ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဇွန် ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က တိုက်လေယာဥ် နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ KNLA ဘက်က ထိခိုက်မှုကို မသိရသေးပါဘူး။
၂၀၀၉တွင် ပြည်သူ့စစ်အဖြစ်ပြောင်းသည်ဟု ကြေညာခံရသော်လည်း ပြည်သူ့စစ်ပုံစံမျိုး မရပ်တည်ဘဲ ကယန်းပြည်သစ်အနေနှင့်သာ KNLP/KNLA က ရပ်တည်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်ထိ ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ အတိအလင်း ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်းလည်း မတွေ့ရသေးပါဘူး။
Era’sEye/
(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော ကယန်းပြည်သစ်တပ်မတော်၏ ဂိတ်စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ – PKPF)