နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရှိနိုင်ဟု NLD ပြေ

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကိုဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာတာပါ။

ယနေ့ထက်တိုင် ပြည်သူတစ်ရပ်လုံးရဲ့ ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှုတို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို အနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအရေးပြဿနာများကို ဖြေရှင်းရာမှာ ခြွင်းချန်ထား၍မရသော၊ အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ ဆိုထားပါတယ်။

ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံများနဲ့အတူ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုများ အားလုံးနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းချိန်မှစတင်ပြီး ၁၅နှစ်ကျော်ကာလ အကျဉ်းချခံခဲ့ရပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်တပ်မှ အာဏာသိမ်းမှုစတင်ကျူးလွန်သည်နှင့် တပြိုင်နက် ဖမ်းဆီးအကျဉ်းချခံထားရသည်မှာ ယနေ့အချိန်အထိ ၂နှစ်ကျော်ရှိပြီလည်းဖြစ်ပါတယ်။

ယနေ့ကျရောက်သော NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့မှာ လွတ်မြောက်ရေးအတွက် ဆုတောင်းမေတ္တာပို့သပေးသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ပြည်တွင်းမှာ မွေးနေ့အမှတ်တရ ဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့
မြန်မာသတင်း

ဆောမြိုနယ်ထဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ်
မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊
မြန်မာသတင်း

ရွှေဈေးကစားတယ်ဆိုပြီး ရန်ကုန်ရွှေရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌအပါအဝင် (၃)ဦးကို စစ်ကော်မရှင်ဖမ်းဆီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၆)ရက်။ ပြည်တွင်းရွှေဈေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတိုကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ (၃)ဦးဟာ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊
မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 70 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီအား ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော အစားထိုးအစိုးရအဖြစ် ဖွဲ့စည်းခဲ့သော်လည်း
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 53 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ (၅)နာရီ (၄၀)မိနစ်လောက်မှာ မြောက်ဆည်ရွာအရှေ့ထိပ်ကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ပေါင်(၂၀၀)ဗုံးကော၊
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 43 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့