နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်း ညောင်ပင်ကြီးအုပ်စုရပ်ကွက်များအား စစ်ကောင်စီတပ်မှ ယနေ့တိုင်မီးရှို့နေ


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်ပင်ကြီးရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး ပြန်လည်ဆုတ်ခွာချိန်ကစပြီး စစ်ကောင်စီတပ်များက ညောင်ပင်ကြီးအုပ်စု ရပ်ကွက်များအား ရက်သတ္တပတ်ကြာ ယနေ့ ဇွန်လ ၁၇ ရက်နေ့ထိ မီးရှို့ဖျက်ဆီးမှုများရှိတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်များရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ပင်ကြီးအုပ်စုရပ်ကွက်ရှိ အရပ်သားနေအိမ် စုစုပေါင်း ၄၀၀ ကျော် ပျက်စီးဆုံးရှုံးနေပြီဖြစ်ကာ မီးရှို့ဖျက်ဆီးခံရတဲ့ ရပ်ကွက်များသည် ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ နှင်းတောနဲ့ ညောင်ပင်ကြီးအစုရွာတို့ဖြစ်ပါတယ်။


“အဒေါ်တို့စစ်ဘေးရှောင်ရတာ တစ်ပတ်ကျော်ပြီ အခုထိတော့မီးရှို့နေသေးတယ်၊ အဒေါ်တို့ဆိုင်က ပေလမ်းဘေးမှာရှိတယ်။ ဆိုင်လေးကဖုန်းဆိုင်လေးဆိုတော့ ပါဝါဘန့်တို့ second ဖုန်းလေးတို့တင်ထားတာပေါ့ ပြေးတော့အဲ့တာတွေယူချိန်မရှိဘူး၊ အခုအဒေါ်တို့ဆိုင်ကို စစ်ခွေးတွေက ဖောက်ပြီးတော့ ပစ္စည်းတွေကို လမ်းမပေါ်မှာ အကုန်ချထားပြီးတော့ ရွာသားတွေ လိုချင်တာလာယူကြဆိုပြီးမျှားတယ်၊ ဘယ်သူမှတော့မသွားကြပါဘူး။ သွားရင်လည်း စစ်ခွေးတွေကပစ်မှာလေ၊ အိမ်လည်းကုန်ပါပြီ၊ အခွံဘဲကျန်တယ်၊ အဒေါ်တို့မှာ ဘာမှမရှိတော့ပါဘူး၊ သူတို့ဖျက်စီးလို့ကုန်ပါပြီ”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။


ညောင်ပင်ကြီးနေပြည်သူများအနေနဲ့ စစ်ကောင်စီတပ်များက ယနေ့ထိတိုင် နေအိမ်များကို မီးရှို့ဖျက်စီးပြီး လမ်းကြောင်းများအား ပိတ်ဆို့တားဆီးကာ ဖမ်းစီးမှုများရှိတာကြောင့် မိမိတို့ရပ်ရွာကို ပြန်လည်ကပ်ခွင့်မရကြသေးဘူးလို့ သိရပါတယ်။


လက်သမားပညာတတ်သောပြည်သူများအားလည်း စစ်ကောင်စီတပ်မှဝမ်ပေါင်လမ်းစုံတွင်စောင့်၍ ပေါ်တာများဆွဲလျက်ရှိပြီး ညောင်ပင်ကြီးစခန်း အခိုင်အမာပြန်လည်တည်ဆောက်ရေးတွင် ပြည်သူများအား ကတုတ်ကျင်းတူးခိုင်းချင်း အုတ်သယ်ချင်းများ စေခိုင်းနေကြောင်း ဒေသခံများက ဆိုပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တိုက်ပွဲများ ယခင်ထက် ပိုမိုပြင်ထန်လာနေပြီး စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများလည်း တစ်နေ့တစ်ခြား ပိုမိုများပျားလာနေတာလည်းဖြစ်ပါတယ်။


(ပုံစာ – ယနေ့ ဇွန်လ ၁၇ရက်နေ့ နံနက်ပိုင်းက ညောင်ပင်ကြီး ငွေဇင်ယော်ကူးတို့ဆိပ်အား စစ်ကောင်စီတပ်များက မီးရှိုဖျက်ဆီးမှုအားတွေ့ရစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 29 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 38 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး