နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်း ညောင်ပင်ကြီးအုပ်စုရပ်ကွက်များအား စစ်ကောင်စီတပ်မှ ယနေ့တိုင်မီးရှို့နေ


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်ပင်ကြီးရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး ပြန်လည်ဆုတ်ခွာချိန်ကစပြီး စစ်ကောင်စီတပ်များက ညောင်ပင်ကြီးအုပ်စု ရပ်ကွက်များအား ရက်သတ္တပတ်ကြာ ယနေ့ ဇွန်လ ၁၇ ရက်နေ့ထိ မီးရှို့ဖျက်ဆီးမှုများရှိတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်များရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ပင်ကြီးအုပ်စုရပ်ကွက်ရှိ အရပ်သားနေအိမ် စုစုပေါင်း ၄၀၀ ကျော် ပျက်စီးဆုံးရှုံးနေပြီဖြစ်ကာ မီးရှို့ဖျက်ဆီးခံရတဲ့ ရပ်ကွက်များသည် ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ နှင်းတောနဲ့ ညောင်ပင်ကြီးအစုရွာတို့ဖြစ်ပါတယ်။


“ အဒေါ်တို့စစ်ဘေးရှောင်ရတာ တစ်ပတ်ကျော်ပြီ အခုထိတော့မီးရှို့နေသေးတယ်၊ အဒေါ်တို့ဆိုင်က ပေလမ်းဘေးမှာရှိတယ်။ ဆိုင်လေးကဖုန်းဆိုင်လေးဆိုတော့ ပါဝါဘန့်တို့ second ဖုန်းလေးတို့တင်ထားတာပေါ့ ပြေးတော့အဲ့တာတွေယူချိန်မရှိဘူး၊ အခုအဒေါ်တို့ဆိုင်ကို စစ်ခွေးတွေက ဖောက်ပြီးတော့ ပစ္စည်းတွေကို လမ်းမပေါ်မှာ အကုန်ချထားပြီးတော့ ရွာသားတွေ လိုချင်တာလာယူကြဆိုပြီးမျှားတယ်၊ ဘယ်သူမှတော့မသွားကြပါဘူး။ သွားရင်လည်း စစ်ခွေးတွေကပစ်မှာလေ၊ အိမ်လည်းကုန်ပါပြီ၊ အခွံဘဲကျန်တယ်၊ အဒေါ်တို့မှာ ဘာမှမရှိတော့ပါဘူး၊ သူတို့ဖျက်စီးလို့ကုန်ပါပြီ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။


ညောင်ပင်ကြီးနေပြည်သူများအနေနဲ့ စစ်ကောင်စီတပ်များက ယနေ့ထိတိုင် နေအိမ်များကို မီးရှို့ဖျက်စီးပြီး လမ်းကြောင်းများအား ပိတ်ဆို့တားဆီးကာ ဖမ်းစီးမှုများရှိတာကြောင့် မိမိတို့ရပ်ရွာကို ပြန်လည်ကပ်ခွင့်မရကြသေးဘူးလို့ သိရပါတယ်။


လက်သမားပညာတတ်သောပြည်သူများအားလည်း စစ်ကောင်စီတပ်မှဝမ်ပေါင်လမ်းစုံတွင်စောင့်၍ ပေါ်တာများဆွဲလျက်ရှိပြီး ညောင်ပင်ကြီးစခန်း အခိုင်အမာပြန်လည်တည်ဆောက်ရေးတွင် ပြည်သူများအား ကတုတ်ကျင်းတူးခိုင်းချင်း အုတ်သယ်ချင်းများ စေခိုင်းနေကြောင်း ဒေသခံများက ဆိုပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တိုက်ပွဲများ ယခင်ထက် ပိုမိုပြင်ထန်လာနေပြီး စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများလည်း တစ်နေ့တစ်ခြား ပိုမိုများပျားလာနေတာလည်းဖြစ်ပါတယ်။


(ပုံစာ – ယနေ့ ဇွန်လ ၁၇ရက်နေ့ နံနက်ပိုင်းက ညောင်ပင်ကြီး ငွေဇင်ယော်ကူးတို့ဆိပ်အား စစ်ကောင်စီတပ်များက မီးရှိုဖျက်ဆီးမှုအားတွေ့ရစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 52 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 56 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 47 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 28 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 24 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 51 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 50 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 47 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့