အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရတယ်လို့ သိရပါတယ်။
မေ ၃၀ ရက် ည ၇နာရီအချိန်က အဆိုတော်လီလီနိုင်ကျော်ကို ရန်ကင်းမြို့နယ်အမှတ် (၂) ရပ်ကွက်၊ ရန်အောင်လမ်းရှိ သူမရဲ့နေအိမ်ရှေ့မှာ ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။
စစ်တပ်နဲ့ ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်လို့ ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့က မီဒီယာတွေကို ပြောကြားတယ်ဆိုပြီး သတင်းများ ထွက်ပေါ်နေပါတယ်။
Era’sEye /Photo -CRD /ရခိုင်လေဘေးကယ်ဆယ်ရေးတွင် လီလီနိုင်ကျော်ကို တွေ့ရစဥ်။