ဇွန်လ (၂၀)ရက်။
ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။
တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊ ဟိန်းခန့်ဇော်၊ နှင်းထက်ဝေ၊ ချမ်းမြေ့ဦး၊ အောင်အောင်၊ မျိုးမျိုးထက်၊ မျိုးမျိုးအောင်၊ ဇေလင်းထက်နဲ့ နွေးနွေးလှိုင်တို့ဖြစ်ပါတယ်။
အဲ့ဒီရဲဘော်/ရဲမေတွေအနေနဲ့ အခုကြေညာတဲ့ရက်ကနေ တလထဲ ဇူလိုင်လ (၂၀)ရက်နေ့ နောက်ဆုံးထားကာ မိခင်တပ်ရင်းကို ပြန်လည်ဆက်သွယ်ဖို့ အသိပေးထားပါတယ်။
ဒီလို တလပြည့်တဲ့အထိ မဆက်သွယ်လာရင် ဓါတ်ပုံ၊ မှတ်ပုံတင်နံပါတ်၊ မိဘအမည်၊ နေရပ်လိပ်စာနဲ့အတူ တပ်ပြေးစာရင်းဝင်တွေအနေနဲ့ ထုတ်ပြန်ကြေညာ်လို့ အသိပေးထားချက်အရ သိရပါတယ်။







