နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူသားချင်းစာနာမှု အကူအညီများ လိုအပ်သူများထံ မရောက်ရှိရေးကို စစ်တပ်က ဖြတ် (၄) ဖြတ်မူဝါဒ အသုံးပြုဆောင်ရွက်နေ

စစ်တပ်မှ တရားမဝင်အာဏာသိမ်းမှု၊ အကြမ်းဖက် ကျူးလွန်မှုများကို ခံစားနေရသည့် မြန်မာပြည်သူတွေဟာ မုန်တိုင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ ပြောကြားပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ တရားမဝင်စစ်တပ်က “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်သူများထံ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက်နေကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြပြောကြားခဲ့တာပါ။

ဆိုင်ကလုန်းမိုခါတိုက်ခိုက်မှုကြောင့် ရခိုင်ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်း ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်များသို့ပါ ရိုက်ခတ်ခဲ့ပြီး ရိုဟင်ဂျာများ အပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ များစွာပျက်စီးဆုံးရှုံးခြင်းအပြင် အစားအစာ၊ ဆေးဝါးနဲ့ ယာယီခိုလှုံရန် ယာယီတဲများ မရှိခြင်းနဲ့ ဆက်သွယ်ရေးနဲ့ ကူးသန်းသွားလာမှု ပြတ်တောက်ခြင်းတို့ကြောင့် အလွန်ဆိုးရွားသော ဒုက္ခများနဲ့ ရင်ဆိုင်နေရကြောင်း မြန်မာသံအမတ်ကြီးက တင်ပြပါတယ်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ (၆) သန်းခန့် ရှိလာကြောင်း သံအမတ်ကြီးက မျက်နှာစုံညီ အစည်းအဝေးတွင် တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့် သံအမတ်ကြီးက ထိခိုက်ခံဒေသများနဲ့ လိုအပ်သူများအားလုံးဆီကို လိုအပ်တဲ့ အစားအသောက်၊ ဆေးဝါး၊ အခြားအရေးအပေါ်ပစ္စည်းများ၊ အရေးပေါ်ယာယီတဲများ စတာတွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ကူညီ ထောက်ပံ့ပေးရေးဆိုင်ရာ အကူအညီတွေ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို တောင်းဆိုလိုက်ပါတယ်။

အဲ့ဒီလို အကူအညီတွေ ပေးအပ်ရာမှာ နေရပ်စွန့်ခွာနေရသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့များရဲ့ ထိန်းချုပ်ရာဒေသများရှိ အကူအညီလိုအပ်နေသူများအားလုံးထံ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ဘဲ အကူအညီများ သာတူညီမျှပေးအပ်ရန် ကုလသမဂ္ဂအေဂျင်စီများနှင့် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများအားလုံးကို တောင်းဆိုသည်။

ဒါ့အပြင် အကူအညီလိုအပ်သူများနဲ့ ချိတ်ဆက်ကူညီပေးပို့ဆောင်ရွက်ပေးနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကယ်ဆယ်ရေး အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ရန်နဲ့ အမှန်တကယ်လိုအပ်သူများအားလုံး တစ်ဦးမကျန် လက်ခံရရှိစေရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို ရှာဖွေဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းထံကို သံအမတ်ကြီးက မေတ္တာရပ်ခံတောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Era’sEye/(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 12 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 14 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 17 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 18 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 25 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့