နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရှိနိုင်ဟု NLD ပြေ

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကိုဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာတာပါ။

ယနေ့ထက်တိုင် ပြည်သူတစ်ရပ်လုံးရဲ့ ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှုတို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို အနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအရေးပြဿနာများကို ဖြေရှင်းရာမှာ ခြွင်းချန်ထား၍မရသော၊ အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ ဆိုထားပါတယ်။

ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံများနဲ့အတူ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုများ အားလုံးနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းချိန်မှစတင်ပြီး ၁၅နှစ်ကျော်ကာလ အကျဉ်းချခံခဲ့ရပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်တပ်မှ အာဏာသိမ်းမှုစတင်ကျူးလွန်သည်နှင့် တပြိုင်နက် ဖမ်းဆီးအကျဉ်းချခံထားရသည်မှာ ယနေ့အချိန်အထိ ၂နှစ်ကျော်ရှိပြီလည်းဖြစ်ပါတယ်။

ယနေ့ကျရောက်သော NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့မှာ လွတ်မြောက်ရေးအတွက် ဆုတောင်းမေတ္တာပို့သပေးသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ပြည်တွင်းမှာ မွေးနေ့အမှတ်တရ ဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တီးတိန်မြိုတိုက်ပွဲမှာ PDF Zoland နဲ့ CNDF တပ်ဖွဲ့ဝင် စုစုပေါင်း ၅ ဦးကျဆုံး

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 4 Views
++++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (၅) ဦး ကျဆုံးခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း (PDF
မြန်မာသတင်း

ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးအကြား လူမျိုးရေး၊ စစ်ရေးပဋိပက္ခများ ဖြစ်မလာဖို့ AA အနေနဲ့ ချင်းပြည်နယ်မှာ စစ်ရေးဖော်ဆောင်တာကို ရှောင်ရှားဖို့ ချင်းပြည်ကောင်စီ (Chinland Council) ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 5 Views
ဇွန်လ (၁၃) ရက်။ ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးအကြားမှာ မလိုလားအပ်တဲ့ လူမျိုးရေးနဲ့ စစ်ရေး ပဋိပက္ခများ ဖြစ်မလာဖို့ ULA/AA အနေနဲ့
မြန်မာသတင်း

တီးတိန်မြိုတိုက်ပွဲမှာ PDF Zoland နဲ့ CNDF တပ်ဖွဲ့ဝင် စုစုပေါင်း ၅ ဦး ကျဆုံး

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 33 Views
ဇွန်လ (၁၃) ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (၅) ဦး ကျဆုံးခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း (PDF Zoland) က ဒီနေ့ ဇွန်လ (၁၃) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တီးတိန်မြိုမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ
1027 Operations မြန်မာသတင်း

ရှမ်းမြောက် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များအကြား စစ်ရေးတင်းမာမှု အမြင့်ဆုံး အ‌ခြေအနေ ရောက်ရှိနေ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 4 Views
ဇွန်လ (၁၃) ရက်။ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တို့အကြား စစ်ရေးတင်းမာမှု အမြင့်ဆုံး အ‌ခြေအနေ ရောက်ရှိနေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ “
တရုတ် မြန်မာသတင်း အရှေ့တောင်အာရှ

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဥ် (၆) စီး ထောက်ပံ့

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 4 Views
++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ကူညီထောက်ပံ့တဲ့အနေနဲ့ ကင်းလှည့်ရေယာဥ် (၆) စီးကို ဇွန် ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ကင်းလှည့်ရေယာဥ် (၆)
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်ပြည်နယ် ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို AA အရှိန်မြှင့် ထိုးစစ်ဆင်နေ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 6 Views
ဇွန်လ (၁၃) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် (AA) က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။ တောဟိန်းတောင်ဗျူဟာကုန်း၊ ရှောက်ခြုံကျေးရွာအနီးရှိ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA)
မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ် (၁) သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိဟု ထိုင်းသတင်းတွေမှာ ဖော်ပြ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 5 Views
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်မှာ ဇွန်လ (၁၁) ရက်နေ့ ညနေက ဘတ်တစ်သန်းခန့် တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းတွေအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့
မြန်မာသတင်း

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 32 Views
ဇွန်လ (၁၃) ရက်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်မှာ ဇွန်လ (၁၁) ရက်နေ့ ညနေက ဘတ်တစ်သန်းခန့် တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းတွေအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ