ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ အောင်မြေသာစံ အမှတ်၄ ရဲစခန်းကို ယမန်နေ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship-NMDအဖွဲ့ကဆိုပါတယ်။
အစစ်အဆေးတွေ၊ ကင်းပုန်းတွေအထပ်ထပ်ချထားတဲ့ကြားက မနေ့ည၈နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းလုံခြုံတယ်လို့ NMDအဖွဲ့တာဝန်ခံကဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရဲသေဆုံးမှုရှိနိုင်ပြီး လူနာတင်ယာဉ်သွားလာမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။