နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ တပ်ကို ၁၅မိနစ်အတွင်း ၅ဦးထက်မနည်းပစ်ခတ်ရှင်းလင်း နိုင်ခဲ့တဲ့ ABSDF

စစ်ကောင်စီ တပ်ကို ၁၅မိနစ်အတွင်း ၅ဦးထက်မနည်းပစ်ခတ်ရှင်းလင်း နိုင်ခဲ့တယ်လို့ABSDF က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာက ထွက်လာတဲ့ စစ်တပ်နဲ့ပျူတွေကို ABSDFနဲ့ပုလဲ PDFက တိုက်ခိုက် ခဲ့တာပါ။

ပုလဲမြို့နယ်ထဲက ပျူစောထီး အမာခံကျေးရွာဖြစ်တဲ့ ဇီးဖြူကုန်းကျေးရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇွန် ၁၄ရက် မနက် ၇နာရီ၂၀ မိနစ်က ABSDF ချင်းတွင်းဒေသ ဥ နဲ့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပုလဲ ပ.က.ဖ ) တို့ ပူးပေါင်း တို က်ခိုက်ခဲ့တာပါ။

မင်းတိုင်ပင်ကျေးရွာနဲ့ ဇီးဖြူကုန်း ကျေးရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၅ မိနစ်ဝန်းကျင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ABSDFနဲ့ ညီနောင် ပုလဲ ပ.က.ဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

အဲဒီရှင်းလင်းမှုမှာ ရန်သူ့စစ်ကောင်စီနဲ့ပျူစောထီး ၅ ဦးထက်မနည်း ထိခိုက်​သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးသူတွေကို ဇီဖြူကုန်း ပြူစောထီး ကျေးရွာကို ပြန်သယ်ဆောင်သွားတယ်လို့ သိရပါတယ် ။

တော်လှန်ရေးညီနောင် စစ်သည်ရဲဘော်တွေ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

Era’Eyes /photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးနယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စုဖွဲ့မှုပျက်ကာ စစ်ကြောင်းမှူးအပါ (၅၀)ဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 0 Views
နိုဝင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၈)နာရီ (၅၀)မိနစ်အချိန်က ကန့်ဘလူနယ် ဝက်တိုးရွာအထိုင်စခန်းကနေ ခင်ဦးနယ်ကို အင်အား (၁၀၀)ကျော်နဲ့ တပ်မ(၃၃)လက်အောက်ခံ
မြန်မာသတင်း

မုံရွာ နမခဌာနချုပ်ထဲ စစ်တပ်လေထီးတစီး ပျက်ကျကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 44 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense
မြန်မာသတင်း

တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 38 Views
နိုဝင်ဘာလ (၁၂)ရက်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၀)ရက်နေ့ကစပြီး မောတောင်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့်
မြန်မာသတင်း

ကလေးမြို့လူထုတိုက်ပွဲ ပထမဆုံးညီလာခံကနေ အချက် (၅)ချက်ပါတဲ့ သဘောထားကြေညာချက် ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 44 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က လွတ်မြောက်နယ်မြေတွေမှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပထမဆုံးအကြိမ် လူထုတိုက်ပွဲညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို ကလေးဒေသထဲရှိ ရပ်ရွာအသီးသီးက ဒေသခံကိုယ်စားလှယ် စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အချက် (၅)ချက်ကို သဘောထားညီညွတ်စွာ
မြန်မာသတင်း

မိုးမိတ်မြို့ စစ်တပ်လက်အောက်မကျစေဖို့ ကူညီမယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 54 Views
နိုဝင်ဘာလ (၁၂)ရက်။ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေကို ကူညီသွားမယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဒေသထဲသတင်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မိုးမိတ်မြို့မှာ KIA တပ်ရင်း (၃၄)ရှိပါတယ်။ KIA PDF
မြန်မာသတင်း

စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 28 Views
စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ နိုဝင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃)ရှိ နာရီစင်အနီးက “ အောင်စံပယ်” စိန်ရွှေရတနာဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်တပ်က စစ်ကြောင်း(၂)ခု တပြိုင်ထဲထိုးနေတာကြောင့် ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 30 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး ခင်ဦးနယ်အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က အင်အား (၁၈၀)ကျော်နဲ့ စစ်ကြောင်း (၂)ခု တပြိုင်ထဲထိုးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ကန့်ဘလူဘက်ကနေ အကြမ်းဖက်စကစ ခြေလျင်စစ်ကြောင်း (၁၀၀)ကျော်နဲ့ ရေဦးမြို့ကနေ
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 43 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ အင်အား (၁၈၀)ခန့်ပါတဲ့ ပခုက္ကူတပ်မ(၁၀၁)က စခစစ်ကြောင်းတွေ တွင်းမပျူရွာနဲ့