မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ ယာဉ်ထိန်းရဲလိုင်းခန်းနဲ့ မြန်မာ့အာမခံလုပ်ငန်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defense Force- NMD တပ်ဖွဲ့ က ဇွန်လ (၁၁) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ (၁၀) ရက် ည ၈ နာရီခန့်အချိန် အောင်မြေသာစံမြို့နယ်၊ ၁၈ လမ်း၊ ၈၂ လမ်း နှင့် ၈၃ လမ်းအကြားရှိ ယာဉ်ထိန်းလိုင်းခန်းကို လက်ပစ် ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်သားနဲ့ ရဲများက အနီးအနားရပ်ကွက်များအတွင်းကို လိုက်လံရှာဖွေခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ ဇွန် (၁၀) ရက် ညနေ ၄ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ ၆၃ လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းအကြားရှိ မြန်မာ့အာမခံရုံး ကို လက်ပစ်ဗုံးတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အအုံနဲ့ ရုံးအတွင်း ရပ်ထားတဲ့ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Era’sEye/Photo/ No More Dictatorship People Defense Force _ NMD အဖွဲ့ ထုတ်ပြန်ချက်။