ယနေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကလည်း ပန်းသပိတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ယနေ့ ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၇၈နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)အဖွဲ့ဝင်များကလည်း ပန်းသပိတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြတာပါ။
ယနေ့ရောက်ရှိသော အမေဒေါ်အောင်ဆန်းစုကြည် ၇၈နှစ်မွေးနေ့မှသည် လွတ်လပ်ပျော်ရွှင်ပါစေ အမေဟု ဆုတောင်းထားကာ FGWM အဖွဲ့ဝင်များဖြစ်ကြတဲ့ ယုံကြည်ခြင်းနဲ့ ကြိုးစားနေကြသော အမျိုးသမီးငယ်များက ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
Era’sEye/Photo/CRD