ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီနှင့် အဖွဲ့ကို လျှပ်စစ်မီးမရရှိသည့်ကိစ္စနှင့် ပတ်သက်ပြီး အွန်လိုင်းမှဝေဖန်ပြော့ကားခဲ့တဲ့ အဆိုတော်ဗျူဟာကို စစ်တပ်က ဖမ်းဆီးလိုက်ပြီး ၅၀၅ (က)နဲ့ အမှုဖွင့်ရုံး ထုတ် စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုရုံးထုတ်အမှုဖွင့် ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ရန်ကုန်က တော်လှန်လူငယ်တွေက ဇွန် (၃)ရက် မနက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတမ်းချိတ်ဆွဲ လှုပ်ရှားမှုကို ထရန်စဖော်မာ တခုမှာ ချိတ်ဆွဲပြီး ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို Zorro, Revolution Photographs နှင့် ရန်ကုန်လူထုသပိတ်က ပူးပေါင်းပြုလုပ်ခဲ့ တာလို့ထုတ်ပြန်ထားပါတယ်။
Era’sEye/Photo/ရန်ကုန်လူထုသပိတ်