF ထိန်းချုပ်ထားတဲ့ရွာကို သွားဖျော်ဖြေတာကြောင့်ဆိုပြီး အဆိုတော် လမင်းကဗျာကို စစ်တပ် ဖမ်းဆီး

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 13 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်မှာ အဆိုတော် လမင်းကဗျာကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။ “ သူက PDF ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ဘက်က ဝယ်တောင်ရွာကို သီချင်းသွားဖျော်ဖြေလို့ဆိုပြီး
မြန်မာသတင်း

လယ်ကဆောနယ်ထဲ စစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 16 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က လယ်ကဆောမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ တပ်ရင်း (၅၅၉)၊ (၅၆၀)၊ (၃၅၈)နဲ့
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 22 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို အားကောင်းတဲ့ စုဖွဲ့မှုကနေ အာဏာရှင်စနစ်
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ ကပ်ဘေးတစ်ခုကြားတွင် ပိတ်မိနေသည်။ အီရန်နှင့် ပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ့အရေးပါသော စွမ်းအင်လမ်းကြောင်းများသည် “
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ